Author: bawdiwiki

  • မာရဝိဇယ ပဒုမ ဂါထာ

    ဇိနာတိ မာရာရိ ဇိနော ဒယာလယော၊ဇိနုတ္တ ဓမ္မောစ ဇိနေန ပူဇိတော။ဇိနောရသော နန္တ ဇိနပ္ပ သံသိတော၊ဇိနာဒယော တေရိ ဇိတေ နမာ မဟံ။ အနက် –ဒယာလယော – မဟာကရုဏာ၏ တည်ရာဖြစ်တော်မူသော၊ ဇိနော – မြတ်စွာဘုရားသည်၊ မာရာရိ – ဒေဝပုတ္တ စသော မာရ်ဆတတ္ထာရ စသော ရန်တို့ကို၊ ဇိနာတိ – အောင်တော်မူ၏။ ဇိနုတ္တ ဓမ္မောစ – မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကိုလည်း၊ ဇိနေန – မြတ်စွာဘုရားသည်၊ ပူဇိတော – ပူဇော်တော်မူအပ်၏။ ဇိနောရသော – ဘုရားမြတ်စွာ၏ သားတော်ဖြစ်သော အရိယာပုဂ္ဂိုလ် အပေါင်းကိုလည်း၊ အနန္တဇိနပ္ပသံသိတော – အတိုင်းမသိသော ကျေးဇူးတော်ရှိသော မြတ်စွာဘုရားသည်…

  • အသက်မရှူသူ ၇ ဦး

    • ရေနစ်နေသောသူ• ပဋိသန္ဓေနေသောသူ• သေသောသူ• မေ့မျောနေသောသူ• စတုတ္ထဈာန် ဝင်စားနေသောသူ• ဖလသမာပတ် ဝင်စားနေသူ• ဗြဟ္မာ

  • ၂၄ ပစ္စည်း မေတ္တာပို့

    ၁။ ဟေတု ပစ္စယော – ကောင်းသော အကြောင်းတရား တိုးပွားကြရပါစေသော်။၂။ အာရမ္မဏ ပစ္စယော – ကောင်းသောအာရုံ၊ အကောင်းဆုံးသောအာရုံ တွေ့ကြုံကြရပါစေသော်။၃။ အဓိပတိ ပစ္စယော – ဆန္ဒနှင့်ဇွဲ စိတ်ဉာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။၄။ အနန္တရ ပစ္စယော – ကုသိုလ်၏ အခြားမဲ့မှာ ကုသိုလ်သာ ဖြစ်ကြရပါစေသော်။၅။ သမနန္တရ ပစ္စယော – ကောင်းမှု၏အခြားမဲ့မှာ ကောင်းမှုသာ ဖြစ်ကြရပါစေသော်။၆။ သဟဇာတ ပစ္စယော – အတူတကွ ပုညကုသိုလ်တိုးစေသော်။၇။ အညမည ပစ္စယော – အချင်းချင်း ရင်တွင်းမေတ္တာဖြိုးစေသော်။၈။ နိဿယ ပစ္စယော – ရတနာသုံးလီ မှီတည်ကြရပါစေသော်။၉။ ဥပနိဿယ ပစ္စယော – လောကုတ္တရာကိုးလီ မှီတည်ကြရပါစေသော်။၁၀။ ပုရေဇာတ ပစ္စယော –…

