လက်နက်ကိုးဖြာ ဘုရားရှိခိုး

၀ါတံ ၀ဿဥ္စ ပါသာဏံ၊ အာဝုဓံ ဝါဠုကံ တထာ။

ကုက္ကုဠံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိ မေ နဝ။

သတ္ထေ မာရေန ဝိဿဋ္ဌေ၊ ဝိဇယန္တံ ဇိနံ နမေ။

အဟမ္ပိ တေန ပုညေန၊ ဝိဇေယျံ သဗ္ဗမာယုဓေ။

အနက် –

(၁) အုံ့မှိုင်းလေဆိုး မုန်တိုင်းမျိုးကို၎င်း၊

(၂) မိုးကြမ်းရေဆိုး လက်နက်မျိုးကို၎င်း၊

(၃) ကျောက်ခဲကျောက်စိုင် မိုးကို၎င်း၊

(၄) တဖက်သွား နှစ်ဖက်သွားဟူသော လှံဓားစသော လက်နက်မျိုးကို၎င်း၊

(၅) သဲထုမိုးကို၎င်း၊

(၆) ပြာပူမိုးကို၎င်း၊

(၇) ရွှံ့ညွှန်မိုးကို၎င်း၊

(၈) မီးကျီးမိုးကို၎င်း၊

(၉) အမိုက်မှောင်ကို၎င်း၊

ဤသို့ မာရ်နတ်ပစ်လွင့်အပ်ကုန်သော လက်နက်အန္တရာယ် ကိုးမျိုးတို့ကို အောင်ခြင်းကြီး အောင်တော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

တပည့်တော်သည် ထိုသို့ရှိခိုးရသော ကုသိုလ်ကံစေတနာကြောင့် အလုံးစုံသော လက်နက်မျိုးတို့ကို ယနေ့ကစ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် မမြင်ရ၊ မကြားရ၊ အဝေးကပင် အောင်နိုင်ရသည့်ကိုယ် ဖြစ်ရပါလို၏ မြတ်စွာဘုရား။

  • တောင်တွင်းကြီးဆရာတော်-အတုလခင်ကြီးဖျော်