အရပ် ဆယ်မျက်နှာ စည်းချဂါထာ

၁။ အ​ရှေ့​မြောက်အရပ်

သ​​​ဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ယာဣဒ္ဓိ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၂။ အ​ရှေ့အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ​ခေမပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​​ယော ​ခေ​မော၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၃။ အ​ရှေ့​တောင် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ဇိနပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယော ဇိ​နော၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၄။ ​တောင်အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ လာဘပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယော လာ​ဘော၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၅။ အ​နောက်​တောင် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ​တေဇပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယော ​တေ​ဇော၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၆။ အ​နောက် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ဗာလပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယံ ဗလံ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၇။ အ​နောက်​မြောက် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ယသပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယော ယ​သော၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၈။ ​မြောက်အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ သီရိပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယာ သီရိ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၉။ အ​ရှေ့​မြောက် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ဣဒ္ဓိပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယာ ဣဒ္ဓိ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၁၀။ အထက် အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ ဈာနပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယံ ဈာနံ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

၁၁။ ​အောက်အရပ်

သ​ဗ္ဗေ ဗုဒ္ဓါ နိစ္စပ္ပတ္တာ၊

ပ​စ္စေကာနဉ္စ ​ယံ နိစ္စံ၊

အရဟန္တာနဉ္စ ​တေ​ဇေန၊

ရက္ခံ ဗန္ဓါမိ သဗ္ဗ​သော။

အနက် –

၁။ အ​ရှေ့​မြောက် အရပ်

သ​ဗ္ဗေ – ခပ်သိမ်းဥဿုံ အလုံးစုံကုန်​သော၊ ဗုဒ္ဓါ – သစ္စာ​လေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်​တော်မူငြား မြတ်စွာဘုရားတို့သည်၊ ဣဒ္ဓိပ္ပတ္တာ – သိဒ္ဓိတန်ခိုး အမျိုးမျိုးသို့ ​ရောက်​တော်မူကြကုန်၏။

ယာဣဒ္ဓိ – အကြင်သိဒ္ဓိတန်ခိုး အမျိုးမျိုးတို့သည်၊ ပ​စ္စေကာနဉ္စ – သာသနာပ ခါသမယတွင် ပွင့်ကြသီးသီး ပ​စ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့အား၎င်း၊ အရဟန္တာနဉ္စ – ​လေးတန် အာသ​ဝေါ ခွာ​​​လျှောကုန်ပြီး​သော ရဟန္တာအရှင်မြတ်ကြီးတို့အား၎င်း၊ အတ္ထိ – ထင်ရှားမ​သွေရှိ​ပေ၏။

ဣဒ္ဓိပ္ပတ္တာနံ – သိဒ္ဓိတန်ခိုး အမျိုးမျိုးသို့ ​ရောက်​တော်မူကြကုန်​သော၊ ​တေသံ – ထိုဘုရား ပ​စ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်ကြီးတို့၏၊ ​တေ​ဇေန – တန်ခိုးရှိန်​ဇော် အာနု​ဘော်​တော်ဖြင့်၊ သဗ္ဗ​သော – ထက်ဝန်းကျင် ဒိသာအရပ် ဆယ်မျက်နှာမှ၊ ရက္ခံ – သံတံတိုင်းပမာ သံကွန်ခြာသို့ လုံစွာမ​ပေါက် အ​​စောင့်အ​ရှောက်ကို၊ ဗန္ဓါမိ – ဗုဒ္ဓ ဓမ္မ သံဃဂုဏ်ရည် ထုံဝသီဖြင့် ယုံကြည်​လေးစား ဖွဲ့ထားပါ၏။

၂။ အ​ရှေ့ အရပ်

သ​ဗ္ဗေ – ခပ်သိမ်းဥဿုံ အလုံးစုံကုန်​သော၊ ဗုဒ္ဓါ – သစ္စာ​လေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်​တော်မူငြား မြတ်စွာဘုရားတို့သည်၊ ​ခေမပ္ပတ္တာ – ​ဘေးဥပါဒ် ရန်ခပင်း ကုန်​ပျောက်ခြင်းသို့ ​ရောက်​တော်မူကြကုန်၏။

​ယော ​ခေမာ – အကြင် ​ဘေးဥပါဒ် ရန်ခပင်း ကုန်​ပျောက်ခြင်းသည်၊ ပ​စ္စေကာနဉ္စ – သာသနာပ ခါသမယတွင် ပွင့်ကြသီးသီး ပ​စ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့အား၎င်း၊ အရဟန္တာနဉ္စ – ​လေးတန် အာသ​ဝေါ ခွာ​​​လျှောကုန်ပြီး​သော ရဟန္တာအရှင်မြတ်ကြီးတို့အား၎င်း၊ အတ္ထိ – ထင်ရှားမ​သွေရှိ​ပေ၏။

​ခေမပ္ပတ္တာနံ – ဘေးဥပါဒ် ရန်ခပင်း ကုန်​ပျောက်ခြင်းသို့ ​ရောက်​တော်မူကြကုန်​သော၊ တေသံ – ထိုဘုရား ပ​စ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်ကြီးတို့၏၊ ​တေ​ဇေန – တန်ခိုးရှိန်​ဇော် အာနု​ဘော်​တော်ဖြင့်၊ သဗ္ဗ​သော – ထက်ဝန်းကျင် ဒိသာအရပ် ဆယ်မျက်နှာမှ၊ ရက္ခံ – သံတံတိုင်းပမာ သံကွန်ခြာသို့ လုံစွာမ​ပေါက် အ​​စောင့်အ​ရှောက်ကို၊ ဗန္ဓါမိ – ဗုဒ္ဓ ဓမ္မ သံဃဂုဏ်ရည် ထုံဝသီဖြင့် ယုံကြည်​လေးစား ဖွဲ့ထားပါ၏။

၃။ အ​ရှေ့​တောင် အရပ်

  • ဇိနပ္ပတ္တာ – ငါးပါးမာရ်မင်း ရန်ခပင်းတို့ကို ပယ်ရှားသုတ်သင် ​အောင်မြင်ခြင်းသို့ ​ရောက်​တော်မူကြကုန်၏။
  • ​ယောဇိ​နော – အန္တရာယ်ခပင်း ရန်စွယ်ရှင်း၍ ​အောင်ခြင်းယှဥ်ကာ ​အောင်ခြင်းမင်္ဂလာသည်၊

၄။ ​တောင် အရပ်

  • လာဘပ္ပတ္တာ – ​လောကသုံးရပ် ဘုံသုံးထပ်၌ ရအပ်​ရောက်အပ် မြင့်မြတ်သန့်ရှင်း လာဘ်ရခြင်းသို့ ​ရောက်​တော်မူကြကုန်၏။
  • ​ယောလာ​ဘော – ​လောကသုံးရပ် ဘုံသုံးထပ်၌ ရအပ်​ရောက်အပ် မြင့်မြတ်သန့်ရှင်း အကြင် လာဘ်ရခြင်းသည်၊
  • လာဘပ္ပတ္တာနံ – ​လောကသုံးရပ် ဘုံသုံးထပ်၌ ရအပ်​ရောက်အပ် မြင့်မြတ်သန့်ရှင်း အကြင် လာဘ်ရခြင်းသို့ ​ရောက်​တော်မူကြကုန်​သော၊

၅။ အ​နောက်​တောင် အရပ်

  • ​တေဇပ္ပတ္တာ – လူနတ်ဗြဟ္မာ ဘုံသုံးရွာတွင် ​တေဇာထင်​ပေါ် အကြင်တန်ခိုးတော်၏၊
  • ​ယော​တေ​ဇော – လူနတ်ဗြဟ္မာ ဘုံသုံးရွာတွင် ​တေဇာထင်​ပေါ် အကြင်တန်ခိုးတော်သည်၊
  • ​တေ​ဇောပ္ပတ္တာနံ – လူနတ်ဗြဟ္မာ ဘုံသုံးရွာတွင် ​တေဇာထင်​ပေါ် အကြင်တန်ခိုးတော် အထွတ်အထိပ်သို့ ​ရောက်​တော်မူကြကုန်​သော၊

၆။ အ​နောက် အရပ်

  • ဗာလပ္ပတ္တာ – ကိုယ်​တော်အားဆယ်ပါး၊ ဉာဏ်​တော်အား ဆယ်ပါး ထူးခြားကဲ​မောက် ခွန်အားအစွမ်းသို့ ​ရောက်​တော်မူကြကုန်​၏၊
  • ယံဗလံ – ကိုယ်​တော်အားဆယ်ပါး၊ ဉာဏ်​တော်အား ဆယ်ပါး အကြင်ခွန်အား အစွမ်းသတ္တိသည်၊
  • ဗလပ္ပတ္တာနံ – ကိုယ်​တော်အားဆယ်ပါး၊ ဉာဏ်​တော်အား ဆယ်ပါး ထူးခြားကဲ​မောက် ခွန်အားအစွမ်းသို့ ​ရောက်​တော်မူကြကုန်​​သော၊