  • သံဝေဂ လင်္ကာ

    ၁။ သန္ဓေဇာတိ၊ ရွဲလာဘိက၊ ဗျာဓိလက်နက်၊ သူ့ဒဏ်ချက်ကို၊ တစ်ရက်ရက်တွင်၊ တွေ့မြဲပင်တည်း၊ ငြိုငြင်ပင်ပန်း၊ လွန်ညှိုးနွမ်းလျှက်၊ မကျန်းမမာ၊ ငါ့ခန္ဓာသည်၊ ဦးစွာဇာတိ ရှိသောကြောင့်။ ၂။ မြေ၊ ရေ၊ လေ၊ မီး သူဦးစီးလျှက်၊ ဓါတ်ကြီးလေးခု၊ ညီညွှတ်မှုကြောင့်၊ ပြုလုပ်သွားလာ၊ ဤခန္ဓာကား၊ လေးဖြာဓါတ်ချက်၊ တစ်ခုပျက်က၊ ခြေလက်မသယ်၊ စက်ခန်းလယ်၌၊ ညှိုးငယ်လှိုက်ဖို၊ လွန်ငြင်ငြိုသည်၊ ငါ့အလို မလိုက်ပါတကား။ ၃။ ဓါတ်ကြီးလေးတန်၊ အမာခံ၍၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးတို့၊ ရောထွေးပေါင်းချုပ်၊ ဤကိုယ်ရုပ်ကား၊ သမုဋ္ဌာန၊ သဘာဝဖြင့်၊ စိတ်က ပြုစု၊ ဥတု စီမံ၊ ကံ အမိန့်ပေး၊ အစေး အာဟာရ၊ ပြုသမျှကို၊ လုံးဝလိုက်ကာ၊ ခံရ ရှာ၍၊ ရောဂါထိုထို၊ ဝင်လာခိုသည်၊ ငါ့ကိုယ်…

  • သိဒ္ဓိအောင် ပုတီးစိပ်

    သိဒ္ဓိ ဘဂဝါ အရဟံ ဗုဒ္ဓေါ မေ သတ္တပါကာရံ၊ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။သိဒ္ဓိ ဘဂဝါ အရဟံ ဓမ္မော မေ သတ္တပါကာရံ၊ဓမ္မံ သရဏံ ဂစ္ဆာမိ။သိဒ္ဓိ ဘဂဝါ အရဟံ သံဃော မေ သတ္တပါကာရံ၊သံဃံ သရဏံ ဂစ္ဆာမိ။ အနက် –အရဟံ – လူနတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော် မူထျုက်သော၊ဘဂဝါ – ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊သိဒ္ဓိ – လောကီသိဒ္ဓိ၊ လောကုတ္တရာသိဒ္ဓိ အမျိုးမျိုးတို့နှင့် ပြည့်စုံပါ၏၊ဗုဒ္ဓေါ – မြတ်စွာဘုရားသည်၊မေ – တပည့်တော်အား၊သတ္တပါကာရံ – တံတိုင်း ခုနှစ်ထပ် ကာရံဘိသကဲ့သို့ ဘေးရန်အမျိုးမျိုးတို့ကို ကာကွယ်စောင့်ရှောက်တော် မူပါဘုရား၊ဗုဒ္ဓံ – မြတ်စွာဘုရားကိုသရဏံ – ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ…

  • အောင်ခြင်းရှစ်ပါး ဂါထာ

    မာရံ ယက္ခံ ဂဇံ စောရံ၊စိဥ္စမာဏဥ္စ သစ္စကံ၊နာဂံ ဗကံ ဇိနော ဇိနိ၊ဟောတု မေ ဇယ မင်္ဂလံ။ အနက် –ဇိနော – မြတ်စွာဘုရားသည်၊ မာရဥ္စ – မာရ်နတ်မင်းကို၎င်း၊ ယက္ခဥ္စ – အာဠာဝက ဘီလူးမင်းကို၎င်း၊ ဂဇဥ္စ – နာဠာဂီရိ ဆင်ပြောင်ကြီးကို၎င်း၊ စောရဥ္စ – အင်္ဂုလိမာလကို၎င်း၊ စိဥ္စမာဏဥ္စ – စိဥ္စမာခေါ် မိန်းမယုတ်ကို၎င်း၊ သစ္စကံ – သစ္စက ပရဗိုဇ်ကို၎င်း၊ နာဂဥ္စ – နန္ဒေါပနန္ဒ နဂါးမင်းကို၎င်း၊ ဗကဥ္စ – ဗက ဗြဟ္မာကြီးကို၎င်း၊ အဇိနိ – အောင်မြင်တော်မူခဲ့လေပြီ။ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်၊ မေ – တပည့်တော်၏၊ ဇယမင်္ဂလံ…

