ရုပ် (၂၈)

လူတစ်ကိုယ်၌ ရုပ် (၂၈)ရုပ် ရှိသည်။ အကျဥ်းအားဖြင့် မူလရုပ် မဟာဘုတ်​ခေါ် ဓါတ်ကြီး (၄)ပါးနှင့် ထိုဓါတ်ကြီး​လေးပါးကို မှီ၍ ဖြစ်ရ​သော ဥပါဒါရုပ်က (၂၄)ပါးရှိပါသည်။ ထိုရုပ်တရား (၂၈)ပါးလုံးသည် အ​ကြောင်း​လေးပါး​ကြောင့်သာ ဖြစ်ရ​သော​ကြောင့်

  • ကံ​ကြောင့်ဖြစ် – ကမ္မဇရုပ်၊
  • စိတ်​ကြောင့်ဖြစ် – စိတ္တဇရုပ်၊
  • ဥတု​ကြောင့်ဖြစ် – ဥတုဇရုပ်၊
  • အာဟာရ​ကြောင့်ဖြစ် – အာဟာရဇရုပ်