ကုဋီဆေးကြောသန့်စင်ရခြင်းအကျိုး( ၁၁ )ပါး

၁။ မိမိစိတ်လည်းကြည်လင်စေ၍ 

သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။

၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကို

ခံရခြင်း။

၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့်

ပြည့်စုံခြင်း။

၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။

၅။ မျက်နှာအဆင်းကြည်လင်ခြင်း။

၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။

၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။

၈။ ပညာဉာဏ်ကြီးခြင်း။

၉။အသက်ရှည်ခြင်း။

၁၀။ မတွေမဝေသေရခြင်း။

၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း ။

ကုဋီ = သန့်စင်ခန်း

( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )