နတ်မင်းကြီး လေးပါး ဂါထာ

ပူရတ္တိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရုဠကော၊

ပစ္ဆိမေန ဝိရုပက္ခော၊ ကုဝေရော-ဥတ္တရံ-ဒိသံ၊

စတ္ထာရော တေ မဟာ ရာဇာ၊ လောကပါလာ၊

ယသ ဿိနော၊ တေပိ အမှေ နုရက္ခန္တု၊

အာရောဂေန၊ သုခေနစ။

အနက် –

ပူရတ္တိမေန – မြင့်မိုရ်တောင်မှ အရှေ့မျက်နှာဌာန၌။ ဝသန္တော – အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဓတရဋ္ဌ၊ မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။

ဒက္ခိဏေန – မြင့်မိုရ်တောင်မှ တောင်မျက်နှာဌာန၌။ ဝသန္တော – အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဝိရုဠကော၊ ဝိရုဠက မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။

ပစ္ဆိမေန – မြင့်မိုရ်တောင်မှ အနောက်မျက်နှာဌာန၌။ ဝသန္တော – အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဝိရုပက္ခော၊ ဝိရုပက္ခ မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။

ဥတ္တရံဒီသံ – မြင့်မိုရ်တောင်မှ မြောက်မျက်နှာဌာန၌။ ဝသန္တော – အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ကုဝေရော –  ကုဝေရဟု မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။ စတ္ထရော – လေးယောက်ကုန်သော၊ တေ မဟာရာဇာ – ထိုစတို မဟာရာဇ် နတ်မင်းကြီးတို့သည်။ လောကပါလာ အမြဲထာရဝ လောကကို စောင့်ရှောက်ကြကုန်၏။ (ဝါ)လူတို့ကိုစောင့်ရှောက် ကြကုန်၏။ ယသဿိနော – အမြဲဝန်ခ များမြတ်သော အခြွေအရံ ရှိကြကုန်၏။ တေပိ မဟာရာဇာ – ထိုစတိုမဟာရာဇ် နတ်မင်းကြီးတို့သည်လည်း၊ အမှေ – ငါတို့ကို။ အာရောဂေန – အနာရောဂါ ကင်းရှင်း ကျန်မာခြင်းဖြင့်၎င်း။ သုခေနစ – ကိုယ် စိတ်နှစ်ဖြာ ပူပန်လွတ်ကင်း ချမ်းသာခြင်းဖြင့်၎င်း။ အနုရက္ခန္တု – အစဉ်ထာဝရ စောင့်ရှောက်တော် မူကြပါစေကုန်သတည်း။