ဆုတောင်း၊ အမျှဝေ

ဆု​တောင်း

ဤသို့ပြုရ မြတ်ပုည​ကြောင့် ချမ်းမြ​အေးကြည် ​ဘေးမဲ့မည်သည် ​ရွှေပြည်ထုတ်​ချောက် လမ်းမ​ကောက်ပဲ ​ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခ​ဘေးဒဏ် ရန်မာန်အ​ပေါင်း မ​ကောင်းဟူသမျှ မ​တွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရ​စေ​သော်။

အမျှဝေ

ယ​နေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာ​စောင့်ကြပ် ကိုယ်​စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ​ဝေ​နေယျအား  အမျှကုသိုလ် ​ပေး​ဝေလိုသည် များ​ထွေသာဓု ​ခေါ်​စေ​သော်ဝ်။ သာဓု…သာဓု…သာဓု…

တစ်နည်း

ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး မကကျူးသား ကျေးဇူးရှင် မွေးမိခင်နှင့် ဖခင်တို့အား ရငြားပါစေ အမျှဝေ၏။
မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏။
မိတ္တဆွေဉာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါယက္ခ ဣန္ဒဘုမ္မာ အာကာသနတ် အထူးမှတ်၍ မပြတ်ပုည ကုသလကို ရကြပါစေ အမျှဝေ၏။
သဗ္ဗေသတ္တာ သတ္တဝါဟု နာနာလောက အနန္တတွင် မပြတ်စဥ်ကာ သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဠိတိ တည်ရှိခုနှစ်ပါး များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျအား အမျှကုသိုလ် ပေးဝေလို၏။
ထိုကုသလ ဤပုညကို အမျှရကြသည် ဖြစ်စေသော်။
ဝသုန္ဓရေ၊ ဤမြေပံသု သိလာထုလည်း သက်သေအမှုတည်စေသော်။
အားလုံး ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့။
သာဓု သာဓု သာဓု…