မဟာဝေဒဗ္ဗ မန္တန်

“နမောတဿ ဘဂဝေတာ အရဟ​တော သမ္မာသမ္ဗုဒ္ဓဿ”

၁။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဣတိပိသောဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊

သုဂတော၊

လောကဝိဒူ၊

အနုတ္တရော

ပုရိသဒမ္မသာရထိ၊

သတ္ထာဒေဝမနုဿာနံ၊

ဗုဒ္ဓေါ၊

ဘဂဝါတိ။

နတ္ထိမေ သရဏံ အညံ၊

ဗုဒ္ဓေါ မေ သရဏံ ဝရံ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၂။ဓမ္မံ သရဏံ ဂစ္ဆာမိ။

သွာက္ခာတော ဘဂဝတာ ဓမ္မော၊

သန္ဒိဋ္ဌိကော၊

အကာလိကော၊

ဧဟိပဿိကော၊

ဩပနေယျိကော၊

ပစ္စတ္တံ ​ဝေဒိတ​ဗ္ဗော ဝိညူဟိ တိ။

နတ္ထိမေ သရဏံ အညံ၊

ဓမ္မော မေ သရဏံ ဝရံ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၃။သံဃံ သရဏံ ဂစ္ဆာမိ

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ၊

ဧသ ဘဂဝတော သာဝကသံဃော၊

အာဟုနေယျာ၊ ပါဟုနေယျော၊

ဒက္ခိနေယျော၊ အဥ္ဇလီကရဏီယျော၊

အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။

နတ္ထိမေ သရဏံ အညံ၊

သံဃော မေ သရဏံ ဝရံ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၄။သမာဓိယိံ ပဥ္စသီလံ၊

အဋ္ဌင်္ဂမ္ပိ သုဒေသိတံ။

ဧတေန သစ္စဝဇ္ဇေန။

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၅။န ဇီဝိတန္တရာယောပိ၊

ကာတုံ ဗုဒ္ဓဿ ကေနစိ၊

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေအာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၆။န ဉာဏန္တရာယောပိ၊

ကာတုံ ဗုဒ္ဓဿ ကေနစိ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၇။န ရသ္မိံ အန္တရာယောပိ၊

ကာတုံ ဗုဒ္ဓဿ ကေနစိ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၈။ဗုဒ္ဓေါ အဘိဇ္ဇကာယောပိ၊

နတ္ထိ လောဟိတ သူဒနံ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၉။သဒ္ဓါ မေ ဗုဒ္ဓသေဋ္ဌမှိ၊

သံသယော နတ္ထိ သဗ္ဗဒါ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၁၀။သဒ္ဓါ မေ ဓမ္မသေဋ္ဌမှိ၊

သံသယော နတ္ထိ သဗ္ဗဒါ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၁၁။သဒ္ဓါ မေ သံဃသေဋ္ဌမှိ၊

