ဉာဏ်စဥ် ၁၆ ပါး

• နာမရူပ ပရိစ္စေဒဉာဏ် – နာမ်နှင့် ရုပ်ကို သိသောဉာဏ်၊
• ပစ္စယပရိဂ္ဂယဉာဏ် – အကြောင်းကို ရှုသောဉာဏ်
• သမ္မသနဉာဏ် – သုံးသပ်ဆင်ခြင်သောဉာဏ်
• ဥဒယဗ္ဗယဉာဏ် – အဖြစ်၊ အပျက် ရှုသောဉာဏ်၊
• ဘင်္ဂါနုပဿနာဉာဏ် – အပျက်ကို ရှုသောဉာဏ်၊
• ဘယသုပဌာနဉာဏ် – ကြောက်ဖွယ်ဘေးဟု ရှုသောဉာဏ်
• အဒိနဝါနုပဿနဉာဏ် – အပ်ဖြစ်သောဉာဏ်
• နိမ္မိဒါနုပဿနာဉာဏ် – ငြီးငွေ့သောဉာဏ်
• မုဉ္စိတုကဗျာဏဉာဏ် – လွတ်မြောက်ချင်သောဉာဏ်
• ပဋိသင်္ခါနုပဿနာဉာဏ် – လက္ခဏာကို ပြန်ရှုသောဉာဏ်
• သင်္ခါရုပေက္ခာဉာဏ် – သင်္ခါရကို ဥပက္ခာရှုသောဉာဏ်
• အနုလောမဉာဏ် – ရှေ့နောက် သင့်လျော်သောဉာဏ်
• ဂေါတြဘူဉာဏ် – လောကီနယ်မှ နိဗ္ဗာန်ကို အာရုံပြုသောဉာဏ်
• မဂ်ဉာဏ် — ကိလေသာ ဖြတ်သောဉာဏ်
• ဖိုလ်ဉာဏ် – တစ်ဖန် ငြိမ်းစေသောဉာဏ်
• ပစ္စဝေက္ခဏဉာဏ် – ပြန်လည်သုံးသပ်ဆင်ခြင်သောဉာဏ် တို့ဖြစ်ကြသည်။

အဓိပ္ပါယ် အကျယ်

ဉာဏ်စဉ် ၁၆ ပါး
ကြိုတင်ဉာဏ် ၂ ပါး
ဝိပဿနာဉာဏ် ၁၀ ပါး
အရိယာဉာဏ် ၄ ပါး

ကြိုတင်ဉာဏ် ၂ ပါး

(၁) နာမရူပ ပရိစ္ဆေဒဉာဏ် (ခွဲခြား) -ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်၊
(၂) ပစ္စယ ပရိဂ္ဂဟဉာဏ် (သိမ်းဆည်း)-ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်၊

ဝိပဿနာဉာဏ် ၁၀ ပါး

(၁) သမ္မသနဉာဏ် (လက္ခဏာ) ဖြစ်ပျက်မြင်သုံးသပ်၍ရှု- ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးအား အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ သုံးပါးဖြင့် သုံးသပ်၍ရှုသောဉာဏ်။
(၂) ဥဒယဗ္ဗယဉာဏ် (ဖြစ်ပျက်) ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကိုအဖန်တလဲလဲရှုသောဉာဏ်။
(၃) ဘင်္ဂဉာဏ် (ပျက်) ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့၏ ပျက်ခြင်းကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
(၄) ဘယဉာဏ် (ကြောက်) ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးကို ကြောက်မက်ဖွယ်ဘေးကြီးဟု အဖန်တလဲလဲ ရှုသောဉာဏ်။
(၅) အာဒီနဝဉာဏ် (အပြစ်ရှာ) ဖြစ်ပျက်မုန်း- ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးတို့အား အပြစ်အားဖြင့် ရှုသောဉာဏ်။
(၆) နိဗ္ဗိဒါဉာဏ် (ငြီးငွေ့) ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့၌ ငြီးငွေ့သောအစွမ်းအားဖြင့် ရှုသောဉာဏ်။
(၇) မုစ္စိတုကမျတာဉာဏ် (လွတ်) ခန္ဓာငါးပါးတို့မှ လွတ်မြောက်ခြင်းငှါ ရှုသောဉာဏ်။
(၈) ပဋိသင်္ခါဉာဏ် (အဖန်တလဲလဲ) ခန္ဓာငါးပါးတို့အား သိမ်းဆည်းခြင်းအစွမ်းဖြင့် အဖန်တလဲလဲ ရှုသောဉာဏ်။
(၉) သင်္ခါရုပေက္ခာဉာဏ် (ဥပေက္ခာ) ခန္ဓာငါးပါးတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းနှင့် လျစ်လျူရှုသောဉာဏ်။
(၁၀) အနုလောမဉာဏ် (လျော်) – လက္ခဏာသုံးပါးကို ရှုသည်၏အဖြစ်ဖြင့် မဂ်အားလျော်စွာရသော သတိပဋ္ဌာန်စသော ဗောဓိပက္ခိယတရား (၃၇) ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်။

အရိယာဉာဏ် ၄ ပါး

(၁) ဂေါတြဘူဉာဏ် (လွှဲ) -ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေသောဉာဏ်၊
(၂) သောတပတ္တိ ‘မဂ်’ ဉာဏ် (ဆိုက်) -နိဗ္ဗာန်ကို သိမြင်သော မဂ်ဉာဏ်၊
(၃) သောတပတ္တိ ‘ဖိုလ်’ ဉာဏ် (ခံစား)- နိဗ္ဗာန်ကို ခံစားသိမြင်သော ဖိုလ်ဉာဏ်၊
(၄) ပစ္စဝေကဉာဏ် (သုံးသပ်) ရခဲ့ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သုံးသပ်သောဉာဏ်။