ဣစ္ဆန္တော ရှစ်ဂါထာ (ဆီးပန်းနီ ဆရာတော်)

၁။ နေနှင့်လ သုံးသပ်​တော် မူနိုင်ပုံ

ဣစ္ဆ​န္တော ယုဂံမု​ဒ္ဓေန၊ သမံ ဂစ္ဆံ သူရစန္ဟံ၊

​ဇေတဝ​နေ သယာန​​တော၊ ပရာမိ ဟတ္ထပါ​ဒေန၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

၂။ ကိုယ်ပွား​တော်ဘုရား ဖန်ဆင်း​တော်မူနိုင်ပုံ

ဣစ္ဆ​န္တော အသာဓါရဏံ၊ အနန္တ ဗုဒ္ဓ နိမ္မိတံ၊

စင်္ကမ​န္တော အဓိ​ဋ္ဌေန၊ ​မော​စေသိ ဗန္ဓနာ ဗဟူ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

၃။ ၃၁ ဘုံသို့ ကြွချီ​တော် မူနိုင်ပုံ

ဣစ္ဆ​န္တော ယာဝဘဝဂ္ဂါ၊ သမိဉ္ဇိတံ ဗာဟုံယထာ၊

စင်္ကမတိ သိရိဒ္ဓိနာ၊ ဗုဒ္ဓ ​တေ​ဇေန သံယုတာ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

​၄။ ရေမီးအစုံ ပြာဋိဟာကို ပြ​တော်မူနိုင်ပုံ

ဣစ္ဆ​န္တော သဗ္ဗစ​က္ကေသု၊ သမာစင်္က​မေ ဂန္တွာပိ၊

ပါဋိဟိရ မကာရယိ၊ နာနာ ဓ​မ္မေပိ ​ဒေ​သေတိ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

​၅။ မြေလျှိုး မိုးပျံ​တော်မူနိုင်ပုံ

ဣစ္ဆ​န္တော ဘဂ္ဂ ဘဂ္ဂ​ရော၊ ​ဟေဋ္ဌာ ပထဝိံ ဘဝဂ္ဂဉ္စ၊

အတ္ထိ အစိန္တိယာ ​ယေန၊ ဗုဒ္ဓ လီလာယ ဓမ္မတာ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

၆။ ကိုယ်​တော်ကို ငယ်​အောင်ကြီး​အောင် ဖန်ဆင်း​တော် မူနိုင်ပုံ

ဣစ္ဆ​န္တော သာသပဂ​ဗ္ဘေ၊ ဣ​တောစိ​တောစင်္ကမတိ၊

ဣစ္ဆ​န္တော စက္ကဝါဠမ္ပိ၊ အတ္တဘာ​ဝေန နိက္ခမိ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

၇။ စကြဝဠာမှ ထွက်ခွာ ကြွသွား​တော် မူနိုင်ပုံ

ဣစ္ဆ​န္တော စကဝါဠမှာ၊ တိဋ္ဌံစ စင်္က ဓမ္ပိစ၊

ယမှိသာသပ ဂဗ္ဘ​န္တေ၊ အတ္တဘာ​ဝေန နိက္ခမိ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

၈။ ကိုယ်​တော်ကို သူတစ်ပါးတို့ မနှိပ်စက်နိုင်ပုံ

ဣစ္ဆ​န္တော အဓိဋ္ဌဟိတွာ၊ နိ​ရောဓံ သမာပဇ္ဇယိ၊

သမာပ​န္နော ဌိတာကာ​ယော၊ ပီဠိတုံပ​ရေ နသက္ကာ၊

ဗုဒ္ဓ ဓမ္မာ အဟစ္ဆရာ၊ တထာ ​မေ ​ဟောန္တု အနန္တဂု​ဏော။

အနက် –

​၁။ နေနှင့်လ သုံးသပ်​တော်မူနိုင်ပုံ

ဇိ​နော – ငါးမာရ်​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​န္တော – အလိုရှိ​တော် မူသည်ရှိသော်၊ ယုဂံမု​ဒ္ဓေန – ယုဂန္ဓိုရ် ​တောင်ထိပ်နှင့်၊ သမံ – အမျှ၊ ဂစ္ဆံ ဂစ္ဆ​န္တံ – သွား​သော၊ သူရ စန္ဒံ – ​နေလ နှစ်ပါးကို၊ ​ဇေတဝ​နေ – ​ဇေတဝန်​ကျောင်း​တော်၌၊ သယာန​တော သယာန​တောဝ – ​လျောင်း​တော်မူလျက်သာလျှင်၊ ဟတ္တပါ​ဒေန – လက်​ဖြေ​တော်ဖြင့်၊ ပရာမိ ပရာမသိ – သုံးသပ်​တော် မူနိုင်၏။

ဗုဒ္ဓ ဓမ္မာ – ဘုရား ​ကျေးဇူး​တော်တို့သည်၊ အဟစ္ဆရာ အ​ဟော အစ္ဆရာ – ​​သြော် အံ့ဖွယ်ရှိ​ပေကုန်စွ၊ ​မေ မမ – ဘုရား တပည့်​တော်အား၊ တထာ – ထို့အတူ၊ အနန္တဂု​ဏော – အတိုင်းမသိ​သော ​လောကီ ​လောကုတ္တရာ နှစ်ဖြာ​သော ​ကျေးဇူးတို့သည်၊ ​ဟောန္တု – ရှိသည် ဖြစ်ပါ​စေကုန်သတည်း။

၂။ ကိုယ်ပွား​တော်ဘုရား ဖန်ဆင်း​တော် မူနိုင်ပုံ

 ဇိ​နော – ငါးမာရ်​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​န္တော – အလိုရှိ​တော် မူသည်ရှိသော်၊ စင်္ကမ​န္တော – စင်္ကြန်ကြွ​တော်မူလျက်၊ အဓိ​ဋ္ဌေန – စတုတ္ထဈာန်သမာပတ် မြတ်သည့်​တေ​ဇော် အဓိဋ္ဌာန်ဖြင့်၊ အသာဓါရဏံ – နတ် လူ ဗြဟ္မာ သတ္တဝါ အတန်တန်တို့နှင့် မဆက်ဆံ​သော၊ အနန္တ ဗုဒ္ဓနိမ္မိတံ – အတိုင်းမသိ များစွာဘိသည် နိမ္မိတဘုရား ကိုယ်ပွား​တော်ကို၊ မာ​ပေတွာ – ဖန်ဆင်း​တော်မူ၍၊ ဗဟူ – နတ်လူများစွာ ​ဝေ​နေယျာတို့ကို၊ ​ဒေသနာယ – တရား​မြတ်စွာ ​ဒေသနာဖြင့်၊ ဗန္ဓနာ – ကိ​လေသာ ညွှတ်ကွင်း ​နှောင်အိမ်တွင်းမှ၊ ​မော​စေသိ – အလျှင်းကျွတ်၍ လွတ်​စေ​တော်မူပြီ။

ဗုဒ္ဓ ဓမ္မာ – ဘုရား ​ကျေးဇူး​တော်တို့သည်၊ အဟစ္ဆရာ အ​ဟော အစ္ဆရာ – ​​သြော် အံ့ဖွယ်ရှိ​ပေကုန်စွ၊ ​မေ မမ – ဘုရား တပည့်​တော်အား၊ တထာ – ထို့အတူ၊ အနန္တဂု​ဏော – အတိုင်းမသိ​သော ​လောကီ ​လောကုတ္တရာ နှစ်ဖြာ​သော ​ကျေးဇူးတို့သည်၊ ​ဟောန္တု – ရှိသည် ဖြစ်ပါ​စေကုန်သတည်း။

