သတိပဋ္ဌာန် ဝိပဿနာအကျိုး (၇)မျိုး

၁။ စိတ်ညစ်ကြေးတွေ ကင်းစင်စေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၂။ စိုးရိမ်မှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၃။ ငိုကြွေးမှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၄။ ကိုယ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၅။ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၆။ အရိယာမဂ်တွေ ရလိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

၇။ နိဗ္ဗာန်မသွေ ရောက်လိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။ 

သတိပဋ္ဌာန်(၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် . . 

ဤပြဆိုပြီးသော အကျိုး(၇)မျိုးကို မုချမသွေ ရရှိကြမည် ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ 

(သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး)