Category: Part08

  • ဒုက္ခပ္ပတ္တာ ​မေတ္တာပို့ ဂါထာ 

    ဒုက္ခပ္ပတ္တာ ​မေတ္တာပို့ ဂါထာ

  • သတိပဋ္ဌာန် ဝိပဿနာအကျိုး (၇)မျိုး

    ၁။ စိတ်ညစ်ကြေးတွေ ကင်းစင်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၂။ စိုးရိမ်မှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၃။ ငိုကြွေးမှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၄။ ကိုယ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၅။ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၆။ အရိယာမဂ်တွေ ရလိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။  ၇။ နိဗ္ဗာန်မသွေ ရောက်လိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။  သတိပဋ္ဌာန်(၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် . .  ဤပြဆိုပြီးသော အကျိုး(၇)မျိုးကို မုချမသွေ ရရှိကြမည် ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။  (သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး) 

  • ထီးလှူရခြင်းအကျိုး (၈) ပါး

    ၁။ အအေးကို မသိရခြင်း ၊ ၂။ အပူကို မသိရခြင်း ၊ ၃။ မြူမှုန် အညစ်အကြေး မလိမ်းကျန် မကပ်ငြိခြင်း ၊ ၄။ ဥပါဒ် ဘေးရန် အန္တရာယ် မရှိခြင်း ၊ ၅။အမြဲတမ်း ရိုသေ မြတ်နိုးပူဇော် ခံရခြင်း၊ ၆။ သိမ့်မွေ့ နူးညံသော အရေအဆင်း ရှိခြင်း ၊ ၇။ စိတ်ဓာတ် သန့်ရှင်းကြည်လင်ခြင်း ၊ ၈။ တန်ဆာဆင် အပ်သော ထီးတစ်သိန်းတို့သည် ဦးထိပ်၌ ဆောင်းမိုး              ထားခြင်း ။

  • လောကီ သိဒ္ဓိဆယ်ပါး

    (၁) ပီယသိဒ္ဓိ (၂)ဓနသိဒ္ဓိ (၃)လာဘသိဒ္ဓိ (၄) ပယောဂသိဒ္ဓိ (၅) ကာယသိဒ္ဓိ (၆) ပထဝီသိဒ္ဓိ (၇)ဥဒကသိဒ္ဓိ (၈) အာကာသသိဒ္ဓိ (၉) တေဇောသိဒ္ဓိ (၁၀) အာဟာရသိဒ္ဓိ စသည်တို့ဖြစ်သည်။ (၁) ပီယသိဒ္ဓိ – – -လူနတ်ဗြဟ္မာအပေါင်းနှင့် တိရစ္ဆာန်-မိစ္ဆာ စသော သတ္တဝါအပေါင်းတို့က မိမိကို အလိုလျှောက် ရင်မှ ဖွားတဲ့သားကဲ့သို့ ချစ်ခြင်းကို ပြီးမြောက်စေသော ပီယသိဒ္ဓိ (၂) ဓနသိဒ္ဓိ – – -ဓန ဥစ္စာရတနာ- ပစ္စည်းစသော အသုံးအဆောင် အမျိူးမျိူးတို့ကို မိမိအလိုရှိတောင့်တတဲ့အခါ ပြည့်စုံပြီးမြောက်စေခြင်း ဓနသိဒ္ဓိ (၃)လာဘသိဒ္ဓိ – – – စီးပွားလာဘ်လာဘနှင့် ပက်သက်လျှင် လိုလေသေးမရှိ ပေါများကြွယ်ဝခြင်း လာဘသိဒ္ဓိ (၄)…

  • ဒေဝဒတ် တောင်းဆိုသော အချက် (၅) ချက်

    မြတ်စွာဘုရားရှင် ခွင့်ပြုတော် မမူသော ဒေဝဒတ် တောင်းဆိုသော အချက် (၅) ချက် ၁ ။ သံဃာတော်များ ကပ်လှူဆွမ်းအစား ခံဆွမ်းသာစားရန်။ ၂ ။ လှူသင်္ကန်းအစား ပံ့သကူသာဝတ်ရန်။ ၃ ။ ကျောင်းတိုက်အစား သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။ ၄ ။ သင်္ကန်းသုံးထည်ထက်ပို မထားရန်။ ၅ ။ သက်သတ်လွတ် ဆွမ်းဟင်းများသာ စားရန်။

  • ရဟန်းသိက္ခာပုဒ်၂၂၇ သွယ် အကျဉ်း

         ပါရာဇိက (၄) ပါး ၁ ။ မေထုန်မကျင့်ရ။ ၂ ။ သူတပါးဥစ္စာမခိုးရ။ ၃ ။ လူမသတ်ရ မသတ်ခိုင်းရ။ ၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ။      သံဃဒိသိသ် (၁၃) ပါး ၅ ။ သုတ်မလွှတ်ရ။ ၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ။ ၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ။ ၈ ။ မေထုန် အလှူမခံရ။ ၉ ။ မအောင်သွယ်ရ။ ၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ။ ၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ။ ၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ။…

  • ဆင်ခြင်ပုံ ( ၁၀ ) မျိုး

    စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် နှလုံးသွင်းရ၏။ ၁။ သွားခြင်းအားဖြင့် အစားအသောက်တို့ကို ဆင်ခြင်ခြင်း၊ ၂။ ရှာမှီးခြင်းအားဖြင့် ၃။ သုံးဆောင်သောအားဖြင့် ၄။ သည်းခြေ စသော တည်ရာ အားဖြင့် ၅။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့် ၆။ မကြေ မကျက်သေးသော အားဖြင့် ၇။ ကြေကျက်ပြီးသော အားဖြင့် ၈။ ပြီးစီးသော အကျိုးအားဖြင့် ၉။ ယိုထွက်ခြင်းအားဖြင့် ၁၀။ ပေကျံခြင်းအားဖြင့် ဆင်ခြင် နှလုံးသွင်းရ၏။

  • မင်း‌မြှောက်တန်ဆာငါးပါး

    ထီးဖြူ သန်လျက် မကိုဋ် ‌ ကျောက်စီ‌ခြေနင်း စာမရီယပ်။ (ပါရာဇိကဏ် အဋ္ဌကထာ)

  • မေရယ၊ အရက်ငါးမျိုး

    ၁ – ပုပ္ဖ‌မေရယ=သစ်ပွင့်ဖြင့်ပြုလုပ်‌သော အရက်။ ၂ – ဖလ‌မေရယ=သစ်သီးဖြင့်ပြုလုပ်‌သော အရက်။ ၃ – မဓုက‌မေရယ=မုဒရက်သီးဖြင့်ပြုလုပ်‌သော အရက်။ ၄ – ဂုဠ‌မေရယ=တင်လဲဖြင့်ပြုအပ်‌သောအရက်။ ၅ – သမ္ဘာရ‌မေရယ=အထူးထူး‌သောအ‌ဆောက်အဦးတို့ဖြင့် ပြုအပ်‌သောအရက်။ (မဟာဝဂ္ဂသံယုတ်ပါဠိ)

  • မိဘကျင့်ဝတ်ငါးပါး

    မ‌ကောင်းမြစ်တား ‌ကောင်းရာညွှန်လတ် အတတ်သင်‌စေ ‌ပေး‌ဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင် မိတို့သာ။ (သိင်္ဂါလသုတ်)