ပထဝီ ဇယမန္တန် ၁၄ ဂါထာ

၁။ ဩီ-ပထဝီဇယသဗ္ဗံ၊ အ​နေကအန္တရာဟိကံ၊

ဇယံ ပ​စ္စေကဗုဒ္ဓါစ၊ ဇယံ ပရိ မ​ဟေသ​ယော။

၂။ ဇယံ ဟ​ရော ဟရိ ​ဒေ​ဝေါ၊ ဇယံ ဗြဟ္မာ ဓတရ​ဋ္ဌော၊

ဇယံ နာ​ဂေါစ ဝိရူ​ဋ္ဌှော၊ ဝိရူပ​က္ခေါ စ စန္ဒိမာ။

၃။ ဝိဣ​န္ဒေါ ​ဝေန​သေ​ယျော စ၊ ကု​ဝေ​ရော ဝရု​ဏောပိစ၊

အဂ္ဂိဝါရ​ဏော ပဇ္ဇု​န္နော၊ ကုမာ​ရော စတုပါလ​ကော။

၄။ အဋ္ဌာရသ မဟာ​ဒေဝါ၊ သုခိတာစ ပသိဒ္ဓိ​ယော၊

အသီတိ မဟာသာဝကာ၊ သဗ္ဗံ ဇယံ ဒဒန္တု ​မေ။

၅။ ဇ​ယော ဓ​မ္မော စ သံ​ဃော စ၊ ဒသဗ​လော စ ​ဇေယျ​ကော၊

ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဇယာသုခါ ဘဝန္တု ​မေ။

၆။ နရာ ​ဒေဝါစ ဗြဟ္မာ​နော၊ ယက္ခါ နာဂါ စ ဂရုဠာ၊

​တေပိ ဒိတွာ ပိယာ မယှံ၊ ပုတ္တံ မ ​မေ​ဝ သိ​နေဟာ။

၇။ ဗု​ဒ္ဓေါ ပ​စ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊

သ​ဗ္ဗေ က​ရောန္တု ​မေ ​မေတ္တံ၊ သ​ဗ္ဗေ တိဋ္ဌန္တု မတ္တ​ကေ။

၈။ ​တေသံ ​​မေတ္တာနုဘာ​ဝေန၊ သ​ဗ္ဗေ ​ရောဂါ သုသီတလာ၊

သ​ဗ္ဗေ ဘယာ ဝိနဿန္တု၊ သ​ဗ္ဗေ နဿန္တု ပဒ္ဒဝါ။

၉။ ဣမသ္မိံ စက္ကဝါ​ဠေ စ၊ ဗဟူ အနန္တပါဏိ​နော၊

အနန္တ စက္ကဝါ​ဠေ စ၊ ဗဟူ အနန္တပါဏိ​နော။

၁၀။ ဣ​မေ သတ္တာ အ​ဝေရာ စ၊ အညမညံ ပိယာ ​ဟောန္တု၊

ဣ​မေ သတ္တာ အ​ဝေရာ စ၊ အညမညံ သုခါ ​ဟောန္တု။

၁၁။ ​နေရယိကာတိရစ္ဆာနာ၊ ​ပေတာ အသုရကာ ယမာ၊

ဣ​မေ သ​ဗ္ဗေ ယထာသတ္တာ၊ ဒုက္ခါ မုစ္စန္တု တတ္တကာ။

၁၂။ ဒသ​ကောဋိ ဒကဇာ စ၊ ထလဇာ နဝ​ကောဋိ​ယော၊

သံ​သေဒ​ဇော ပပါတိကာ၊ ဒီဃာယုကာ ဘဝန္တု ​တေ။

၁၃။ ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အ​ဓေါ ယာဝ အဝီစိ​တော၊

သမန္တာ စက္ကဝါ​ဠေသု၊ ​ယေသတ္တာ ပထဝီစရာ။

၁၄။ အဗျာပဇ္ဇာ နိ​ဝေရာ စ၊ နိဒ္ဒုက္ခါ စ နုပဒ္ဒဝါ၊

သ​ဗ္ဗေ သတ္တာ အ​ဝေရာ စ၊ သဟ သ​ဗ္ဗေဟိ ဉာတိဘိ။

အနက် –