သံသယော နတ္ထိ သဗ္ဗဒါ။

ဧတေန သစ္စဝဇ္ဇေန၊

ဟောတု မေ ဇယမင်္ဂလံ။

ဟောတု မေ အာယုဝဍ္ဎနံ၊

ဟောတု မေ သုခဝဍ္ဎနံ။

၁၂။နတ္ထိ မေ သရဏံ အညံ၊

ဗုဒ္ဓေါ မေ သရဏံ ဝရံ။

ဧတံ သရဏံ ဥပေမိ၊

မယိ ကင်္ခါ န ဝိဇ္ဇတိ။

ဧတေန သစ္စဝဇ္ဇေန၊

ပဝဿန္တု သတ္တရတနာ။

၁၃။နတ္ထိ မေ သရဏံ အညံ၊

ဓမ္မော မေ သရဏံ ဝရံ။

ဧတံ သရဏံ ဥပေမိ၊

မယိ ကင်္ခါ န ဝိဇ္ဇတိ။

ဧတေန သစ္စဝဇ္ဇေန၊

ပဝဿန္တု သတ္တရတနာ။

၁၄။နတ္ထိ မေ သရဏံ အညံ၊

သံဃော မေ သရဏံ ဝရံ။

ဧတံ သရဏံ ဥပေမိ၊

မယိ ကင်္ခါ န ဝိဇ္ဇတိ။ဧ

တေန သစ္စဝဇ္ဇေန၊

ပဝဿန္တု သတ္တရတနာ။

အနက် –

၁။မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူ

ထိုက်သောကြောင့် “အရဟံ”မည်တော်မူပါ၏။ တရားအလုံးစုံကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသောကြောင့် “သမ္မာသမ္ဗုဒ္ဓ”မည်တော်မူ၏။ ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသောကြောင့် “ဝိဇ္ဇာစရဏသမ္ပန္န” မည်တော်မူ၏။လာခြင်းကောင်း၍ ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် “သုဂတ”မည်တော်မူ၏။ လောကသုံးပါးကို သိတော်မူတတ်သောကြောင့် “လောကဝိဒူ”မည်တော်မူ၏။ ဆုံးမထိုက်သော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမရာတွင် ယှဉ်ဖက်ကင်းလတ် မြတ်သောဂုဏ်နှင့် ပြည့်စုံတော်မူသောကြောင့် “အနုတ္တရော ပုရိသဒမ္မသာရထိ”မည်တော်မူ၏။လူ,နတ်,ဗြဟ္မာတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း “သတ္ထာဒေဝမနုဿာနံ”မည်တော်မူ၏။သစ္စာလေးပါးကိုသိတော်မူသော အကြောင်းကြောင့်လည်း “ဗုဒ္ဓ” မည်တော်မူ၏။ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း“ဘဂဝါ”မည်တော်မူ၏။အကျွန်ုပ်အား ဘုရားမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၂။တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန် ပရိယတ် ဆယ်ပါးသောတရားတော်မြတ်ကို “သွာက္ခာတော” ကောင်းစွာဟောကြားတော်မူအပ်၏။ ထိုကဲ့သို့ ကောင်းစွာဟောကြားတော်မူသော တရားတော်မြတ်သည် “သန္ဒိဋ္ဌိကော”ကိုယ်တိုင်သိမြင်အပ်သောတရားတော်မြတ်ပါပေတည်း။

မဂ်လေးပါးတရားတော်မြတ်သည် “အကာလိကော” အခါမလင့်ဘဲ ချက်ခြင်းအကျိုးပေးတ်သောတရားတော်မြတ်ပါပေတည်း။လောကုတ္တရာတရားကိုးပါးသည် “ဧဟိပဿိကော”လာလှည့် ရှုလှည့်ဟု နှိုးဆော်ထိုက်သောတရားတော်မြတ်ပါပေတည်း။လောကုတ္တရာတရားကိုးပါးသည် “ဩပနေယျိကော” ပုဆိုးမီးလောင်ခေါင်းမီးလောင်သော်လည်း ငြိမ်းသတ်ခြင်းမပြုသေးဘဲ အရေးကြီးစွာ ဘာဝနာဖြင့် စိတ်မှာစွဲအောင် အမြဲ ဆောင်ထိုက်သောတရားတော်မြတ်ပါပေတည်း။ လောကုတ္တရာတရားကိုးပါးကို ပညာရှင်တို့သည် ကိုယ်စီအမှန်ကိုယ့်သန္တန်၌ “ပစ္စတ္တံ ဝေဒိတဗ္ဗော” သိမြင်အပ်ပါပေ၏ဟု အဖန်ဖန်အောက်မေ့ပါ၏။ အကျွန်ုပ်အားတရားမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၃။သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။မြတ်စွာဘုရား၏တပည့်သား သံဃာတော်သည်“သုပ္ပဋိပန္နော”ကောင်းစွာကျင့်တော်မူပါပေ၏။“ဥဇုပ္ပဋိပန္နော”ဖြောင့်စွာကျင့်တော်မူပါပေ၏။“ဉာယပ္ပဋိပန္နော”

နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူပါပေ၏။“သာမိစိပ္ပဋိပန္နော”ရိုသေထိုက်အောင် ကျင့်တော်မူပါပေ၏။အကြင်ပုဂ္ဂိုလ်လေးစုံတို့သည် ရှစ်ပါးသောယောကျ်ားမြတ်တို့မည်ကုန်၏။မြတ်စွာဘုရား၏ ဤတပည့်သားသံဃာတော်သည် “အာဟုနေယျ”အဝေးမှ ဆောင်ယူအပ်သောပစ္စည်းကို ခံယူတော်မူထိုက်ပါပေ၏။

“ပါဟုနေယျော”ဧည့်သည်အလို့ငှာ ဆောင်ယူအပ်သောပစ္စည်းကို ခံယူတော်မူထိုက်ပါပေ၏။

“ဒက္ခိနေယျော”မြတ်သောအလှူကို ခံယူတော်မူထိုက်ပါပေ၏။“အဥ္ဇလီကရဏီယျော”လက်အုပ်ချီမိုးရှိခိုးခြင်းကို ခံယူတော်မူထိုက်ပါပေ၏။“အနုတ္တရံ ပုညက္ခေတ္တံ လောကဿ”တစ်လောကလုံး၏ အတုမရှိသောကောင်းမှုမျိုးစေ့ ကျဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏ဟု အဖန်ဖန်အောက်မေ့ပါ၏။အကျွန်ုပ်အား သံဃာမှတစ်ပါးသော ကိုးကွယ်ရာသည်မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၄။ကောင်းစွာ ဟောကြားတော်မူအပ်သော ငါးပါးသော သီလတော်မြတ်ကိုလည်းကောင်း၊ရှစ်ပါးသော သီလတော်မြတ်ကိုလည်းကောင်း ဆောက်တည်ပါ၏။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၅။တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရား၏ အသက်၏အန္တရာယ်ကိုလည်း ပြုခြင်းငှာ မတတ်နိုင်။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၆။တစ်စုံတစ်ယောက်သောသူသည်မြတ်စွာဘုရား၏ ဉာဏ်တော်၏အန္တရာယ်ကိုလည်းပြုခြင်းငှာမတတ်နိုင်။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၇။တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရား၏ ရောင်ခြည်တော်၏ အန္တရာယ်ကိုလည်း ပြုခြင်းငှာမတတ်နိုင်။ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၈။မြတ်စွာဘုရားသည် မကွဲမပြတ်သော ကိုယ်လည်ရှိတော်မူ၏။သွေးတော်ယိုစီးခြင်း(ဝါ)သွေးထွက်ခြင်းသည် မရှိ။ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၉။ဘုရားမြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၁၀။တရားမြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၁၁။သံဃာတော်မြတ်၌ အကျွန်ုပ်၏ ယုံကြည်ခြင်းသည် ရှိ၏။အခါခပ်သိမ်း ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

အသက်ရှည်ခြင်းသည် ဖြစ်ပါစေသတည်း။ချမ်းသာတိုးပွားခြင်းသည် ဖြစ်ပါစေသတည်း။

၁၂။အကျွန်ုပ်အား ဘုရားမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။မြတ်စွာဘုရားသည် အကျွန်ုပ်၏ မြတ်သောကိုးကွယ်ရာတည်း။ထိုမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

၁၃။အကျွန်ုပ်အား တရားမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။တရားတော်သည် အကျွန်ုပ်၏ မြတ်သောကိုးကွယ်ရာတည်း။ထိုတရားမြတ်တော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

၁၄။အကျွန်ုပ်အား သံဃာမှတစ်ပါးသော ကိုးကွယ်ရာသည် မရှိ။သံဃာတော်သည် အကျွန်ုပ်၏ မြတ်သောကိုးကွယ်ရာတည်း။ထိုသံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ယုံမှားသံသယသည် မရှိ။

ဤသို့မှန်စွာဆိုအပ်သော သစ္စာစကားကြောင့် ရတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည် ရွာပါစေသတည်း။

အညွန်း –

ရတနာသုံးပါးနှင့် စပ်လျှင်းသော ဂါထာဖြစ်သည်။