၂၄ ပစ္စည်း မေတ္တာပို့

၁။ ဟေတု ပစ္စယော – ကောင်းသော အကြောင်းတရား တိုးပွားကြရပါစေသော်။
၂။ အာရမ္မဏ ပစ္စယော – ကောင်းသောအာရုံ၊ အကောင်းဆုံးသောအာရုံ တွေ့ကြုံကြရပါစေသော်။
၃။ အဓိပတိ ပစ္စယော – ဆန္ဒနှင့်ဇွဲ စိတ်ဉာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။
၄။ အနန္တရ ပစ္စယော – ကုသိုလ်၏ အခြားမဲ့မှာ ကုသိုလ်သာ ဖြစ်ကြရပါစေသော်။
၅။ သမနန္တရ ပစ္စယော – ကောင်းမှု၏အခြားမဲ့မှာ ကောင်းမှုသာ ဖြစ်ကြရပါစေသော်။
၆။ သဟဇာတ ပစ္စယော – အတူတကွ ပုညကုသိုလ်တိုးစေသော်။
၇။ အညမည ပစ္စယော – အချင်းချင်း ရင်တွင်းမေတ္တာဖြိုးစေသော်။
၈။ နိဿယ ပစ္စယော – ရတနာသုံးလီ မှီတည်ကြရပါစေသော်။
၉။ ဥပနိဿယ ပစ္စယော – လောကုတ္တရာကိုးလီ မှီတည်ကြရပါစေသော်။
၁၀။ ပုရေဇာတ ပစ္စယော – ရှေ့ဖြစ်ကုသိုလ် နောက်ကိုလွှမ်းခြုံပါစေသော်။
၁၁။ ပစ္ဆာဇာတ ပစ္စယော – နောက်ဖြစ်ကုသိုလ် ရှေ့ကိုလွှမ်းခြုံပါစေသော်။
၁၂။ အာသေဝန ပစ္စယော – ပါရမီ အစုံစုံ အထုံမြဲကြရပါစေသော်။
၁၃။ ကမ္မ ပစ္စယော – ကောင်းသောကုသိုလ်ကံ မြဲမြံကြရပါစေသော်။
၁၄။ ဝိပါက ပစ္စယော – ကောင်းသောအကျိုး ပွားတိုးကြရပါစေသော်။
၁၅။ အာဟာရ ပစ္စယော – စိတ်အာဟာရ ပြည့်ဝကြရပါစေသော်။
၁၆။ ဣန္ဒြိယ ပစ္စယော – စိတ်ကိုစိုးပိုင် စိတ်နိုင်ကြရပါစေသော်။
၁၇။ ဈာန ပစ္စယော – မေတ္တာဈာန် ရှင်သန်ကြရပါစေသော်။
၁၈။ မဂ္ဂ ပစ္စယော – မဂ္ဂင်လမ်း လျှေက်လှမ်းကြရပါစေသော်။
၁၉။ သမ္ပယုတ္တ ပစ္စယော – သူတော်ကောင်းဓါတ် ယှဥ်စပ်ကြရပါစေသော်။
၂၀။ ဝိပ္ပယုတ္တ ပစ္စယော – မကောင်းမှုများ ပယ်ရှားကြရပါစေသော်။
၂၁။ အတ္ထိ ပစ္စယော – ကောင်းရာသုဂတိ မြဲရှိကြရပါစေသော်။
၂၂။ နတ္တိ ပစ္စယော – အပါယ်ဒုဂ္ဂတိ မရှိကြရပါစေသော်။
၂၃။ ဝိဂတ ပစ္စယော – ဆင်းရဲခြင်း ကင်းရှင်းကြရပါစေသော်။
၂၄။ အဝိဂတ ပစ္စယော – ချမ်းသာခြင်း မကင်းကြရပါစေသော်။