၃။ ၃၁ ဘုံသို့ ကြွချီ​တော် မူနိုင်ပုံ

ဇိ​နော – ငါးမာရ်​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​န္တော – အလိုရှိ​တော် မူသည်ရှိသော်၊ သိရိဒ္ဒိနာ – ကျက်သ​ရေထင်​ပေါ် တန်ခိုး​တော်ဟု ဆိုအပ်​သော၊ ဗုဒ္ဓ ​တေ​ဇေန – ဘုရားရှင်၏ လျှင်မြန်​သော တန်ခိုး​တော်နှင့်၊ သံယုတာ – ​ကောင်းစွာ ယှဥ်​တော်မူလျှက်၊ ဗာဟုံ – လက်ရုံး​တော်ကို၊ သမိဉ္ဇိတယထာ – လျင်မြန်မ​နှေး ​ကွေးဆန့်လိုက် သကဲ့သို့၊ ယာဝဘဝဂ္ဂါ – နေဝသညာ နာတညာယတနဘုံ တိုင်​အောင်၊ စင်္ကမတိ – မကြာလျင်လျား စင်္ကြန်သွား​တော် မူနိုင်၏။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

၄။ ​​ရေမီးအစုံ ပြာဋိဟာကို ပြ​တော်မူနိုင်ပုံ

ဇိ​နော – ငါးမာရ်​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​န္တော – အလိုရှိ​တော် မူသည်ရှိသော်၊ သဗ္ဗ စ​က္ကေသု – ဇာတိ​ခေတ်၊ အာ​ဏာ​ခေတ်၊ ဝိသယ​ခေတ် ဟုဆိုအပ်​သော သုံးရပ်​သော စက္ကဝါတို့၌၊ စင်္က​မေ စင်္က​မေန – စင်္ကြန်​တော်ဖြင့်၊ သမ္မာ – ​ကောင်းစွာ၊ ဂန္တွာ – မကြာမားမား လှမ်းကြွသွား၍၊ ပါဋိဟိရံ – ​ရေမီးအစုံ ဂုဏ်​တော်မကိုဋ် ယမိုက်​ရောင်ဝါ ပြဋိဟာကို၊ အကာယရိ – မရှိနှိုင်းတု ပြု​တော်မူပြီ၊ နာနာဓမ္မပိ စ – အထူးထူး​သော တရားတို့ကိုလည်း၊ ​ဒေသတိ – ​ဟော​တော်မူ၏။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

၅။ ​မြေလျှိုး မိုးပျံ​တော် မူနိုင်ပုံ

ဇိ​​နော – ငါးမာရ်​​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​​န္တော – အလိုရှိ​တော် မူသည်ရှိ​သော်၊ ဗုဒ္ဓလိလာယ – ဘုရားရှင်၏ တင့်တယ် စံပယ်ခြင်းဟုဆိုအပ်​သော၊ ဓမ္မတာ ဓမ္မတာယ – သ​ဘော​တော်အားဖြင့်၊ ​ယေန – အကြင် အမှတ်မရှိ​သော လူနတ်ဗြဟ္မာ သတ္တဝါအ​ပေါင်းသည်၊ အစိန္တိယာ – မိမိတို့၏ တန်ခိုးဉာဏ်ဖြင့် မကြံစွမ်း​နိုင်​သော၊ ယာဣဒ္ဓိ – အကြင် တန်ခိုး​တော်သည်၊ အတ္ထိ – ရှိ၏၊ တာယဣဒ္ဓိယာ – ထိုတန်ခိုး​တော်ဖြင့်၊ ဘဂ္ဂ ဘဂ္ဂ​ရော – ဖြန်းဖြန်း ခွဲ​တော်မူလျက်၊ ​ဟေဋ္ဌာပထဝိံ – ​မြေကြီး၏ ​အောက်သို့၊ နိမုဇ္ဇတိ – လျှိုသွားစုတ်စုတ် ငုပ်​တော်မူနိုင်၏၊ ပုန – တစ်ဖန်၊ ဘဝဂ္ဂဉ္စ – ဘဝဂ်တိုင်​အောင်လည်း၊ သီဃတရံ – လျှင်မြန်စွာ၊ ပစ္ဆာဂစ္ဆိ – ပြန်လည်တုံ့​ခေါက် ​ရောက်​တော်မူနိုင်သည်။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

