Category: Part14

  • ကိုယ်စောင့်နတ် (၁၂) ပါး

    ၁။ သတ္တပါလ – ဖူးစာရေးနတ် ၂။ ဝါမေသူရ – စည်းစိမ်စောင့်နတ် ၃။ ဇလသညာ – အလှူဒါနကို စောင့်သည့်နတ်

  • နိဗ္ဗာန်လမ်းစဥ်

    သီလစင်ကြယ်လျှင် စိတ်စင်ကြယ်မည်။

  • ဉာဏ်စဥ် ၁၆ ပါး

    • နာမရူပ ပရိစ္စေဒဉာဏ် – နာမ်နှင့် ရုပ်ကို သိသောဉာဏ်၊• ပစ္စယပရိဂ္ဂယဉာဏ် – အကြောင်းကို ရှုသောဉာဏ်• သမ္မသနဉာဏ် – သုံးသပ်ဆင်ခြင်သောဉာဏ်• ဥဒယဗ္ဗယဉာဏ် – အဖြစ်၊ အပျက် ရှုသောဉာဏ်၊• ဘင်္ဂါနုပဿနာဉာဏ် – အပျက်ကို ရှုသောဉာဏ်၊• ဘယသုပဌာနဉာဏ် – ကြောက်ဖွယ်ဘေးဟု ရှုသောဉာဏ်• အဒိနဝါနုပဿနဉာဏ် – အပ်ဖြစ်သောဉာဏ်• နိမ္မိဒါနုပဿနာဉာဏ် – ငြီးငွေ့သောဉာဏ်• မုဉ္စိတုကဗျာဏဉာဏ် – လွတ်မြောက်ချင်သောဉာဏ်• ပဋိသင်္ခါနုပဿနာဉာဏ် – လက္ခဏာကို ပြန်ရှုသောဉာဏ်• သင်္ခါရုပေက္ခာဉာဏ် – သင်္ခါရကို ဥပက္ခာရှုသောဉာဏ်• အနုလောမဉာဏ် – ရှေ့နောက် သင့်လျော်သောဉာဏ်• ဂေါတြဘူဉာဏ် – လောကီနယ်မှ နိဗ္ဗာန်ကို အာရုံပြုသောဉာဏ်• မဂ်ဉာဏ် —…

  • ဘုရားလောင်းဗျာဒိတ်ခံယူမည့်ဘဝ ပြည့်စုံရမည့် အင်္ဂါရှစ်ပါး

    • လူသားစင်စစ်ဖြစ်ခြင်း၊• ယောက်ျားစင်စစ်ဖြစ်ရခြင်း၊• ဆုတောင်းသော ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရရှိနိုင်သော အကြောင်းကံပါရှိခြင်း၊• သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ရခြင်း၊• ရသေ့၊ ရဟန်းဘဝဖြင့် ရှိနေရခြင်း၊• ဈာန်၊ အဘိဉာဏ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံရခြင်း၊• မြတ်စွာဘုရားအား လွန်ကဲသော ကောင်းမှုဖြင့် ပူဇော်ခြင်း၊• ဆန္ဒကြီးမားခြင်း တို့ဖြစ်ကြသည်။ ဂေါတမဘုရားရှင်သည်ရသေ့ဘဝ – ၅ ဘဝ၊ရဟန်းဘဝ – ၉ ဘဝ၊လူဘဝ – ၅ ဘဝ၊နဂါးဘဝ – ၂ ဘဝ၊သိကြားမင်းဘဝ – ၁ ဘဝ၊ဘီလူးဘဝ – ၁ ဘဝ၊ခြင်္သေ့ဘဝ – ၁ ဘဝ တို့တွင် ဘုရား ၂၄ ဆူတို့ထံတွင် ဗျာဓိတ်ခံယူခဲ့ကြသည်။

  • ဗျာဒိပ်တော်ခံ ဘုရားဆုပန်စဥ် ဘုရားအလောင်းတို့ ပြည့်စုံရမည့် အင်္ဂါကား ရှစ်ပါး

    ၁။ လူ့အဖြစ်ကို ရရှိသူ ဖြစ်ခြင်း၊ ၂။ ပုရိသလိင်နှင့် ပြည့်စုံရခြင်း၊      (ယောက်ျား စင်စစ်ဖြစ်ရခြင်း)၊ ၃။ အရဟတ္တဖိုလ်ကို ရနိုင်ခြင်းဟူသော     အကြောင်း ရှိခြင်း၊ ၄။ သက်တော်ထင်ရှား မြတ်စွာဘုရားကို     ဖူးတွေ့ရခြင်း၊ ၅။ ရသေ့, ရဟန်း ဖြစ်ရခြင်း၊ ၆။ သမာပတ် ရှစ်ပါး အဘိညာဉ်ငါးပါး   ရရှိထားခြင်းဟူသော ဂုဏ်နှင့်ပြည့်စုံရခြင်း၊ ၇။အသက်စွန့်၍ ဘုရားအဖြစ်ဆုတောင်းခြင်း၊ ၈။ဘုရားဖြစ်ရန် လွန်ကဲသောအလိုဆန္ဒရှိခြင်း။

  • ဘုရားလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး

    (၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊ (၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊ (၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊ (၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊ (၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊ (၆) လူရိုင်း မဖြစ်နိုင်ဘူး၊ (၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊ (၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊ (၉) လိင် မပြောင်းလွဲနိုင်ဘူး၊ (၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊ (၁၁) နူသောသူ မဖြစ်နိုင်ဘူး၊ (၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊ (၁၃) မစားမသောက်ရလို့ အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိက ပြိတ္တာမျိုး၊ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊ ခံတွင်း…

  • ကုဋီဆေးကြောသန့်စင်ရခြင်းအကျိုး( ၁၁ )ပါး

    ၁။ မိမိစိတ်လည်းကြည်လင်စေ၍  သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။ ၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကို ခံရခြင်း။ ၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့် ပြည့်စုံခြင်း။ ၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။ ၅။ မျက်နှာအဆင်းကြည်လင်ခြင်း။ ၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။ ၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။ ၈။ ပညာဉာဏ်ကြီးခြင်း။ ၉။အသက်ရှည်ခြင်း။ ၁၀။ မတွေမဝေသေရခြင်း။ ၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း ။ ကုဋီ = သန့်စင်ခန်း ( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )

  • နိဗ္ဗာန်

    အငြိမ်းဓါတ်ဖြစ်သည်။ ပရမတ်၊ ပညတ်ဖြစ်​သော ရုပ်နာမ်အားလုံး မီး​သေသွားသလို ငြိမ်း​ပျောက်သွားခြင်း သ​ဘော ဖြစ်ပါသည်။

  • ရုပ် (၂၈)

    လူတစ်ကိုယ်၌ ရုပ် (၂၈)ရုပ် ရှိသည်။ အကျဥ်းအားဖြင့် မူလရုပ် မဟာဘုတ်​ခေါ် ဓါတ်ကြီး (၄)ပါးနှင့် ထိုဓါတ်ကြီး​လေးပါးကို မှီ၍ ဖြစ်ရ​သော ဥပါဒါရုပ်က (၂၄)ပါးရှိပါသည်။ ထိုရုပ်တရား (၂၈)ပါးလုံးသည် အ​ကြောင်း​လေးပါး​ကြောင့်သာ ဖြစ်ရ​သော​ကြောင့် ကံ​ကြောင့်ဖြစ် – ကမ္မဇရုပ်၊ စိတ်​ကြောင့်ဖြစ် – စိတ္တဇရုပ်၊ ဥတု​ကြောင့်ဖြစ် – ဥတုဇရုပ်၊ အာဟာရ​ကြောင့်ဖြစ် – အာဟာရဇရုပ်

  • စေတသိက် (၅၂)

    စေတသိက် – စိတ်၌မှီတွယ်​သော သ​ဘောတရား စိတ်မှာ မှီ၍ စိတ်အမျိုးမျိုး အဖုံဖုံဖြစ်​​​အောင် ချယ်လှယ်တတ်​သော သ​ဘောများကို ​စေတသိက်ဟု ​ခေါ်ပါသည်။ ​စေတသိက်၏ သ​ဘောလက္ခဏာမှာ “ဖြစ်တူ,ချုပ်တူ၊ အာရုံတူ၊ စိတ်နှင့်မှီရာတူ” လို့ တူမှု​လေးမျိုးနှင့် ပြည့်စုံမှု ရှိပါသည်။ စိတ်တစ်ခု ​ဖြစ်​သောအခါ ယှဥ်ဖက် ​စေတသိက်များသည် တပြိုင်နက် လိုက်ဖြစ်ကြပါသည်။ စိတ်က ​ခေါင်း​ဆောင်​ရှေ့သွား ဖြစ်​သော​ကြောင့် စိတ်ဖြစ်တယ်၊ စိတ်နှင့် လုပ်သည်ဟု ​ပြောဆိုကြတာ ဖြစ်ပါသည်။ မ​နောပုဗ္ဗင်္ဂမာ ဓမ္မာ – သ​​ဘောတရားတိုင်း၌ စိတ်သာလျှင် ​ရှေ့သွားရှိ၏။ မ​နော​သေဋ္ဌာ – သ​ဘောတရားတိုင်း၌ စိတ်သာလျှင် အကြီးအမှူးဖြစ်၏။ မ​နောမယာ – အရာအားလုံးသည် စိတ်​ကြောင့် ပြီးစီးကုန်၏။ စိတ်သည် တစ်ခုတည်း ဖြစ်​သော်လည်း ​စေတသိက်…