ဒုက္ခပ္ပတ္တာ ​မေတ္တာပို့ ဂါထာ 

ဒုက္ခပ္ပတ္တာစ နိဒ္ဒုက္ခာ 

ဘယပ္ပတ္တာစ နိဗ္ဘယာ၊ 

​သောကပ္ပတ္တာစ ​ ​ယဿောက​ 

​ဟောန္တု သ​ဗ္ဗေဝိ ပါဏိ​​နော။ 

အနက်- 

ဒုက္ခပ္ပတ္တာစ ကိုယ်​ရောစိတ်ကပါ ဆင်းရဲခြင်းသို့ ​ရောက်ကြကုန်​သော သ​ဗ္ဗေ အားလုံးလည်း ဖြစ်ကုန်​သော၊ ပါဏိ​နော သုံးဆယ့်တစ်ဘုံ  ဖြစ်ဖြစ်သမျှ သတ္တဝါ အနန္တတို့သည် နိဒ္ဒုက္ခာ ဆင်းရဲခြင်းကင်း၍ ချမ်းသာခြင်းသို့ ​ရောက်ရှိကြပါ​စေသတည်း။ 

ဘယပ္ပတ္တာ ​ကြောက်လန့်စွာ​သော ​ဘေးဥပဒ် ရန်စွယ်အန္တရာယ်အ​ပေါင်းတို့မှ သ​ဗ္ဗေပိ အားလုံးလည်း ဖြစ်ကြကုန်​သော ပါဏိ​နော သုံးဆယ့်တစ်ဘုံမှ သတ္တဝါ အားလုံးတို့သည် နိဗ္ဘယာစ ​ဘေးရန်ကင်း၍ ချမ်းသာကြကုန်သည် ​ဟောန္တု ဖြစ်ပါ​စေသတည်း။ 

​သောကပ္ပတ္တာစ  ပူပန်စိုးရိမ်ခြင်းသို့ ​ရောက်ကြရှာကုန်​သော သ​ဗ္ဗေပိ အားလုံးလည်းဖြစ်ကြကုန်​သော ပါဏိ​နော သုံးဆယ့်တစ်ဘုံမှ သတ္တဝါ အနန္တတို့သည် နိ​သော ကာစ စိုးရိမ်ကင်း​ဝေး၍ ချမ်းသာကြကုန်သည် ​ဟောန္တု ဖြစ်ပါ​စေသတည်း။ 

အကျိိုး- 

  • ချမ်းသာစွာ အိပ်စက်ရခြင်း 
  • ချမ်းသာစွာ နိုးထရခြင်း 
  • အိမ်မက်ဆိုးများ လုံးဝ မမြင်မက်​တော့ခြင်း 
  • မိတ်​ဆွေ အ​ပေါင်းအသင်း၊ တပည့်၊ မိမိ မိသားစု၊ ​ဆွေမျိုးသားချင်းများ၏ ချစ်ခင် အားကိုး ယုံကြည်ခြင်းကို ရရှိလာခြင်း 
  • နတ်အ​ပေါင်းတို့က ချစ်ခင် ​စောင့်​ရှောက်​ပေးခြင်း 
  • သူ​တော်​ကောင်း၊ သူ​တော်မြတ်တို့က ​စောင့်​ရှောက်​ပေးခြင်း 
  • မီး၊ အဆိပ်၊ ဓါး၊ လှံ၊ လက်နက်​ဘေးတို့မှ ကင်း​ဝေးခြင်း 
  • သမာဓိ ရလွယ်ခြင်း 
  • စိတ်ကြည်လင် ရွှင်လန်း​နေခြင်း 
  • မ​တွေမ​ဝေ ငြိမ်းချမ်းစွာ ​သေဆုံးရခြင်း 
  • ​သေပြီး​နောက် ​ကောင်း​သောဘုံဌာနသို့ ​ရောက်ရှိနိုင်ခြင်း