လောကီ သိဒ္ဓိဆယ်ပါး

(၁) ပီယသိဒ္ဓိ

(၂)ဓနသိဒ္ဓိ

(၃)လာဘသိဒ္ဓိ

(၄) ပယောဂသိဒ္ဓိ

(၅) ကာယသိဒ္ဓိ

(၆) ပထဝီသိဒ္ဓိ

(၇)ဥဒကသိဒ္ဓိ

(၈) အာကာသသိဒ္ဓိ

(၉) တေဇောသိဒ္ဓိ

(၁၀) အာဟာရသိဒ္ဓိ စသည်တို့ဖြစ်သည်။

(၁) ပီယသိဒ္ဓိ – – -လူနတ်ဗြဟ္မာအပေါင်းနှင့် တိရစ္ဆာန်-မိစ္ဆာ စသော သတ္တဝါအပေါင်းတို့က မိမိကို အလိုလျှောက် ရင်မှ ဖွားတဲ့သားကဲ့သို့ ချစ်ခြင်းကို ပြီးမြောက်စေသော ပီယသိဒ္ဓိ

(၂) ဓနသိဒ္ဓိ – – -ဓန ဥစ္စာရတနာ- ပစ္စည်းစသော အသုံးအဆောင် အမျိူးမျိူးတို့ကို မိမိအလိုရှိတောင့်တတဲ့အခါ ပြည့်စုံပြီးမြောက်စေခြင်း ဓနသိဒ္ဓိ

(၃)လာဘသိဒ္ဓိ – – – စီးပွားလာဘ်လာဘနှင့် ပက်သက်လျှင် လိုလေသေးမရှိ ပေါများကြွယ်ဝခြင်း လာဘသိဒ္ဓိ

(၄) ပယောဂသိဒ္ဓိဆိုတာ – – – အခြားသော တစ်ပါးသောသူအပေါင်းရဲ့အနှောင့်အယှက် အဖျက်အဆီး အန္တရာယ်ရန်အသွယ်သွယ်မှ ကင်းဝေးစေနိူင်သော ပယောဂသိဒ္ဓိ

(၅)ကာယသိဒ္ဓိ – – -ကိုယ်မှာ ဖြစ်ပေါ်တက်သော ဝေဒနာအမျိူးမျိူးနှင့် ကိုယ့်ကိုယ်ထိခိုက်စေတတ်သော ဓား-လှံ လက်နက် ထိခိုက်ရှနာ စသည့် အန္တရာယ်များမှ ကင်းဝေးစေနိုင်သော ကာယသိဒ္ဓိ

(၆) ပထဝီသိဒ္ဓိ – – – မြေအတွင်းကို ဖေါက်ထွင်း ဝင်ရောက်သွားနိူင်ခြင်း၊ မြေနဲ့ပက်သက်သမျှကို နိူင်နင်းကျွမ်းကျင်ခြင်း မြေပေါ်မြေအောက်သယံဇာတ ကျောက်မျက်တွင်းထွက်ပစ္စည်းမှန်သမျှကို ဘယ်နေရာမှာ ဘာရှိတယ်ကို သိနိူင်ခြင်းဟာ ပထဝီသိဒ္ဓိ

(၇) ဥဒကသိဒ္ဓိ – – -ရေပြင်ပေါ်မှာ မြေပြင်လိုပဲ သွားလာနိူက်သော ရေလေ အန္တရာယ်မှ ကင်းဝေးစေနိူင်ခြင်း၊ ရေနှင့်ပက်သက်သမျှ ကျွမ်းကျင်နိူင်နင်းခြင်း ရေပေါ်ရေအောက် သယံဇာတကျောက်မျက် တွင်းထွက်ပစ္စည်းမှန်မျှကို မည်သည့်နေရာတွင်ရှိသည်ကို သိနိူင်စွမ်းအား ဥဒကသိဒ္ဓိ

(၈)အာကာသသိဒ္ဓိ – – – အာကာသလေကဓာတ်အတွင်းဘက်ကို ယာဉ်ပျံမျိူးမပါပဲ မိမိကိုယ်ကို သွားလာနိူင်ခြင်း၊ ဂြိုလ်နက္ခတ်တာယာတို့ရဲ့အကြောင်းကို ကောင်းကောင်းကြီး သိမြင်နားလည်နိူင်စွမ်းရှိခြင်း အာကာသသိဒ္ဓိပါပဲ

(၉)  တေဇောသိဒ္ဓိ – – -ပူခြင်း အေးခြင်း စသော သဘာဝတရား၏ ဒဏ်ကိုခံနိူင်စွမ်းခြင်း ပူခြင်း-အေးခြင်းကို ကျွမ်းကျင်နှိမ်နင်းခြင်း၊ တေဇောဓာတ်ကို နှိမ်နင်းခြင်းကို တေဇောသိဒ္ဓိ

(၁၀) အာဟာရသိဒ္ဓိ — အစားအသောက် အာဟာရကို မတောင့်မတဘဲနှင့် ရရှိနိူင်ခြင်း- မစားသောက်ဘဲ နေနိူင်ခြင်း- မည်သည့် အာဟာရမျိူးကိုမဆို စာသောက်ခြင်းပြုသော်လည်း အန္တရာယ်မရှိနိူင်ခြင်း အာဟာရသိဒ္ဓိ