ရွှေတိဂုံစေတီတော် ဘုရားရှိခိုး

အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျတည့်၊မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ၊ပလ္လင်မြေမှ ၊ လှည့်ခြွေစိုးစံ ၊ သတ်ဌာနံတွင်၊ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေဝယ်၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာထူးလှ၊ တပုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့၊ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍၊ နှစ်ပါးမွှေးထုံ၊ သရဏဂုဏ်နှင့် ၊ ရှစ်စုံဆံမြတ်၊

သရီဓာတ်ကို ၊ ရလတ်သောခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေဝါအများ ၊ မိုးသိကြားတို့ ၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင်၊တိဂုံရှင်ကို ၊ ဖူးမြင်စေဌာ ၊ ဌာပနာ၏၊

ရှေး ခါရိပ်မြုံ ၊ စံကြတုံသည် ၊ သံ; ဂုံ; ပ; ရှင်၊ထွတ်သခင်တို့ ၊ နောင်လျှင် မျှော်ဆ၊ကောင်းကျိုးရဖို့ ၊ ဓမ္မကရိုဏ် ၊ခြောက်ရောင်ဆိုင်နှင့် ၊ သင်းပိုင်; ရေသနုပ်၊ ဆန်းစွာ လုပ်သည့် ၊ လက်ဆုပ်တောင်ဝှေး၊ဂုဏ်ရောင်ပြေးလျက်၊ ကြိုင်မွှေး ပျံ့သင်း၊ ဤတောင်မင်း၌ ၊ သီတင်းသုံးရာ ၊ မှန်ခဲ့ပါ၏၊

လေးဖြာစုံပုံ ၊ လေးဓာ တ်စုံသား ၊ တိဂုံဆံရှင်၊ မြတ်သခင်ကို ၊အိပ်လျှင် ရှိခိုး၊နိုးလျှင် ဓိဋ္ဌာန် ၊ ပြည်နိဗ္ဗာန်ကို ၊ အမှန်ရောက်ရပါလိုသော် မြတ်ရှင်စောသြကာသ……သြကာသ……သြကာသ။