အောင်ခြင်းရှစ်ပါး ဂါထာ

မာရံ ယက္ခံ ဂဇံ စောရံ၊
စိဥ္စမာဏဥ္စ သစ္စကံ၊
နာဂံ ဗကံ ဇိနော ဇိနိ၊
ဟောတု မေ ဇယ မင်္ဂလံ။

အနက် –
ဇိနော – မြတ်စွာဘုရားသည်၊ မာရဥ္စ – မာရ်နတ်မင်းကို၎င်း၊ ယက္ခဥ္စ – အာဠာဝက ဘီလူးမင်းကို၎င်း၊ ဂဇဥ္စ – နာဠာဂီရိ ဆင်ပြောင်ကြီးကို၎င်း၊ စောရဥ္စ – အင်္ဂုလိမာလကို၎င်း၊ စိဥ္စမာဏဥ္စ – စိဥ္စမာခေါ် မိန်းမယုတ်ကို၎င်း၊ သစ္စကံ – သစ္စက ပရဗိုဇ်ကို၎င်း၊ နာဂဥ္စ – နန္ဒေါပနန္ဒ နဂါးမင်းကို၎င်း၊ ဗကဥ္စ – ဗက ဗြဟ္မာကြီးကို၎င်း၊ အဇိနိ – အောင်မြင်တော်မူခဲ့လေပြီ။
ဧတေန သစ္စဝဇ္ဇေန – ဤသစ္စာစကားကြောင့်၊ မေ – တပည့်တော်၏၊ ဇယမင်္ဂလံ – အောင်မြင်ခြင်း မင်္ဂလာသည်၊ ဟောတု – ဖြစ်ပါစေသတည်း။

အညွှန်း –
ရန်အပေါင်းကို အောင်မြင်သည်။

(မူကွဲ)
မာရာ ဠာဝက နာလာဂိံ
အင်္ဂုလိံ စိဥ္စ သစ္စကံ
နန္ဒေါ ပနန္ဒ ဗြဟ္မဥ္စ
ဇေယျော ဟောတု တတောပရံ
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ
ဓမ္မော မေ ရက္ခတု သဒါ
သံဃောမေ ရက္ခတု ဒိနေ
အာယုဒီဃာ သုခံ ဘဝေ။