ဓမ္မဇရပ် စည်းကမ်းချက်များ

က။ ဓမ္မဇရပ် စာမျက်နှာတွင် မိမိတို့၏ ဓမ္မအသိများကို မျှဝေခြင်းဖြင့် သာသနာတော်၏ အလင်းရောင်ကို ကျယ်ပြန့်ထွန်းလင်းစေရန် ရည်ရွယ်ပါသည်။

ခ။ ဓမ္မအလှူသည် အမြတ်ဆုံးအလှူဟု မြတ်စွာဘုရားရှင် ဟောတော်မူခဲ့သည်။

ဂ။ ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ သန့်ရှင်းမှု၊ ကြောင်းကျိုးညီညွတ်သော ပညာရှိမှု၊ မေတ္တာတရားကြီးမားမှု၊ အေးငြိမ်းမှု ကိုယုံကြည်ရမည်။

ဃ။ တစ်ခြား တစ်ပါးသော အယူဝါဒ တစ်ခုခုကို ဝေဖန်ထိုးနှက်ခြင်း၊ လူမျိုးရေး အမုန်းပွားစေခြင်း၊ နိုင်ငံရေး၊ လာဘ်လာဘ မျှော်ကိုးမှုကို အားပေးသော အရေးအသား၊ ပုဂ္ဂလိကပိုင်းဆိုင်ရာ ဝေဖန်ခြင်း စသည်တို့ကို ထည့်သွင်းမရေးသားရပါ။

င။ ဓမ္မဇရပ် စာမျက်နှာတွင် ရေးသားထားသော ဆောင်းပါးများကို မူပိုင်ခွင့် တောင်းဆိုပိုင်ခွင့်မရှိပါ။ ဆောင်းပါး/ဆွေးနွေးမှုတွင် ပါဝင်သော မည်သည့် စာသား၊ စာပိုဒ်ကိုမဆို မည်သူမဆို လွပ်လပ်စွာ ပြန်လည် ကူးယူ၊ ဖြန့်ဝေ၊ ရိုက်နှိပ် နိုင်သည်ကို ရေးသားသူ/ဆွေးနွေးသူသည် သဘောတူပါသည်ဟု မှတ်ယူပြီး ဖြစ်သည်။

စ။ Comment/Discussion ဆွေးနွေးရာတွင် အကျိုးအကြောင်း ညီညွတ်သော ဆွေးနွေးချက်များ ဖြစ်ရပါမည်။ ဓမ္မစာပေရေးသားမျှဝေသူ၊ တစ်ခြား ဆွေးနွေးသူကို ပုဂ္ဂိုလ်ရေးဝေဖန်ခြင်း၊ ကပ်သပ်ငြင်းခုန်ခြင်း ကိုရှောင်ကြည်ရပါမည်။ အပိုဒ်(ဃ )ပါ အချက်များနှင့် ညီညွတ်ရမည်။

ဆ။ ဗေဒင်၊ ယတြာ၊ အင်း များအကြောင်း ရေးသားခြင်း၊ ဆွေးနွေးခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။