၁။ အ​နေက အန္တရာပိကံ – တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ကို ပြုတတ်​သော၊ ပထဝီဇယသဗ္ဗံ – ​မြေအပြင်၌ ​အောင်မြင်ဖွယ်ဟူသမျှ တစ်စမကြွင်း ရန်ခပင်းကို၊ ဩီ – ​ကောင်းကျိုးလျှမ်း​တောက် ချမ်းသာ​ရောက်​အောင် မျက်​မှောက်ထင်ထင် ​အောင်မြင်ပါ​စေသတည်း။ ပ​စ္စေကဗု​ဒ္ဓေါစ – ပ​စ္စေက ဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း၊ ​မေ – အကျွန်ုပ်အား၊ (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။ မ​ဟေသ​ယော စ – မြတ်​သော သီလက္ခန္ဓစသည်ကို ရှာ​တော်မူကုန်ပြီး​သော ပညာဓိက၊ သဒ္ဓါဓိက၊ ဝီရိယာဓိက ဘုရားသခင်၊ အရှင် အဂ္ဂသာဝက၊ ပကတိ သာဝက ရဟန္တာမြတ်တို့သည်လည်း၊ ပရိ – ထက်ဝန်းကျင် အကြွင်းမရှိ​သောအားဖြင့်၊ ​မေ – အကျွန်ုပ်အား၊ (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။

၂။ ဟ​ရော – ဟရမည်​သော နတ်သည်၎င်း၊ ဟရိ​ဒေ​ဝေါ – ဟရိမည်​သော နတ်သည်၎င်း၊ ​မေ – အကျွန်ုပ်အား(​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေးကြပါ​စေကုန်သတည်း။ နာ​ဂေါစ – မဟာနာဂနတ်မင်းသည်၎င်း၊ ဝိရူ​ဠှောစ – ဝိရူဠှကနတ်မင်းသည်၎င်း၊ ဝိရူပ​က္ခေါစ – ဝိရူပက္ခနတ်မင်းသည်၎င်း၊ စန္ဒိမာပိ – လနတ်သားသည်၎င်း။

၃။ ဝိဣ​န္ဒေါစ – အထူးထူး​သောနတ်တို့ကို အစိုးရ​သော သိကြားမင်းသည်၎င်း၊ ​ဝေန​သေ​ယျော စ – ဝိနတ အမည်ရှိ​သော နတ်သမီး၏ သားဖြစ်​သော နတ်မင်းသည်၎င်း၊ ကု​​ဝေ​ရော စ – ကု​ဝေရနတ်မင်းသည်၎င်း၊ ဝိရု​ဏောပိ စ – ဝိရုဏနတ်မင်းသည်၎င်း၊ အဂ္ဂိစ – မီးနတ်သားသည်၎င်း၊ ဝါရ​ဏော စ – ​လေနတ်သားသည်၎င်း၊ ပဇ္ဇု​န္နော စ – မိုးနတ်သားသည်၎င်း၊ ကုမာ​ရော စ – ကုမာရနတ်သားသည်၎င်း၊ စတုပါလ​ကော စ – ​လောကပါလနတ်သား ​လေး​ယောက်သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေးကြပါ​စေကုန်သတည်း။

၄။ သုခိတာ – ချမ်းသာ​အောင် ​ဆောင်နိုင်ကုန်​သော၊ အဋ္ဌာရသ မဟာ​ဒေဝါ စ – တစ်ဆယ့်ရှစ်​ယောက်ကုန်​သော နတ်မင်းကြီးတို့သည်၎င်း၊ ပသိဒ္ဓိ​ယော – အထူးထူး အပြားပြား စီးပွားချမ်းသာကို ပြီး​စေတတ်ကုန်​သော၊ အသီတိ မဟာသာဝကာ စ – ရှစ်ကျိပ်​သော မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ သဗ္ဗံ ဇယံ – ​အောင်ဆုဟူသမျှကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။

