ဘုရားလောင်း နောက်ဆုံးဘဝပဋိသန္ဓေယူရန် ကြည့်ခြင်း ငါးပါး

  • ကာလ – တစ်သိန်းတမ်းနှင့် တစ်ရာတမ်းတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း
  • ဒီပ – ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း
  • ဒေသ – မဇ္ဈိမဒေသကို ကြည့်ခြင်း
  • ကုလ – မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့အလေးအမြတ်ပြုသော အမျိုးကို ကြည့်ခြင်း
  • ဇနေတ္တိယာအာယု – မယ်တော်၏ အသက်ကို ကြည့်ခြင်း