ဘုရားလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး

(၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊

(၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊

(၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊

(၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊

(၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊

(၆) လူရိုင်း မဖြစ်နိုင်ဘူး၊

(၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊

(၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊

(၉) လိင် မပြောင်းလွဲနိုင်ဘူး၊

(၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊

(၁၁) နူသောသူ မဖြစ်နိုင်ဘူး၊

(၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊

(၁၃) မစားမသောက်ရလို့ အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိက

ပြိတ္တာမျိုး၊ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊ ခံတွင်း အပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိက

အသုရာမျိုး မဖြစ်နိုင်ဘူး၊

(၁၄)အဝီစိငရဲနှင့် လောကန္တရိငရဲမှာ မဖြစ်နိုင်ဘူး၊

(၁၅)ကာမဝစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာ မဖြစ်နိုင်ဘူး၊

(၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါသဗြဟ္မာ မဖြစ်နို်င်ဘူး၊

(၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊

(၁၈) သည်စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။

(သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅)

၁၈-ပါးသောဋ္ဌာနသည် နိယတဗျာဒိတ်ရ ရင့်ကျက်သော ဘုရားအလောင်းများမဖြစ်နိုင်သော ဋ္ဌာနများ ဖြစ်ကြသည်။

ဘုရားအလောင်းတော်ကာလကို ခေတ်နှစ်ခေတ်ဖြင့် ခွဲခြားနိုင်သည်။ ​

(၁) နိယတဗျာဒိတ်မရသေးသော နုသောဘုရားအလောင်းတော်ခေတ်၊

(၂) နိယတဗျာဒိတ်တော်ရပြီးသော ရင့်သောဘုရားအလောင်းတော်ခေတ်

ခေတ် ၂-ပါးတွင်

  • ငါသည် သစ္စာလေးပါးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိမြင်တဲ့ ဗုဒ္ဓဘုရားဖြစ်လျှင်ကောင်းမည်ဟု စိတ်ဖြင့် ဘုရားဆုကို တောင်းသော မနောပဏိဓိခေတ်၊
  • စိတ်ဖြင့် ဆုတောင်းရုံမျှမကဗုဒ္ဓဘုရားဖြစ်ရပါလို၏လို့ နှုတ်က မြွတ်ဆိုဆုတောင်းတဲ့ ဝါစာပဏိဓိခေတ်၊ ထိုခေတ်နှစ်ခုတို့ဟာနိယတဗျာဒိတ် မရရှိသေးသော နုသောဘုရားအလောင်း ခေတ်ဖြစ်သည်။

သောတတ္ထကီကျမ်း အလိုအားဖြင့်ဘုရားအလောင်း မာတုပေါသက ဘဝမှစ၍ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝအထိ (၇)သချေင်္ကာလအတွင်းသည် မနောပဏိဓိခေတ်ဖြစ်သည်။

သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝမှ နိယတဗျာဒိတ်ခံသော သုမေဓာရသေ့ဘဝအထိ (၉)အသချေင်္ကာလအတွင်းသည် ဝါစာပဏိဓိခေတ်ဖြစ်သည်။

ထိုနှစ်ခေတ်အတွင်း ဘုရားလောင်း၏ဘဝသည် ဧကန်ဘုရားဖြစ်ရန် မသေချာပေ၊ အကြားကာလတွင် သာဝကဘဝနှင့် ကျွတ်တမ်းဝင်ချင်လည်း ဝင်တက်သည်။ ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်းသွားတက်သည်။