အရဟံ ဇယံ(ရသေ့ကြီး ဦးခန္တီ ရွတ်ဆိုသော ဘုရားရှိခိုး)

 အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

 အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊

 စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊

 သုခ ဒံ ၊ သရဏံ ၊ ပ ဏမာမိ ဇိနံ။

အနက် –

၁။အရဟံ=

ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရားကို၊ ပ ဏမာမိ=ရှိခိုးပါ၏။

၂။ဗဟိ-အန်တ-ဇယ=အတွင်း-အပ ရန်ကို အောင်တော်မူသောမြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၃။သုဂတံ=ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၄။အမိတံ=မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသောမြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

 ၅။ဝိရဇံ=ကိလေသာမြူ ကင်းတော်မူသောမြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၆။လလိတံ=တင့်တယ် သပျပါယတြောမြူသောမြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၇။အတုလံ=အတုမရှိသော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၈။စရဏံ=အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၉။တိ-ဘဝူပ-သမံ=ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၁ဝ။ယမကံ=ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၁၁။သုခဒံ=ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၁၂။သရဏံ=ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။

၁၃။ဇိနံ=မာရ်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို

ပ ဏမာမိ=ရှိခိုးပါ၏။