မေတ္တာပွားများမည့်သူ၏ ဖြည့်ဆည်းရမည့် အချက်များ

• သီလ၊ သမာဓိ၊ မေတ္တာ ကမ္မဋ္ဌာန်း စသော ကောင်းမြတ်သော အကျင့်များကို ကျင့်ကြံအားထုတ်နိုင်ခြင်း၊
• မိမိတွင် မရှိသောဂုဏ်ကို ရှိဟန်မဆောင်ပဲ ကိုယ်နှုတ်နှစ်ပါးလုံး ဖြောင့်မတ်ရိုးသားသော အကျင့်တရား၊
• မိမိ၏ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်မရှိဟန်ဆောင်ခြင်းမပြု၊ ဖြောင့်မတ် မှန်ကန်ခြင်း၊
• ဆိုဆုံးမ လွယ်ခြင်း၊
• ကောင်းမြတ်သော အရာတို့၌ နူးညံ့သိမ်မွေ့ခြင်း၊
• မာန်မာန မထောင်လွှားခြင်း၊
• ရောင့်ရဲတင်းတိမ်ခြင်း၊
• တပါးသောသူကို ပြုစုကျွေးမွေးရန် လွယ်ကူခြင်း၊
• အပိုအလုပ်၊ အပိုကိစ္စနည်းသူဖြစ်ခြင်း၊
• ပေါ့ပါးလွယ်ကူစွာ အသက်မွေးခြင်း၊
• ဣန္ဒြေခြောက်ပါး၌ တည်ငြိမ်စောင့်ထိန်းခြင်း၊
• အပြစ်ကင်းသော အရာ၌ ကျွမ်းကျင်လိမ္မာခြင်း၊
• ကိုယ်၊ နှုတ်၊ နှလုံး သုံးပါ၌ ကြမ်းတမ်းမှု မရှိခြင်း၊
• တွယ်တာ စွဲလမ်းမှု မရှိခြင်း၊
• ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့သော အမှုကိစ္စတို့ကို မပြုခြင်း။