Category: Part07

  • မေတ္တာပွားများမည့်သူ၏ ဖြည့်ဆည်းရမည့် အချက်များ

    • သီလ၊ သမာဓိ၊ မေတ္တာ ကမ္မဋ္ဌာန်း စသော ကောင်းမြတ်သော အကျင့်များကို ကျင့်ကြံအားထုတ်နိုင်ခြင်း၊• မိမိတွင် မရှိသောဂုဏ်ကို ရှိဟန်မဆောင်ပဲ ကိုယ်နှုတ်နှစ်ပါးလုံး ဖြောင့်မတ်ရိုးသားသော အကျင့်တရား၊• မိမိ၏ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်မရှိဟန်ဆောင်ခြင်းမပြု၊ ဖြောင့်မတ် မှန်ကန်ခြင်း၊• ဆိုဆုံးမ လွယ်ခြင်း၊• ကောင်းမြတ်သော အရာတို့၌ နူးညံ့သိမ်မွေ့ခြင်း၊• မာန်မာန မထောင်လွှားခြင်း၊• ရောင့်ရဲတင်းတိမ်ခြင်း၊• တပါးသောသူကို ပြုစုကျွေးမွေးရန် လွယ်ကူခြင်း၊• အပိုအလုပ်၊ အပိုကိစ္စနည်းသူဖြစ်ခြင်း၊• ပေါ့ပါးလွယ်ကူစွာ အသက်မွေးခြင်း၊• ဣန္ဒြေခြောက်ပါး၌ တည်ငြိမ်စောင့်ထိန်းခြင်း၊• အပြစ်ကင်းသော အရာ၌ ကျွမ်းကျင်လိမ္မာခြင်း၊• ကိုယ်၊ နှုတ်၊ နှလုံး သုံးပါ၌ ကြမ်းတမ်းမှု မရှိခြင်း၊• တွယ်တာ စွဲလမ်းမှု မရှိခြင်း၊• ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့သော အမှုကိစ္စတို့ကို မပြုခြင်း။

  • ရဟန်းများအတွက် သင်္ကန်း ကိုးထည်

    • သင်းပိုင် သင်္ကန်း• ဧကသီ သင်္ကန်း• ဒုကုဋ် နှစ်ထပ် သင်္ကန်းကြီး• မိုးရေခံ သင်္ကန်း• နိသီဒိုင်• အိပ်ယာခင်း• အနာလွှမ်း သင်္ကန်း• မျက်နှာသုတ် ပဝါ• ပရိက္ခရာစောဠ တို့ဖြစ်ကြသည်။(သင်း၊ကိုယ်၊ဒု၊အိပ်၊မျက်၊ပရိတ်၊နိသိဒ်၊မိုး၊အမာ)

  • အသက်မရှူသူ ၇ ဦး

    • ရေနစ်နေသောသူ• ပဋိသန္ဓေနေသောသူ• သေသောသူ• မေ့မျောနေသောသူ• စတုတ္ထဈာန် ဝင်စားနေသောသူ• ဖလသမာပတ် ဝင်စားနေသူ• ဗြဟ္မာ

  • ဥုံ နှင့် သြောင်း အကြောင်းသိကောင်းစရာ

    ဥုံ-ဆိုသည်မှာ ပြီးစီးအောင်မြင်ခြင်းပါ ဘာကိုပြီးစီးအောင်တာလည်းမေး စရာရှိပါတယ် ဂါထာတစ်ပုဒ်ရဲ့ ရှေ့ကနေပြီးဦးဆောင်ရတယ် နောက်က ဂါထာက ဘာကိုရည်ညွှန်းထားပါသလည်း ဥပမာ-တဦး က တဦးကို ချစ်စေလိုရင် ချစ်ချင်မေတ္တာ ဖြစ်တဲ့ ပီယဂါထာ ဥုံ ပီယ ဝါစေ ပီယေမမ ပေါ့ မမ-ကျွန်ုပ်၏ ပီယဝါစေ-ချစ်ခင်နှင့်သက်ဖွယ်ဆိုသောစကားကို  ပီယေဟိ-နှင့်သက်ကြပါစေကုန်တည်း ဥုံ-အဆုံးတိုင်အောင်ပြီးစီအောင်မြင်ပါ၏ ဤကဲသို့ဆိုလိုပါတယ်ဗျာ  သြောင်း-ဆိုသည်မှာ ဖိတ်ကြားခြင်း စေလွှတ်ခြင်းပါ ဥပမာ-ပီဂါထာ ရဲ့နောက်က ထည့်ရတယ် ဘာလိုထည့်သလည်းမေစရာရှိပါတယ်   ဥုံ ပီယဝါစေ ပီယေ မမ သြောင် မမ-ကျွန်ုပ်၏ ပီယဝါစေ-ချစ်ခင်နှင့်သက်ဖွယ်ဆိုသော စကားကို ပီယေဟိ-ချစ်ခင်နှင့်သက်ကြအောင်  သြောင်း-ခေါ်ဆိုပါ၏ ဥုံ -အပြီးတိုင်ရောက်ပါ၏။

