ဧ ကိုးချက် ဂါထာ

ဧကစိတ္တံ ဝိစိ​န္တေတွာ၊ ဧကဓမ္မံ သုနိဿတိ၊

ဧသ​တော ဧသ​မော ​လော​ကေ၊ ဧကရာဇာတိ ပါက​ဋော၊

ဧသတိ သမ္မာသမ္ဗုဒ္ဓံ၊ ဧသတိ ဓမ္မ မုတ္တမံ၊

ဧသတိ မဂ္ဂ မုဂ္ဂယှ၊ ဧသတိ ပန ​တေ န​မော။

အနက် –

  • ဧသ​တော – နိဗ္ဗာန်​ရောက် တရားကို ရှာမှီးတတ်​သော သူအား၊ ဧသ​မော – ရှာမှီးအပ်​သော သ​ဘောရှိ​သော၊ ​လော​ကေ – ​လောကဓါတ်ကြီး တစ်ခွင်လုံး၌၊ ဧကရာဇာတိ – ပြိုင်သူဖက်ကင်း တစ်ဆူတည်း​သော မင်းဟူ၍၊ ပါက​ဋော – ထင်ရှား​ကျော်ကြား​တော်မူ​သော၊ ​ယော – အကြင် မြတ်စွာဘုရား ကိုယ်​တော်မြတ်ကြီးသည်၊ ဧကစိတ္တံ – တစ်ခုတည်း​သော အကြံအစည်ကို၊ ဝိစိ​န္တေတွာ – ကြံစည်​တော်မူပြီး၍၊ ဧကဓမ္မံ – နိဗ္ဗာန်​ရောက်​ကြောင်း တရား​ကောင်း တစ်ခုကိုသာလျှင်၊  သုနိဿတိ – ​ကောင်းစွာညွှန်ပြ ဆုံမ​တော် မူ​ပေ၏။
  • တံ သမ္မာသမ္ဗုဒ္ဓံ – ထိုဘုရားမြတ်ကို၊ ​ယော – အကြင်သူသည်၊ ဧသတိ – ရှာမှီး၏၊ ဓမ္မံ – ဘုရား​ဟောအပ် တရားမြတ်ကို၊ ဧသတိ – ရှာမှီး၏၊ ဥဂ္ဂယှ – စွဲမြဲသမှု အာရုံပြု၍၊ မဂ္ဂံ – နိဗ္ဗာန်​ရောက်ခန်း ခရီးလမ်းကို၊ ဧသတိ – ရှာမှီး၏၊ ဧသတိ – ထိုထိုအရာ ရှာမှီးရှာသည့်၊ ​တေ – သင့်အား၊ န​မော – ရိုကြိုး ဦးညွတ်လျှိုး၍ တပည့်​တော်၏ ရှိခိုးခြင်းသည်၊ အတ္ထု – ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • ​လောကီ၊ ​လောကုတ္တရာ တို့၌ အကျိုးများ၏။
  • ​ရှေးလူကြီးတို့ အစဥ်ရွတ်ဖတ်ခဲ့​သော ဂါထာဖြစ်သည်။