ဘုရားလောင်းဗျာဒိတ်ခံယူမည့်ဘဝ ပြည့်စုံရမည့် အင်္ဂါရှစ်ပါး

• လူသားစင်စစ်ဖြစ်ခြင်း၊
• ယောက်ျားစင်စစ်ဖြစ်ရခြင်း၊
• ဆုတောင်းသော ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရရှိနိုင်သော အကြောင်းကံပါရှိခြင်း၊
• သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ရခြင်း၊
• ရသေ့၊ ရဟန်းဘဝဖြင့် ရှိနေရခြင်း၊
• ဈာန်၊ အဘိဉာဏ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံရခြင်း၊
• မြတ်စွာဘုရားအား လွန်ကဲသော ကောင်းမှုဖြင့် ပူဇော်ခြင်း၊
• ဆန္ဒကြီးမားခြင်း တို့ဖြစ်ကြသည်။

ဂေါတမဘုရားရှင်သည်
ရသေ့ဘဝ – ၅ ဘဝ၊
ရဟန်းဘဝ – ၉ ဘဝ၊
လူဘဝ – ၅ ဘဝ၊
နဂါးဘဝ – ၂ ဘဝ၊
သိကြားမင်းဘဝ – ၁ ဘဝ၊
ဘီလူးဘဝ – ၁ ဘဝ၊
ခြင်္သေ့ဘဝ – ၁ ဘဝ တို့တွင် ဘုရား ၂၄ ဆူတို့ထံတွင် ဗျာဓိတ်ခံယူခဲ့ကြသည်။