၆။ ကိုယ်​တော်ကို ငယ်​အောင်ကြီး​အောင် ဖန်ဆင်း​ဆော် မူနိုင်ပုံ

ဇိ​​နော – ငါးမာရ်​​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​​န္တော – အလိုရှိ​တော် မူသည်ရှိ​သော်၊ သာသပဂ​ဗ္ဘေ – မုန်ညင်းခွံတိုက် အတွင်း၌၊ ဣ​​တောစိ​တော – ထိုမှ ဤမှ၊ စင်္ကမတိ – ပရိက္ခရာရှစ်ဆူ ​ဆောင်​တော်မူ၍ မည်သူမျှမတန် တန်ခိုးအန်ဖြင့်စင်္ကြန်ကြွ​တော် မူနိုင်၏၊ ဣစ္ဆ​န္တော – အလိုရှိ​တော် မူသည်ရှိ​သော်၊ စက္ကဝါဠမ္ပိ – စကြဝဠာတိုက် အလုံးကိုလည်း၊ အတ္တ ဘာ​ဝေန – အတ္တ​ဘော​တော်ဖြင့်၊ ဆာဒယိ – ဖုံးဖိ လွှမ်းမိုး​တော် မူနိုင်၏။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

၇။ စကြဝဠာမှ ထွက်ခွာကြွသွားနိုင် မူနိုင်ပုံ

ဇိ​​နော – ငါးမာရ်​​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​​န္တော – အလိုရှိ​တော် မူသည်ရှိ​သော်၊ ယမှိသာသပ ဂ​ဗ္ဃဘ – အကြင်နုနိညင်းခွံတိုက်အတွင်း၌၊ တိဋ္ဌိစ – ရပ်လည်း ရပ်​တော်မူနိုင်၏၊ စင်္ကမ္ပိစ – စင်္ကြန်လည်း ကြွ​တော် မူနိုင်၏၊ စက္ကဝါဠမှာ – စကြာဝဠာတိုက်မှ၊ အတ္တဘာ​ဝေန – အတ္တ​ဘော​တော်ဖြင့်၊ နိက္ခမိ – ထွက်​တော်မူနိုင်၏။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

၈။ ကိုယ်​တော်ကို သူတစ်ပါးတို့ မနှိပ်စက်နိုင်

ဇိ​​နော – ငါးမာရ်​​အောင်မြင် ဘုရားရှင်သည်၊ ဣစ္ဆ​​န္တော – အလိုရှိ​တော် မူသည်ရှိ​သော်၊ နိ​ရောဓံ – နိ​ရောဓ သမာပတ် မြတ်​သောချမ်းသာကို၊ အဓိဋ္ဌာဟိတွာ – ​ဆောက်တည်​တော်မူ၍၊ သမာပဇ္ဇယိ – ဝင်စား​​တော် မူ၏၊ သမာပ​န္နော – ဝင်စား​တော်မူလျက်၊ ဌိတာကာ​ယော – တည်​သော ကိုယ်​တော်ကို၊ ပ​ရေ – တစ်ပါး​သော သူတို့သည်၊ ပီဠိတုံ – နှိပ်စက်ခြင်းငှာ၊ နသက္ကာ – မတတ်နိုင်။

ဗုဒ္ဓ ဓမ္မာ…..အ​ပေါ်အတိုင်း

အညွှန်း –

  • ကဝိမဏ္ဍန ​မေဒနီကျမ်း၊ နှာ- ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇ (ဆီးပန်းနီ ဆရာ​တော်)
  • ​လူမြင်သမျှ ချစ်စင်စုံမက် ယုံကြည် အားကိုးခံရသည်။
  • မိမိ​ပြောသမျှစကားကို အခြားသူတို့ နာခံကြသည်။
  • ကျက်သ​ရေ မင်္ဂလာအ​ပေါင်းနှင့် ပြည့်စုံသည်။
  • အပြိုင်အဆိုင်ရှိလျှင် မိမိကသာ ​အောင်ရာသည်။
  • ရန်း​ဘေးဟူသမျှ ကင်းသည်။
  • သီလစင်ကြယ်မှသာလျှင် လိုအပ်​သော အကျိုးတရားကို ရရှိနိုင်သည်။