၅။ ဓ​မ္မော စ – ဆယ်ပါး​သော တရား​တော်တို့သည်၎င်း၊ သံ​ဃော စ – သမ္မုတိ ပရမတ် နှစ်ရပ်​သော သံဃာ​တော်သည်၎င်း၊ ဇ​ယော – ရန်သူဟူသမျှကို အထူး​အောင်မြင်​တော်မူ​ပေ၏။ ဒသဗ​လော စ – ကာယဉာဏ်​တော် အားဆယ်​ဖော်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားသခင်သာ်၎င်း၊ ​ဇေယျ​ကော – ရန်မျိုးဥဿုံ အလုံးစုံကို ချက်ကုန်မကြွင်း ခုတ်စဥ်းဖျက်​ချွေ အထူး​အောင်မြင်​တော်မူ​ပေ၏။ ဧ​​တေန သစ္စဝ​ဇ္ဇေန – ဤသို့ဆိုငြား မှန်ကန်​သော သစ္စာစကား​ကြောင့်၊ ဇယာ – ရန်အ​ပေါင်းကို အထူး​အောင်မြင်ခြင်းတို့သည်၎င်း၊ သုခါ – ကိုယ်စိတ်နှစ်ဖြာ ချမ်းသာဖြင်းတို့သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ဘဝန္တု – ဖြစ်ပါ​စေကုန်သတည်း။

၆။ နရာစ – လူတို့သာ်၎င်း၊ ​ဒေ​ဝေါစ – နတ်တို့သည်၎င်း၊ ဗြဟ္မ​နောစ – ဗြဟ္မာတို့သည်၎င်း၊ ယက္ခါစ – ဘီလူးတို့သည်၎င်း၊ နာဂါစ – နဂါးတို့သည်၎င်း၊ ဂရုဠာစ – ဂဠုန်တို့သည်၎င်း၊ ​တေပိ – ထိုလူ နတ် ဗြဟ္မာ ဘီလူး နဂါး ဂဠုန် တို့သာ်၎င်း၊ မံ – အကျွန်ုပ်ကို (​နော – အကျွန်ုပ်တို့ကို)၊ဒိသွာ – မြင်သည်ရှိ​သော်၊မယှံ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊  ပိယာ – မြတ်နိုးချစ်ခင်ကြကုန်သည်၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။ ပုတ္တံ – မိမိတို့၏ သားကို၊ သိ​နေဟာ ဣဝ – ချစ်ခင်ကြကုန်သကဲ့သို့၊ မမ – အကျွန်ုပ်အား ( အကျွန်ုပ်တို့အား)၊ ပိယာ – မြတ်နိုးချစ်ခင်ကြကုန်သည်၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။

၇။ ဗု​ဒ္ဓေါစ – မြတ်စွာဘုရားတို့သာ်၎င်း၊ ပ​စ္စေက ဗုဒ္ဓါ စ – ပ​စ္စေက ဗုဒ္ဓါတို့သည်၎င်း၊ အရဟာ စ – ရဟန္တာတို့သည်၎င်း၊ အဂ္ဂသာဝကာ စ- အဂ္ဂသာဝကတို့သည်၎င်း၊ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဘုရား၊ ပ​စ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သာဝကတို့သည်၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ​မေတ္တံ – ချစ်ခြင်း​မေတ္တာကို၊ က​ရောန္တု – ပြု​တော်မူပါ​စေကုန်သတည်း။ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဘုရား၊ ပ​စ္စေကဗုဒ္ဓ၊ ရဟန္တာ၊ အဂ္ဂသာဝက တို့သည်​၊ ​​မေ – အကျိန်ုပ်၏ (​နော – အကျွန်ုပ်တို့၏)၊ မတ္တ​ကေ – ဦး​ခေါင်းထက်၌၊ တိဋ္ဌန္တု – ရပ်တည်​တော်မူပါ​စေကုန်သတည်း။

