စက်ကြီး (၁၃/၁၅) ပါး

(၁) သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
(၂) တစ်ဆယ့်လေးချက် ဓမ္မစက်
(၃) တစ်ဆယ့်ရှစ်ချက် သံဃစက်
(၄) လရောင်းဝင်းလျှက် ရှင်ပစ္စေက ဗုဒ္ဓ ရဟန္တာစက်
(၅) မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူးလျှက် မိဘစက်
(၆) ဂုဏ်ကျေးဇူးကို အထူးသိလျှက် ဆရာစက်
(၇) ဝရဇိန်လက်နက် ဗြဟ္မာစက်
(၈) မိုးကြိုးလက်နက် သကြားစက်
(၉) လောင်မီးကျလျှက် နတ်တို့စက်
(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်
(၁၁) တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်
(၁၂) အာခံတွင်းက ဝင်းဝင်းတောက်လျှက် နဂါးစက်
(၁၃) သုံးတောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျှက် သီဟစက်။
(စက် ၁၃ ပါး ပြီး)
(၁၄) ယုဂန်တောင်ဖျား မားမားရပ်လျှက် လမင်းစက်၊
(၁၅) လေးကျွန်းဗဟို လေးလီသွားလျက် နေမင်းစက်။
စက်ကြီးတစ်ဆယ့်သုံးပါး (စက်ကြီး တစ်ဆယ့်ငါးပါး)၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်းမှုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း။
သြောင်း-နမော ဗုဒ္ဓါ နုဘာဝေန
သြောင်း-နမော ဓမ္မာ နုဘာဝေန
သြောင်း-နမော သံဃာ နုဘာဝေန
သြောင်း-နမော ဒူရေ ဒူရေ၊သွား ဟုံ ဟုံ။

အနက် –
စက် – တန်ခိုးတော်၊
တစ်ရာ့ရှစ်ကွက် – မြတ်စွာဘုရား၏ ခြေဖဝါးတော်၌ ပါရှိသော စက်လက္ခဏာတော် (၁၀၈) ပါး၊
တစ်ဆယ့်လေးချက် – မဂ် (၄) ပါး၊ ဖိုလ် (၄) ပါး၊ တရားဂုဏ်တော် (၆) ပါးကို ပေါင်းခြင်း၊
တစ်ဆယ့်ရှစ်ချက် – အရိယာ သံဃာ (၈) ပါး၊ သမ္မုတိ သံဃာ (၁) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး ပေါင်းခြင်း၊
သြောင်း – သိဒ္ဓိဟူသမျှ ပြီးမြောက်ပါစေသတည်း၊
ဒူရေ ဒူရေ – အလွန်ဝေးသော နေရာသို့၊
သွားဟုံဟုံ – ကောင်းကျိုး ချမ်းသာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေသတည်း။

အညွှန်း –

အိပ်ရာဝင်တိုင်းရွတ်လေ ဘေးကင်းလေ ဖြစ်သည်။