Category: မေတ္တာပို့အမျှဝေ

  • မေတ္တာပို့

    ဓမ္မောသဓံ ပိဝိတွာန၊ဝိသာသဗ္ဗေ သမူဟတော၊အဇရာမရံ သီတိတာဝံ၊နိဗ္ဗာနံ ယန္တု သာဓဝေါ။ အနက် – ဓမ္မောသဓံ – လောဘ၊ ဒေါသ၊ မောဟ ဆိပ်တောက် ကင်းပျောက် ကြည်အေး တရားဆေးကို၊ပိဝိတွာန – ဝမ်းသာရွှင်ပျ သောက်ကြရ၊ နာကြရကုန်သောကြောင့်၊ဝိသာသဗ္ဗေ – ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊သမူဟတော – ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ဟောန္တု – စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း၊အဇရာမရံ – အိုခြင်းလည်းကွာ နာခြသ်းလည်းကင်း သေခြင်းလည်း ရှင်းထသော၊သီတိတာဝံ – ကိလေသာဟု အပူခပ်သိမ်း ကင်းငြိမ်းရာအစစ် ဖြစ်ပေထသော၊နိဗ္ဗာနံ – နိဗ္ဗာန်ဟုခေါ်သော အေးမြို့တော်သို့၊သာဓဝေါ – တရားချစ်ခင် စိတ်ကောင်းဝင်ငြား သူတော်စင် အများတို့သည်၊ယန္တု – ပါရမီ…

  • အမျှဝေ

    ဣမံ​နော ပုညဘာဂံ သဗ္ဗသတ္တာနံ ​ဒေမ။ အနက် – ဣမံ​နော ပုညဘာဂံ – ဤသို့ ယ​နေ့ယခု တပည့်​တော်တို့ တစ်စု၏ ပြုစုပွားများ နာကြားရ​သော ကုသိုလ် ​ကောင်းမှု၏ အဖို့ဘာဂကို၊ သဗ္ဗ သတ္တာနံ – တရားနာ​ဖော်တာဖက် တရားအားထုတ်​ဖော် အားထုတ်ဖက်ဖြစ်ကြကုန်​သော ​ယောဂီအ​ပေါင်း သူ​တော်​ကောင်း တို့နှင့်အတူ မိခင် ဖခင် ​ကျေးဇူးရှင်တို့ကို အစထား၍ သုံးဆယ့်တစ်ဘုံ လုံးစုံများစွာ သတ္တဝါမှန်သမျှ အနန္တတို့အား၊ ​ဒေမ – ရ​စေယူ​စေ အမျှ​ပေး​ဝေပါကုန်၏။ အမျှ​ပေး​ဝေပါကုန်၏။ အမျှ​ပေး​ဝေပါကုန်၏။ အမျှရကြ၍ ချမ်းသာကြပါ​စေ​သော်။ ​ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါ​စေ​သော်။ ​ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါ​စေ​သော်။ စိုးရိမ်ခပ်သိမ်း ကင်းငြိမ်း ကြပါ​စေ​သော်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် နိဗ္ဗာန်​ရောက်​ကြောင်း အကျင့်​​ကောင်း ပဋိပတ်တို့ကို…

  • ဆုတောင်း

    ဣဒံ​မေ ပုညံ မဂ္ဂဖလ ဉာဏဿ ပစ္စ​ယော ​ဟောတု။ အနက် – ဘ​န္တေ – အရှင်ဘုရား၊ ​မေ – တပည့်​တော်၏၊ ဣဒံပုညံ – ဤသို့ ယ​နေ့ပြုအပ်​သော ဒါနကုသိုလ်၊ ​ဆောက်တည်အပ်​သော သီလကုသိုလ်၊ ပွားများအပ်​သော ဘာဝနာကုသိုလ်၊ တရားနားကြားရ​သော ဓမ္မဿဝနကုသိုလ်သည်၊ မဂ္ဂဖလ ဉာဏဿ – တပည့်​တော်သည် ​တောင့်တအပ်​သော မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ ပစ္စယာ – ရ​ကြောင်း ​ရောက်​ကြောင်း ​ကျေးဇူးပြု​သော အကူအညီအ​ကြောင်း အ​ထောက်အပံ့သည်၊ ​ဟောတု – ဖြစ်ပါ​စေသတည်း။

  • အရပ်ဆယ်မျက်နှာ မေတ္တာပို့

    ၁။ အ​ရှေ့အရပ်၌ရှိ​သော အနန္တစကြဝဠာ အနန္တသတ္တဝါတို့… ​ဘေးရန်ခပ်သိမ်း ငြိမ်းကြပါ​စေ။ ​ဒေါသခပ်သိမ်း ငြိမ်းကြပါ​စေ။ ဆင်းရဲခပိသိမ်း ငြိမ်းကြပါ​စေ။ နှလုံးစိတ်ဝမ်း ​အေးချမ်းကြပါ​စေ။ ၂။ အ​နောက်…၃။ ​မြောက်…၄။ ​တောင်…၅။ အ​ရှေ့​တောင်​ထောင့်…၆။ အ​နောက်​မြောက်​​ထောင့်…၇။ အ​ရှေ့​မြောက်​ထောင့်… ၈။ အ​နောက်​တောင်​ထောင့်…၉။ ​အောက်အရပ်၌ရှိ​သော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့…၁၀။ အထက်အရပ်၌ရှိ​သော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တ နတ် ဗြဟ္မာတို့… အညွှန်း – ပဋိသမ္ဘိဒါမဂ် ပါဠိ​တော်

  • အမျှဝေ

    ဆုတောင်း၊ အမျှဝေ ဆု​တောင်း ဤသို့ပြုရ မြတ်ပုည​ကြောင့် ချမ်းမြ​အေးကြည် ​ဘေးမဲ့မည်သည် ​ရွှေပြည်ထုတ်​ချောက် လမ်းမ​ကောက်ပဲ ​ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခ​ဘေးဒဏ် ရန်မာန်အ​ပေါင်း မ​ကောင်းဟူသမျှ မ​တွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရ​စေ​သော်။ အမျှဝေ ယ​နေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာ​စောင့်ကြပ် ကိုယ်​စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ​ဝေ​နေယျအား  အမျှကုသိုလ် ​ပေး​ဝေလိုသည် များ​ထွေသာဓု ​ခေါ်​စေ​သော်ဝ်။ သာဓု…သာဓု…သာဓု… တစ်နည်း ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး မကကျူးသား ကျေးဇူးရှင် မွေးမိခင်နှင့် ဖခင်တို့အား ရငြားပါစေ အမျှဝေ၏။မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။မိတ္တဆွေဉာ ဆရာသမား…

  • လုံးစုံများစွာ-မေတ္တာပို့

    လုံးစုံများစွာ မေတ္တာပို့ ၁။ လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၂။ ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ၊ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၄။ ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ၊ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ၊ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၆။ ရှည်- တို- အလတ် သုံးရပ်ခန္ဓာ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၇။ ကြီ- ငယ်- အလတ် သုံးရပ်ခန္တာ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။၈။ ဆူ- ကြုံ- အလတ်…