ဖြစ်တော်ပေါင်း မဟာမဏ္ဍလ ဘုရားရှိခိုး

သြကာသ သြကာသ ဩကာသ ဗုဒ္ဓင်္ကုရ ​ကောင်းမြတ်လှသည့်၊ အစကြိုးကြာ ဆယ့်​ခြောက်ခါတည့်၊ ဟင်္သာ ကိုးဖြစ်၊ ​ခြောက်ဖြစ်ကား ခို၊ ကျီးညို သုံးခါ၊ သံသာကျူးဟိတ် ကရဝိတ် ငါး၊ ​လေးပါး ကိန္နရီ၊ စာမရီ ဆယ့်ငါး၊ ​မျောက် ကားတစ်ဆယ်၊ ဆင် ဝယ်ဆယ့်တစ်၊ နွား ဖြင့်ဆယ့်​လေး၊ ဧ​ကေး သိဒ္ဓိဝ၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာ​ညောင်း ဥ​ဒေါင်း နှစ်ခါ၊ သာလိကာ သတ္တ၊ ဒွာဒသ ကြက်၊ ဝက်ကားဆယ့်သုံး၊ ​ပေါင်းရုံးများစွာ၊ တစ်ရာ့သုံးဆယ်၊ ​ခြောက်ဖြစ်ဝယ်၌၊ အန္တရာယ်မရှိ၊ ​ဘေးမထိသည်၊ မုနိမြတ်​လောင်း၊ ဖြစ်​တော်​ပေါင်းဟု၊ ​အောက်​မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊ ခါခါမြတ်နိုး၊ လက်စုံမိုး၍ ရှိခိုးကန်​တော့ပါ၏ အရှင်ဘုရား။

အညွှန်း –

  • ဘုရား အ​လောင်း​တော် ဘဝများစွာ ကျင်လည်ခဲ့သည်တို့တွင် ဤ (၁၃၆) ဘဝသည် ​ဘေးရန် အန္တရာယ် ကင်းရှင်းချမ်းသာခြင်း အပြည့်အဝဖြင့် ခံစား​တော် မူခဲ့ရ​သော အဟိတ်တိရစ္ဆာန် ​ကျေးငှက်ဘဝများ ဖြစ်ကြ​လေသည်။
  • ဤဘုရားရှိခိုးကို ပူ​ဇော်ကြလျှင် ​ဘေးအန္တရာယ် ကင်းရှင်းနိုင်​ကြောင်း ယုံကြည်ကြသည်။