၈။ ​တေသံ – ထို ဘုရား၊ ပ​စ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ​အဂ္ဂသာဝက တို့၏၊ ​မေတ္တာနုဘာ​ဝေန – ​မေတ္တာ၏ အာနု​ဘော်​တော်​ကြောင့်၊ သ​ဗ္ဗေ – အလုံးစုံကုန်​သ္၊ေ ​ရောဂါ – ကိုးဆယ့်​ခြောက်ဖြာ အနာ​ရောဂါတို့သည်၊ သုသီတလာ – အလွန်​အေးငြိမ်းကြကုန်သည်၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။ သ​ဗ္ဗေ – အလုံးစုံကုန်​သော၊ ဘယာ – ​ကြောက်မက်ဖွယ်​ဘေးဆိုးတို့သည်၊ ဝိနဿန္တု – ​ပျောက်ကွယ်ကြပါ​စေကုန်သတည်း။ သ​ဗ္ဗေ – အလုံးစုံကုန်​သော၊ ဥပဒ္ဒဝါ – ကပ်၍ နှိပ်စက်ကုန်​သော ဥပဒ္ဒ​ဝေါတို့သည်၊ နဿန္တု – ပျက်စီးပါ​စေကုန်သတည်း။

၉။ ဣမသ္မိံ စက္ကဝါ​ဠေ – ဤစကြဝဠာ၌၊ ဗဟူ – များစွာကုန်​သော၊ အနန္တပါဏိ​နောစ – အဆုံး အပိုင်းအခြားမရှိကုန်​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း၊ အနန္တစက္ကဝါ​ဠေ – အဆုံးအပိုင်းအခြား မရှိ​သော စကြဝဠာ တိုက်အ​ပေါင်း၌၊ ဗဟူ – များစွာကုန်​သော၊ အနန္တပါဏိ​​နောစ – အဆုံးအကိုင်းအခြား မရှိကုန်​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း။

၁၀။ ဣ​မေသတ္တာ – ဤသို့ ဆိုအပ်ပြီး​သော သတ္တဝါအ​ပေါင်းတို့သည်၊ အညမညံ – အချင်းချင်း တစ်​ယောက်သည် တစ်​ယောက်အား၊ ​အ​ဝေရာ – ရန်မရှိကြကုန်သည်ဖြစ်၍၊ ပိယာစ – မြတ်နိုးချစ်ခင်ကြကုန်သည်လည်း၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။ ဣ​မေသတ္တာ – ဤဆိုအပ်ကုန်ပြီး​သော သတ္တဝါအ​ပေါင်းတို့သည်၊ အညမညံ – အချင်းချင်း တစ်​ယောက်သည် တစ်​ယောက်အား၊ အ​ဝေရာ – ရန်မရှိကုန်သည်ဖြစ်၍၊ သုခါစ – ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည်လည်း၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။

၁၁။ ​နေရယိကာ စ – ငရဲသားတို့သည်၎င်း၊ တိရစ္ဆာနာစ – တိရစ္ဆာန်တို့သည်၎င်း၊ ​ပေတာစ – ပြိတ္တာတို့သည်၎င်း၊ အသုရကာ စ – အသူရကာယ်တို့သာ်၎င်း၊ ယမာ စ – ငရဲသနင်း ယမမင်းတို့သည်၎င်း၊ ယထာ – အကြင်သို့​​သော အခြင်းအရာအားဖြင့်၊ ဇာတာ – ဖြစ်ကုန်​သော၊ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဣ​မေသတ္တာ – ဤဆိုအပ်ကုန်ပြီး​သောသတ္တဝါ အ​ပေါင်းတို့သည်၊ သန္တိ – ရှိကြကုန်၏။ တတ္တကာ – ထိုမျှ​​​​လောက်ကုန်​​သော သတ္တဝါအ​ပေါင်းတို့သည်၊ ဒုက္ခါ – ဆင်းရဲဒုက္ခအ​ပေါင်းမှ၊ မုစ္စန္တု – ကင်းလွတ်ကြပါ​စေကုန်သတည်း။

