အန္တရာယ်ရှင်း ကပ်ဘေးကင်း ဘုရားရှိခိုး

ကတာမေ ရက္ခာ၊ ကတံမေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ၊

သောဟံ နမော ဘဂဝတံ၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

အနက် –

မေ = ဘုရားတပည့်တော်သည်၊

ရက္ခာ = ခုနစ်ဆူ မြတ် ရည်မျှော်မှတ်လျက် တုပ်ဝပ်ရိုကျိုး အစောင့်အရှောက်မျိုးကို၊

ကတာ = ဒိသာ ဆယ်ရပ် ဝန်းရံပတ်လျက် ပြုအပ်ပါပေပြီ၊

‌မေ= ဘုရားတ ပည့်တော်သည်၊

ပရိတ္တံ= ‌ဘေးရန်အများ ဝေးရာရှားဖို့ မြတ်သော အရံအတားကို၊

ကတံ= ကိုယ်တွင်းကိုယ်ပြင် စီစ ဉ်ရည်မှတ် ပြုအပ်ပါပေပြီ၊

ဘူတာနိ= ရန်သူဖြစ်ငြား သတ္တဝါအများတို့သည်၊

ပဋိက္ကမန္တု= ‌ဝေးရာတစ်ပါး ရှောင်ရှား ဖဲခွါ ကြပါစေကုန်သတည်း။

သောဟံ-သော အဟံ= ခုနစ်ဆူဘုရား ညွတ်တွားဦးချီ ဘုရားတပည့်တော်သည်၊

ဘဂဝတံ= ဘုန်းရောင်တင့်ကြွား အရှင်မြတ်ဘုရားတို့အား၊

နမော= တုပ်ဝပ်ရိုကျိုး မာန်ညွန့်ချိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

သတ္တန္နံ= ခုနစ်ဆူကုန်သော၊

သမ္မာသမ္ဗုဒ္ဓါနံ = သဗ္ဗညုသခင် ရှင်တော်မြတ် ဘုရားကြီးတို့အား၊

နမော= ဆယ်လက်စုံမိုး ရိုညွတ်ကျိုးလျက် ရှိခိုးပါ၏ဘုရား။

  • လယ်တီဆရာတော်ကြီး၏ ခုနစ်ဆူဘုရားရှိခိုး