  • စက်ကြီး (၁၃/၁၅) ပါး

    (၁) သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်(၂) တစ်ဆယ့်လေးချက် ဓမ္မစက်(၃) တစ်ဆယ့်ရှစ်ချက် သံဃစက်(၄) လရောင်းဝင်းလျှက် ရှင်ပစ္စေက ဗုဒ္ဓ ရဟန္တာစက်(၅) မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူးလျှက် မိဘစက်(၆) ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာစက်(၇) ဝရဇိန်လက်နက် ဗြဟ္မာစက်(၈) မိုးကြိုးလက်နက် သကြားစက်(၉) လောင်မီးကျလျှက် နတ်တို့စက်(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်(၁၁) တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျှက် နဂါးစက်(၁၃) သုံးတောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျှက် သီဟစက်။(စက် ၁၃ ပါး ပြီး)(၁၄) ယုဂန်တောင်ဖျား မားမားရပ်လျှက် လမင်းစက်၊(၁၅) လေးကျွန်းဗဟို လေးလီသွားလျက် နေမင်းစက်။စက်ကြီးတစ်ဆယ့်သုံးပါး (စက်ကြီး တစ်ဆယ့်ငါးပါး)၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်းမှုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း။သြောင်း-နမော ဗုဒ္ဓါ နုဘာဝေနသြောင်း-နမော ဓမ္မာ…

  • ဘေးရှစ်ပါး ကင်းလွတ်ကြောင်း ဆုတောင်းဂါထာ

    အ၊ စော၊ ဗျ၊ သီ၊ က၊ ရာ၊ ဝါ၊ တေ၊ဟိ၊ ရ၊ ဂ္ဃ၊ ဟ၊ ရိ၊ ဇာ၊ ရိ၊ ဇ။ဝဓဒေဋ္ဌ ဘယေဟိသော၊ရက္ခမံ မာရဇိ ဇိန။ အနက် –မာရဇိ – အ၊ ကိ၊ ခန်၊ မ၊ ဒေ၊ မာရ် ငါးထွေကို မြစ်ခြေစန မကျန်ရအောင် ဥာဏစက်ရှိန် ဝရဇိန်ဖြင့် ပစ်ချိန်သတ်ခွင်း အောင်ပွဲကျင်းတော်မူပြီးသော၊ ဇိန – အောင်ပွဲသခင် ရှင်ပင်မြတ်ဘုရား၊ သောတွံ – ထိုရှင်ပင်မြတ်ဘုရားသည်၊ မံ – ဝဋ်ဘုံကျလဲ၊ ဒုက္ခဝဲ၌ အမြဲနိစ္စ နစ်မွန်းနေရသော ဒုဂ္ဂတ ခေါ် တပည့်တော်ကို၊ အဟိ – မြွေကင်း၎င်း၊ စောရ စောရော…

  • ဗောဇ္ဈင်္ဂသုတ်

    ၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တ ကုတ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။၃။ ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ ဩသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။၆။ သံဝတ္တန္တိ အဘိညာယ၊…

  • ကုဏ္ဍဓါန (ထီဆုရဂါထာ)

    ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ၊ဘိက္ခူနံ ပဌမံ သလာကံ ဂဏှန္တာနံ၊ယဒိတံ ကုဏ္ဍဓါနော၊ဧတေနသစ္စဝဇ္ဇေန တထာမေဟောတု သဗ္ဗဒါ။ အနက် –ဘိက္ခဝေ – ရဟန်းတို့၊ ဧတံ – ဤကုဏ္ဍဓါနသည်၊ မမ – ငါဘုရား၏၊ သာဝကာနံ – သာဝကဖြစ်ကုန်သော၊ ဘိက္ခူနံ – ရဟန်းတို့တွင်၊ ပဌမံ – ရှေးဦးစွာ၊ သလာကံ – စာရေးတံဆုကို၊ ဂဏှန္တာနံ – ရေတွက်ခြင်းတို့တွင်၊ ယဒိဒံယံသော အယံကုဏ္ဍဓါနော – အကြင်အရှင် ကုဏ္ဍဓါနမထေရ်သည်၊ အဂ္ဂံအဂ္ဂေါ – အမြတ်ဆုံး ဖြစ်တော်မူ၏။ဧတေနသစ္စဝဇ္ဇေန – ဤသို့ ဟုတ်မှန်သော စကားကို ဆိုရခြင်းကြောင့်၊ မေ – အကျွန်ုပ်အား၊ တထာ – ထိုကုဏ္ဍဓါနမထေရ် အလားတူ၊…