  • လောကသာရပျို့

    ၁။ ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြဝါဒဖြင့်၊ ဆုံးမပီးလီ၊ နား၀င့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။ ၂။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။ ၃။ သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးသျှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မဝံ့၊ စောင်းမာန်ညံ့ ၍၊ ကြောက်ရွံ့ရိုသေ၊ သီးခံထွေဖြင့်၊ ကောင်းနီနှလုံး ယဉ်စီမင်း။ ၄။ ဆန္ဒာဒေါသာ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျှက်၊ နတ်ပြည်လူ့ရွာ၊…

  • ပဥ္စ ငါးပါး

    ပဥ္စငါးပါးဟူသည်ကား ‌ဆေး‌ဖော်စပ်ရာ၌သုံး‌သောစကားဖြစ်၏။ ၁-အပင်ရှိ အမြစ်အားလုံး။ ၂-အပင်ရှိ ပင်စည် အရိုးအားလုံး။ ၃-အပင်ရှိ အရွက်အားလုံး။ ၄-အပင်ရှိ အပွင့်အားလုံး။ ၅-အပင်ရှိ အသီးအားလုံး။ ထိုငါးပါး‌ပေါင်းစု၍‌ဆေး‌ဖေါ်စပ်ခြင်းကို ပဉ္စငါးပါးဟု‌ခေါ်သည်။

  • ပသာဒရုပ် ငါးပါး

    ၁ – စက္ခုပသာဒ=မျက်စိအကြည်ဓာတ်။ ၂ – ‌သောတပသာဒ=နားအကြည်ဓာတ်။ ၃ – ဃာနပသာဒ=နှာ‌ခေါင်းအကြည်ဓာတ်။ ၄ – ဇိဝှါပသာဒ=လျှာအကြည်ဓာတ်။ ၅ – ကာယပသာဒ=ကိုယ်အကြည်ဓာတ်။

  • ပဥ္စာနန္တရိယကံ ငါးပါး

    ၁ – ဗုဒ္ဓ‌လောဟိတုပ္ပါဒက=ဘုရားရှင်ကို ‌သွေးစိမ်းထွက်‌အောင်လုပ်မှု ၂ – သံဃ‌ဘေဒက=သံဃာကိုသင်းခွဲခြင်း။ ၃ – အရဟန္တဃာတက=ရဟန္တာကိုသတ်ခြင်း။ ၄ – မာတုဃာတက=အမိကိုသတ်ခြင်း။ ၅ – ပိတုဃာတက=အဖကိုသတ်ခြင်း။ အမိနှင့်အဖကိုတစ်‌ပေါင်းတည်းထား၍ ဘိက္ခုနီမကို ‌မေထုန်ကျင့်ခြင်းဟု မူကွဲရှိ၏။ (ပဥ္စက အင်္ဂုတ္တိုရ်)

  • ပဥ္စဝဂ္ဂီငါးပါး

    ‌ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ။

  • နာမ် ရုပ် ခန္ဓာ၌ သံ‌ဝေဂယူရန်ငါးပါး

    ၁ – မ‌သေခင်လှ ‌သေလျှင်ပွ ဆိုးစွ နာမ်ရုပ်ပါတကား။ ၂ – မ‌သေခင်‌ကောင်း ‌သေလျှင်‌ဖောင်း မ‌ကောင်းနာမ်ရုပ်ပါတကား။ ၃ – မ‌သေခင်ဟန် ‌သေလျှင်နံ ‌ဖောက်ပြန်နာမ်ရုပ်ပါတကား။ ၄ – မ‌သေခင်ဟုတ် ‌သေလျှင်ပုပ် စက်ဆုပ် နာမ်ရုပ်ပါတကား။ ၅ – မ‌သေခင်ချစ် ‌သေလျှင်ပစ် ဆိုးညစ် နာမ်ရုပ်ပါတကား။