Category: ဘုရားရှိခိုးနှင့်ကိုယ်ကျင့်သီလ

  • ဝန္ဒနာပဏာမ အာသီသ ဘုရားရှိခိုး

    ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ကာလံ ကရောန္တော အတိဒုက္ကရာနိ၊ခေဒံ ဂတော လောကဟိတာယ နာထော၊နမော မဟာကရုဏိကဿ တဿ။ အနက် – • ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား၊ အကြင်ရှင်တော်မြတ်ဘုရားသည်၊• ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊• အပ္ပမေယျံ – ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊• ကာလံ – လေးသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊• လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊• အတိဒုက္ကရာနိ – ဥစ္စာ၊ အသက်၊ ခြေ၊ လက်၊ အင်္ဂါ မေတ္တာကြီးမား သမီး၊ သားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု…

  • ဖြစ်တော်ပေါင်း မဟာမဏ္ဍလ ဘုရားရှိခိုး

    သြကာသ သြကာသ ဩကာသ ဗုဒ္ဓင်္ကုရ ​ကောင်းမြတ်လှသည့်၊ အစကြိုးကြာ ဆယ့်​ခြောက်ခါတည့်၊ ဟင်္သာ ကိုးဖြစ်၊ ​ခြောက်ဖြစ်ကား ခို၊ ကျီးညို သုံးခါ၊ သံသာကျူးဟိတ် ကရဝိတ် ငါး၊ ​လေးပါး ကိန္နရီ၊ စာမရီ ဆယ့်ငါး၊ ​မျောက် ကားတစ်ဆယ်၊ ဆင် ဝယ်ဆယ့်တစ်၊ နွား ဖြင့်ဆယ့်​လေး၊ ဧ​ကေး သိဒ္ဓိဝ၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာ​ညောင်း ဥ​ဒေါင်း နှစ်ခါ၊ သာလိကာ သတ္တ၊ ဒွာဒသ ကြက်၊ ဝက်ကားဆယ့်သုံး၊ ​ပေါင်းရုံးများစွာ၊ တစ်ရာ့သုံးဆယ်၊ ​ခြောက်ဖြစ်ဝယ်၌၊ အန္တရာယ်မရှိ၊ ​ဘေးမထိသည်၊ မုနိမြတ်​လောင်း၊ ဖြစ်​တော်​ပေါင်းဟု၊ ​အောက်​မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊ ခါခါမြတ်နိုး၊ လက်စုံမိုး၍ ရှိခိုးကန်​တော့ပါ၏ အရှင်ဘုရား။ အညွှန်း – ဘုရား အ​လောင်း​တော်…

  • ဆယ်ပါးသီလ (ဝါ) ဒဿသာမဏေရသီလ

    (၁) ပါဏာတိပါတာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ (၂) အဒိန္နာဒါနာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။ (၃) အဗြဟ္မစရိယာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။ (၄) မုသာဝါဒါဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။ (၅) သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ (၆) ဝိကာလ ဘောဇနာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။ (၇) နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿနဝေရမဏိ သိက္ခါပဒံ…

  • ရှစ်ပါးသီလ (ဝါ) အဋ္ဌင်္ဂသီလ

    အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေဘန္တေ။ ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ အင်္ဂါရှစ်ပါး သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့်…

  • လက်နက်ကိုးဖြာ ဘုရားရှိခိုး

    ၀ါတံ ၀ဿဥ္စ ပါသာဏံ၊ အာဝုဓံ ဝါဠုကံ တထာ။ ကုက္ကုဠံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိ မေ နဝ။ သတ္ထေ မာရေန ဝိဿဋ္ဌေ၊ ဝိဇယန္တံ ဇိနံ နမေ။ အဟမ္ပိ တေန ပုညေန၊ ဝိဇေယျံ သဗ္ဗမာယုဓေ။ အနက် – (၁) အုံ့မှိုင်းလေဆိုး မုန်တိုင်းမျိုးကို၎င်း၊ (၂) မိုးကြမ်းရေဆိုး လက်နက်မျိုးကို၎င်း၊ (၃) ကျောက်ခဲကျောက်စိုင် မိုးကို၎င်း၊ (၄) တဖက်သွား နှစ်ဖက်သွားဟူသော လှံဓားစသော လက်နက်မျိုးကို၎င်း၊ (၅) သဲထုမိုးကို၎င်း၊ (၆) ပြာပူမိုးကို၎င်း၊ (၇) ရွှံ့ညွှန်မိုးကို၎င်း၊ (၈) မီးကျီးမိုးကို၎င်း၊ (၉) အမိုက်မှောင်ကို၎င်း၊ ဤသို့ မာရ်နတ်ပစ်လွင့်အပ်ကုန်သော လက်နက်အန္တရာယ် ကိုးမျိုးတို့ကို အောင်ခြင်းကြီး အောင်တော်မူသော မြတ်စွာဘုရားကို…

  • အရဟံ ဇယံ(ရသေ့ကြီး ဦးခန္တီ ရွတ်ဆိုသော ဘုရားရှိခိုး)

     အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊  အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊  စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊  သုခ ဒံ ၊ သရဏံ ၊ ပ ဏမာမိ ဇိနံ။ အနက် – ၁။အရဟံ= ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရားကို၊ ပ ဏမာမိ=ရှိခိုးပါ၏။ ၂။ဗဟိ-အန်တ-ဇယ=အတွင်း-အပ ရန်ကို အောင်တော်မူသောမြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။ ၃။သုဂတံ=ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။ ၄။အမိတံ=မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသောမြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။  ၅။ဝိရဇံ=ကိလေသာမြူ ကင်းတော်မူသောမြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။ ၆။လလိတံ=တင့်တယ် သပျပါယတြောမြူသောမြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။ ၇။အတုလံ=အတုမရှိသော မြတ်စွာဘုရားကို ပ ဏမာမိ=ရှိခိုးပါ၏။ ၈။စရဏံ=အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပ…

  • နမက္ကာရ ဘုရားရှိခိုး-ရှင်မဟာဗုဒ္ဓဃောသ

    ၁။ သုဂတံ သုဂတံ ​သေဋ္ဌံ၊ ကုသလံ ကုသလံ ဇဟံ။ အ မတံ အ မတံ သန္တံ၊ အ သမံ အ သမံ ဒဒံ။ သရဏံ သရဏံ ​လောကံ၊ အ ရဏံ အ ရဏံ ကရံ။ အ ဘယံ အ ဘယံ ဌာနံ၊ နာယယံ နာယကံ န​မေ။ ​​ကောင်း​သောစကားကိုလည်း ဆို​တော်မူတတ်​သော၊ ​ကောင်း​သောနိဗ္ဗာန်သို့လည်း ကြွသွား​တော်မူတတ်​သော၊ အထူးသဖြင့် ချီးမွမ်းအပ်​တော်မူ​သော၊ ကုသိုလ် အကုသိုလ်ကို စွန့်​တော်မူပြီး​သော၊ ​သေခြင်းလည်း ကင်း​တော်မူ​သော၊ အမြိုက် အရသာနှင့်လည်း ပြည့်စုံ​တော်မူ​သော၊ ငြိမ်သက်စွာ​သော၊ အတုလည်းမရှိ​သော၊ အတုမရှိ​သော မဂ် ဖိုလ် နိဗ္ဗာန်ကို ​ပေး​တော်မူတတ်​သော၊ ကိုးကွယ်ရာလည်း…

  • ခင်ပွန်းကြီး ဆယ်ပါး ဘုရားရှိခိုး

    ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ မာတာပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။ ဣမေ ဒသ မဟာဂု‌ဏေ၊ အဟံ ဝန္တာမိ သဗ္ဗဒါ။ အနက် – ၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ ၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ ၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ ၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌ ၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌ ၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌ ၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌ ၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊…

  • ရွှေတိဂုံစေတီတော် ဘုရားရှိခိုး

    အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျတည့်၊မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ၊ပလ္လင်မြေမှ ၊ လှည့်ခြွေစိုးစံ ၊ သတ်ဌာနံတွင်၊ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေဝယ်၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာထူးလှ၊ တပုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့၊ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍၊ နှစ်ပါးမွှေးထုံ၊ သရဏဂုဏ်နှင့် ၊ ရှစ်စုံဆံမြတ်၊ သရီဓာတ်ကို ၊ ရလတ်သောခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေဝါအများ ၊ မိုးသိကြားတို့ ၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင်၊တိဂုံရှင်ကို ၊ ဖူးမြင်စေဌာ ၊ ဌာပနာ၏၊ ရှေး ခါရိပ်မြုံ ၊ စံကြတုံသည် ၊ သံ; ဂုံ;…

  • အန္တရာယ်ရှင်း ကပ်ဘေးကင်း ဘုရားရှိခိုး

    ကတာမေ ရက္ခာ၊ ကတံမေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ၊ သောဟံ နမော ဘဂဝတံ၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ အနက် – မေ = ဘုရားတပည့်တော်သည်၊ ရက္ခာ = ခုနစ်ဆူ မြတ် ရည်မျှော်မှတ်လျက် တုပ်ဝပ်ရိုကျိုး အစောင့်အရှောက်မျိုးကို၊ ကတာ = ဒိသာ ဆယ်ရပ် ဝန်းရံပတ်လျက် ပြုအပ်ပါပေပြီ၊ ‌မေ= ဘုရားတ ပည့်တော်သည်၊ ပရိတ္တံ= ‌ဘေးရန်အများ ဝေးရာရှားဖို့ မြတ်သော အရံအတားကို၊ ကတံ= ကိုယ်တွင်းကိုယ်ပြင် စီစ ဉ်ရည်မှတ် ပြုအပ်ပါပေပြီ၊ ဘူတာနိ= ရန်သူဖြစ်ငြား သတ္တဝါအများတို့သည်၊ ပဋိက္ကမန္တု= ‌ဝေးရာတစ်ပါး ရှောင်ရှား ဖဲခွါ ကြပါစေကုန်သတည်း။ သောဟံ-သော အဟံ= ခုနစ်ဆူဘုရား ညွတ်တွားဦးချီ…