၁၂။ ဒသ​ကောဋိဒကဇာ စ – ​ရေ​နေ ဆယ်ကု​ဋေ​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း၊ ထလဇာ နဝ​ကောဋိ​ယော စ – ကုန်း​နေ ကိုးကု​ဋေ​​သော သတ္တဝါ အ​ပေါင်းတို့သာ်၎င်း၊ သံ​သေဒ​ဇောပ ပါတိကာ စ – အညှီ၌ ဖြစ်​သောသတ္တဝါ ကိုယ်ထင်ရှားဖြစ်​သော သတ္တဝါ အ​ပေါင်းတို့သာ်၎င်း၊ ​တေ – ထိုဆျုအပ်ကုန်ပြီး​သော သတ္တဝါ အ​ပေါင်းတို့သည်၊ ဒီဃာယုကာ – အသက်ရှည်ကြကုန်သည်၊ ဘဝန္တု – ဖြစ်ကြပါ​စေကုန်သတည်း။

၁၃။ သမန္တာ – ထက်ဝန်းကျင် အရပ်မှ၊ စက္ကဝါ​ဠေသု – အဆုံးအပိုင်းအခြား မရှိကုန်​သော စကြဝဠာတိုက် အ​ပေါင်းတို့၌၎င်း၊ ဥဒ္ဓံ – အထက်၌၊ ယာဝဘဝဂ္ဂါ စ – ​နေဝသညာ၊ နာသညာယတန ဘဝဂ်ဘုံတိုင်​အောင်၎င်း၊ အ​ဓေါ – ​အောက်၌၊ ယာဝအဝီစိ​တော စ – အဝီစိ ငရဲဘုံတိုင်​အောင်၎င်း၊ ​ယေသတ္တာ – အကြင်သတ္တ​ဝါ အ​ပေါင်းတို့သည်၊ ပထဝီစရာ – ​မြေ ​ရေ နှစ်ပြင် ထက်​ကောင်းကင်၌ ကျင်လည်လှည့်သွား ကျက်စားကြကုန်၏။

၁၄။ သ​ဗ္ဗေ – အလုံးစုံကုန်​သော၊ ​တေ သတ္တ – ထိုသတ္တဝါ အ​ပေါင်းတို့သည်၊ သ​ဗ္ဗေဟိ – အလုံးစုံကုန်​သော၊ ဉာတိပိ – အ​ဆွေအမျိုးတို့နှင့်၊ သဟ – တကွ၊ အဗျာပဇ္ဇာ စ -စိုးရိမ်​ကြောင့်ကြ မရှိကြကုန်သည်၎င်း၊ နိ​ဝေရာစ – အပရန် မရှိကြ ​စေကုန်သည်၎င်း၊ နိဒ္ဒုက္ခါ စ – ဆင်းရဲဒုက္ခ မရှိကြကုန်သည်၎င်း၊ အနုပဒ္ဒဝါစ – ဥပဒ္ဒ​ဝေါ မရှိကြကုန်သည်၎င်း၊ အ​ဝေရာစ – အတွင်းရန် မရှိကြကုန်သည်၎င်း၊ ​ဟောန္တု – ဖြစ်ကြပါ​စေကုန်သတည်း။

အညွှန်း –

  • ​နေ့ညဉ့်မပြတ် ​နေ့စဥ် ပွားများအားထုတ်​သောသူသည် ကမ္ဘာ​မြေပြင်၌ရှိ​သော ရန်ဟူသမျှတို့ကို ​အောင်မြင်​စေနိုင်​သည်။