ဓမ္မောသဓံ ပိဝိတွာန၊
ဝိသာသဗ္ဗေ သမူဟတော၊
အဇရာမရံ သီတိတာဝံ၊
နိဗ္ဗာနံ ယန္တု သာဓဝေါ။

အနက် –

ဓမ္မောသဓံ – လောဘ၊ ဒေါသ၊ မောဟ ဆိပ်တောက် ကင်းပျောက် ကြည်အေး တရားဆေးကို၊
ပိဝိတွာန – ဝမ်းသာရွှင်ပျ သောက်ကြရ၊ နာကြရကုန်သောကြောင့်၊
ဝိသာသဗ္ဗေ – ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊
သမူဟတော – ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊
ဟောန္တု – စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း၊
အဇရာမရံ – အိုခြင်းလည်းကွာ နာခြသ်းလည်းကင်း သေခြင်းလည်း ရှင်းထသော၊
သီတိတာဝံ – ကိလေသာဟု အပူခပ်သိမ်း ကင်းငြိမ်းရာအစစ် ဖြစ်ပေထသော၊
နိဗ္ဗာနံ – နိဗ္ဗာန်ဟုခေါ်သော အေးမြို့တော်သို့၊
သာဓဝေါ – တရားချစ်ခင် စိတ်ကောင်းဝင်ငြား သူတော်စင် အများတို့သည်၊
ယန္တု – ပါရမီ အဆင့်ဆင့် မြင့်သထက်မြင့်၍ မလင့်ပုံသေ ဆိုက်ရောက်တော် မူကြပါစေကုန်သတည်း။