Author: bawdiwiki

  • ကိုယ်စောင့်နတ် (၁၂) ပါး

    ၁။ သတ္တပါလ – ဖူးစာရေးနတ် ၂။ ဝါမေသူရ – စည်းစိမ်စောင့်နတ် ၃။ ဇလသညာ – အလှူဒါနကို စောင့်သည့်နတ်

  • နိဗ္ဗာန်လမ်းစဥ်

    သီလစင်ကြယ်လျှင် စိတ်စင်ကြယ်မည်။

  • ဒုက္ခပ္ပတ္တာ ​မေတ္တာပို့ ဂါထာ 

    ဒုက္ခပ္ပတ္တာ ​မေတ္တာပို့ ဂါထာ

  • သတိပဋ္ဌာန် ဝိပဿနာအကျိုး (၇)မျိုး

    ၁။ စိတ်ညစ်ကြေးတွေ ကင်းစင်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၂။ စိုးရိမ်မှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၃။ ငိုကြွေးမှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၄။ ကိုယ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၅။ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၆။ အရိယာမဂ်တွေ ရလိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၇။ နိဗ္ဗာန်မသွေ ရောက်လိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။  သတိပဋ္ဌာန်(၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် . .  ဤပြဆိုပြီးသော အကျိုး(၇)မျိုးကို မုချမသွေ ရရှိကြမည် ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။  (သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး) 

  • မေတ္တာပို့

    ဓမ္မောသဓံ ပိဝိတွာန၊ဝိသာသဗ္ဗေ သမူဟတော၊အဇရာမရံ သီတိတာဝံ၊နိဗ္ဗာနံ ယန္တု သာဓဝေါ။ အနက် – ဓမ္မောသဓံ – လောဘ၊ ဒေါသ၊ မောဟ ဆိပ်တောက် ကင်းပျောက် ကြည်အေး တရားဆေးကို၊ပိဝိတွာန – ဝမ်းသာရွှင်ပျ သောက်ကြရ၊ နာကြရကုန်သောကြောင့်၊ဝိသာသဗ္ဗေ – ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊သမူဟတော – ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ဟောန္တု – စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း၊အဇရာမရံ – အိုခြင်းလည်းကွာ နာခြသ်းလည်းကင်း သေခြင်းလည်း ရှင်းထသော၊သီတိတာဝံ – ကိလေသာဟု အပူခပ်သိမ်း ကင်းငြိမ်းရာအစစ် ဖြစ်ပေထသော၊နိဗ္ဗာနံ – နိဗ္ဗာန်ဟုခေါ်သော အေးမြို့တော်သို့၊သာဓဝေါ – တရားချစ်ခင် စိတ်ကောင်းဝင်ငြား သူတော်စင် အများတို့သည်၊ယန္တု – ပါရမီ…

  • ဝန္ဒနာပဏာမ အာသီသ ဘုရားရှိခိုး

    ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ကာလံ ကရောန္တော အတိဒုက္ကရာနိ၊ခေဒံ ဂတော လောကဟိတာယ နာထော၊နမော မဟာကရုဏိကဿ တဿ။ အနက် – • ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား၊ အကြင်ရှင်တော်မြတ်ဘုရားသည်၊• ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊• အပ္ပမေယျံ – ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊• ကာလံ – လေးသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊• လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊• အတိဒုက္ကရာနိ – ဥစ္စာ၊ အသက်၊ ခြေ၊ လက်၊ အင်္ဂါ မေတ္တာကြီးမား သမီး၊ သားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု…

  • ဉာဏ်စဥ် ၁၆ ပါး

    • နာမရူပ ပရိစ္စေဒဉာဏ် – နာမ်နှင့် ရုပ်ကို သိသောဉာဏ်၊• ပစ္စယပရိဂ္ဂယဉာဏ် – အကြောင်းကို ရှုသောဉာဏ်• သမ္မသနဉာဏ် – သုံးသပ်ဆင်ခြင်သောဉာဏ်• ဥဒယဗ္ဗယဉာဏ် – အဖြစ်၊ အပျက် ရှုသောဉာဏ်၊• ဘင်္ဂါနုပဿနာဉာဏ် – အပျက်ကို ရှုသောဉာဏ်၊• ဘယသုပဌာနဉာဏ် – ကြောက်ဖွယ်ဘေးဟု ရှုသောဉာဏ်• အဒိနဝါနုပဿနဉာဏ် – အပ်ဖြစ်သောဉာဏ်• နိမ္မိဒါနုပဿနာဉာဏ် – ငြီးငွေ့သောဉာဏ်• မုဉ္စိတုကဗျာဏဉာဏ် – လွတ်မြောက်ချင်သောဉာဏ်• ပဋိသင်္ခါနုပဿနာဉာဏ် – လက္ခဏာကို ပြန်ရှုသောဉာဏ်• သင်္ခါရုပေက္ခာဉာဏ် – သင်္ခါရကို ဥပက္ခာရှုသောဉာဏ်• အနုလောမဉာဏ် – ရှေ့နောက် သင့်လျော်သောဉာဏ်• ဂေါတြဘူဉာဏ် – လောကီနယ်မှ နိဗ္ဗာန်ကို အာရုံပြုသောဉာဏ်• မဂ်ဉာဏ် —…

  • ဘုရားလောင်းဗျာဒိတ်ခံယူမည့်ဘဝ ပြည့်စုံရမည့် အင်္ဂါရှစ်ပါး

    • လူသားစင်စစ်ဖြစ်ခြင်း၊• ယောက်ျားစင်စစ်ဖြစ်ရခြင်း၊• ဆုတောင်းသော ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရရှိနိုင်သော အကြောင်းကံပါရှိခြင်း၊• သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ရခြင်း၊• ရသေ့၊ ရဟန်းဘဝဖြင့် ရှိနေရခြင်း၊• ဈာန်၊ အဘိဉာဏ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံရခြင်း၊• မြတ်စွာဘုရားအား လွန်ကဲသော ကောင်းမှုဖြင့် ပူဇော်ခြင်း၊• ဆန္ဒကြီးမားခြင်း တို့ဖြစ်ကြသည်။ ဂေါတမဘုရားရှင်သည်ရသေ့ဘဝ – ၅ ဘဝ၊ရဟန်းဘဝ – ၉ ဘဝ၊လူဘဝ – ၅ ဘဝ၊နဂါးဘဝ – ၂ ဘဝ၊သိကြားမင်းဘဝ – ၁ ဘဝ၊ဘီလူးဘဝ – ၁ ဘဝ၊ခြင်္သေ့ဘဝ – ၁ ဘဝ တို့တွင် ဘုရား ၂၄ ဆူတို့ထံတွင် ဗျာဓိတ်ခံယူခဲ့ကြသည်။

  • မေတ္တာပွားများမည့်သူ၏ ဖြည့်ဆည်းရမည့် အချက်များ

    • သီလ၊ သမာဓိ၊ မေတ္တာ ကမ္မဋ္ဌာန်း စသော ကောင်းမြတ်သော အကျင့်များကို ကျင့်ကြံအားထုတ်နိုင်ခြင်း၊• မိမိတွင် မရှိသောဂုဏ်ကို ရှိဟန်မဆောင်ပဲ ကိုယ်နှုတ်နှစ်ပါးလုံး ဖြောင့်မတ်ရိုးသားသော အကျင့်တရား၊• မိမိ၏ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်မရှိဟန်ဆောင်ခြင်းမပြု၊ ဖြောင့်မတ် မှန်ကန်ခြင်း၊• ဆိုဆုံးမ လွယ်ခြင်း၊• ကောင်းမြတ်သော အရာတို့၌ နူးညံ့သိမ်မွေ့ခြင်း၊• မာန်မာန မထောင်လွှားခြင်း၊• ရောင့်ရဲတင်းတိမ်ခြင်း၊• တပါးသောသူကို ပြုစုကျွေးမွေးရန် လွယ်ကူခြင်း၊• အပိုအလုပ်၊ အပိုကိစ္စနည်းသူဖြစ်ခြင်း၊• ပေါ့ပါးလွယ်ကူစွာ အသက်မွေးခြင်း၊• ဣန္ဒြေခြောက်ပါး၌ တည်ငြိမ်စောင့်ထိန်းခြင်း၊• အပြစ်ကင်းသော အရာ၌ ကျွမ်းကျင်လိမ္မာခြင်း၊• ကိုယ်၊ နှုတ်၊ နှလုံး သုံးပါ၌ ကြမ်းတမ်းမှု မရှိခြင်း၊• တွယ်တာ စွဲလမ်းမှု မရှိခြင်း၊• ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့သော အမှုကိစ္စတို့ကို မပြုခြင်း။

  • ရဟန်းများအတွက် သင်္ကန်း ကိုးထည်

    • သင်းပိုင် သင်္ကန်း• ဧကသီ သင်္ကန်း• ဒုကုဋ် နှစ်ထပ် သင်္ကန်းကြီး• မိုးရေခံ သင်္ကန်း• နိသီဒိုင်• အိပ်ယာခင်း• အနာလွှမ်း သင်္ကန်း• မျက်နှာသုတ် ပဝါ• ပရိက္ခရာစောဠ တို့ဖြစ်ကြသည်။(သင်း၊ကိုယ်၊ဒု၊အိပ်၊မျက်၊ပရိတ်၊နိသိဒ်၊မိုး၊အမာ)