၇။ အ​နောက်​မြောက် အရပ်

  • ယသပ္ပတ္တာ – အ​ကျော်အ​စော အ​ခြွေအရံ ​ပေါများခြင်းသို့ ​ရောက်​တော်မူကြကုန်​၏၊
  • ​ယောယ​သော – အ​ကျော်အ​စော အ​ခြွေအရံ ​ပေါများခြင်းသည်၊
  • ယသပ္ပတ္တာနံ – အ​ကျော်အ​စော အ​ခြွေအရံ ​ပေါများခြင်းသို့ ​ရောက်​တော်မူကြကုန်​သော၊

၈။ ​မြောက် အရပ်

  • သိရီပ္ပတ္တာ – ​လောကဓါတ်ပြင်ကျယ် ဘုံသုံးသွယ်၌ တင့်တယ်ခြင်း၊ ကျက်သ​ရေဟူသမျှတို့၏ အထွတ်အထိပ်သို့​ရောက်​တော်မူကြကုန်၏၊
  • ယာသိရီ – လောကဓါတ်ပြင်ကျယ် ဘုံသုံးသွယ်၌ အကြင်တင့်တယ်ခြင်း ဘုန်းကျက်သ​ရေ​တော်တို့သည်၊
  • သိရီပ္ပတ္တာနံ – လောကဓါတ်ပြင်ကျယ် ဘုံသုံးသွယ်၌ တင့်တယ်ခြင်း၊ ကျက်သ​ရေဟူသမျှတို့၏ အထွတ်အထိပ်သို့​ရောက်​တော်မူကြကုန်​သော၊

၉။ အ​ရှေ့​မြောက် အရပ်

  • ယခင်အတိုင်း

၁၀။ အထက် အရပ်

  • ဈာနပ္ပတ္တာ – ​မြေလျှိုးမိုးပျံ တန်ခိုးဈာန်သို့ အဖန်ဖန် အ​ခေါက်​ခေါက် ​ကောင်းစွာ​ရောက်ရှိ​တော် မူကြကုန်ပြီ၊
  • ယံဈာနံ – ​မြေလျှိုးမိုးပျံ အကြင်ဈာန်တန်ခိုးသည်၊
  • ဈာနပ္ပတ္တာနံ – မြေလျှိုးမိုးပျံ တန်ခိုးဈာန်သို့ အဖန်ဖန် အ​ခေါက်​ခေါက် ​ကောင်းစွာ​ရောက်ရှိ​တော် မူကြကုန်ပြီး​သော၊

၁၁။ ​အောက် အရပ်

  • နိစ္စပ္ပတ္တာ – မအို မနာ မ​သေပါသည့် ​ခေမာ အမတဓါတ် နိဗ္ဗာန်မြတ်သို့ အရဟတ္တဖိုလ်​ပေါက် ဆိုက်​ရောက်​တော် မူကြကုန်၏၊
  • ယံနိစ္စံ – မအို မနာ မ​သေဘဲလျှင် ခိုင်မြဲတည်ရှိ သန္တိလက္ခဏာ ​ခေမာအမတဓါတ် နိဗ္ဗာန်မြတ်သည်၊
  • နိစ္စပ္ပတ္တာနံ – မအို မနာ မ​သေပါသည့် ​ခေမာ အမတဓါတ် နိဗ္ဗာန်မြတ်သို့ အရဟတ္တဖိုလ်​ပေါက် ဆိုက်​ရောက်​တော် မူကြကုန်​သော၊

အညွှန်း –

  • တနင်္ဂ​နွေ သားသမီးဖြစ်လျှင် မိမိ​မွေးနံ တနင်္ဂ​နွေအရပ်မှ၊ တနင်္လာသားသမီးဖြစ်လျှင် မိမိ​မွေးနံ တနင်္လာအရပ်မှ စ၍ ရွတ်ပါ​လေ၊
  • အထူး ​အ​ရေးကြီးလျှင် စည်းသုံးကြိမ်သုံးထပ် အရံအတား ပြုလုပ်ပါ။