အနတ္တလက္ခဏသုတ်

အမွမ်း
ဓမ္မစကံ ပဝတ္တေတွာ၊ အာသာဠှိယံ ဟိ ပုဏ္ဏမေ။
နဂရေ ဗာရာဏိယံ၊ ဣသိပတနဝှယေ ဝနေ။
ပါပေတွာ ဒိဖလံ နေသံ၊ အနုက္ကမေန ဒေသိယ။
ယံ သံ ပက္ခဿ ပဥ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။ဗာရာဏသီမြို့အနီး၌ ရှေးအခါက ပစ္စေကဗုဒ္ဓါရဟန်းတော်တို့ ကောင်းကင်ယံမှ ဈာန်ဖြင့်ဆင်းသက်ရာ နေရာဖြစ်သဖြင့် ဣသိပတနဟု အမည်ရလျက် သားငှက်တို့အား ဘေးမဲ့ထားပြီး အစာရေစာ လွန်စွာပေါများ မိဂတာဝုန်တောအတွင်းဝယ် ဝါဆိုလပြည့်နေ့တွင် ရဟန်းတော်ဖြစ်စ ငါးပါးသော ဘိက္ခူသူတော်စင်တို့အား ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပြီးသောအခါ –

၁။ နိဒါန်း
ဧဝံ မေ သုတံ –
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ
ဣသိပတနေ မိဂဒါယေ။
တတြ ခေါ ဘဂဝါ ပဥ္စဝဂ္ဂီယေ
ဘိက္ခူအာမန္တေသိ “ဘိက္ခဝေါ” တိ။
“ဘဒန္တေ” တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။
ဘဂဝါ ဧတ ဒဝေါစ –
မြတ်စွာဘုရားသည် ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအတွင်းမှာ ရဟန်းဖြစ်ပြီး၍ ဓမ္မစကြာတရားကို နာကြားပြီးနောက် အစဥ်အတိုင်း သောတာပန်ဖြစ်ပြီးသော ရဟန်းငါးပါးတို့ကို ‘ရဟန်းတို့’ ဟု ခေါ်တော်မူလေသည်။
ရဟန်းများကလည်း ‘မြတ်စွာဘုရား’ ဟု ပြန်လည် လျှောက်ထားကြကုန်သည်။
မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ်ကို ဟောတော်မူသည်။

အနတ္တဖြစ်ကြောင်း လက်တွေ့ပြပုံ
၂။ ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ
ရူပံ ဘိက္ခဝေ အနတ္တာ၊
ရူပဥ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊
နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊
လဗ္ဘေထ စ ရူပေ “ဧဝံ မေ ရူပံ ဟောတု၊
ဧဝံ မေ ရူပံ မာ အဟောသီ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊
တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ ရူပေ “ဧဝံ မေ ရူပံ ဟောတု၊
ဧဝံ မေ ရူပံ မာ အဟောသီ” တိ။
ရဟန်းတို့ ရုပ်ဆိုတဲ့ ခန္ဓာတရားသည် အတ္တမဟုတ်။ ရုပ်ဟူသမျှ အတ္တဖြစ်ပါက နာကျင်စွာ ခံစားတုန်လှုပ်ခြင်းငှါ မဖြစ်တန်ရာ။ ငါ၏ ရုပ်ခန္ဓာသည် ဤသို့ဤပုံဤနည်း လှလှပပ ကျန်းမာ ချမ်းသာပါစေ။ ငါ၏ ရုပ်ခန္ဓာသည် ဤသို့ မလှမပ ရောဂါဘယ ထွေထွေပြားပြားနဲ့ မဖြစ်ပါစေနှင့်။ ဤသို့ ရုပ်တို့ကို သင်တို့သည် ကိုယ်လိုချင်သလို ဖြစ်တန်ရာ၏။
ရဟန်းတို့ အကြင် အလိုဆန္ဒအတိုင်း မဖြစ်သော သဘောကြောင့်သာလျှင် ရုပ်ဟူသမျှ အနတ္တချည်းသာတည်း။ ထို့ကြောင့် ရုပ်ဟူသမျှ နာကျင်စွာ ခံစားခြင်းငှါ ဖြစ်၏။ ငါ့ရုပ်သည် ဒီလိုမဖြစ်ပါစေနှင့်။ ဤသို့ မိမိအလိုသို့ လိုက်စေချင်သော သဘောကို မရအပ်သည်သာ။

၃။ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ
သညာ အနတ္တာ၊
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊
နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊
လဗ္ဘေထ စ ဝေဒနာယ “ဧဝံ မေ ဝေဒနာ ဟောတု၊
ဧဝံ မေ ဝေဒနာ မာ အဟောသီ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊
တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ ဝေဒနာယ “ဧဝံ မေ ဝေဒနာ ဟောတု၊
ဧဝံ မေ ဝေဒနာ မာ အဟောသီ” တိ။
ဘိက္ခူတို့ ဝေဒနာလည်း အတ္တမဟုတ်။ ဝေဒနာဟူသမျှ အတ္တဖြစ်ပါက နာကျင်စွာခံစား ခြင်းငှါ မဖြစ်တန်ရာ။ ငါ၏ခံစားမှု ဝေဒနာသည် ဤသို့ဖြစ်ပါစေ၊ ဤသို့ မဖြစ်ပါစေနှင့်။ ဤသို့ ဝေဒနာတို့ကို သင်တို့သည် ကိုယ်လိုချင်သလို ဖြစ်တန်ရာ၏။
ရဟန်းတို့ အကြင် လိုအင်ဆန္ဒအတိုင်းမဖြစ်သော သဘောကြောင့်သာလျှင် ဝေဒနာ(ခံစားမှု) ဟူသမျှ အနတ္တသာတည်း။ ထို့ကြောင့် ဝေဒနာဟူသမျှ နာကျင်စွာခံစားခြင်းငှါ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပါစေ၊ ဤသို့ မဖြစ်ပါစေနှင့်။ ဤသို့ မိမိအလိုသို့ လိုက်ခြင်းစသော သဘောကို မရအပ်သည်သာ။

၄။သညာက္ခန္ဓာ အနတ္တဖြစ်ပုံ
သညာ အနတ္တာ၊
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊
နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊
လဗ္ဘေထ စ သညာယ “ဧဝံ မေ သညာ ဟောတု၊
ဧဝံ မေ သညာ မာ အဟောသီ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊
တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ သညာယ “ဧဝံ မေ သညာ ဟောတု၊
ဧဝံ မေ သညာ မာ အဟောသီ” တိ။
ရဟန်းတို့ စိတ်ဖြင့်ထား အမှတ်အသား သညာဟူသမျှ အနတ္တချည်းသာတည်း။ သညာဟူသမျှ အတ္တဖြစ်ပါက နာကျင်စွာ ခံစားခြင်းငှါ မဖြစ်တန်ရာ။ ငါ၏မှတ်သားမှုသညာသည် ဤသို့ဖြစ်ပါစေ။ ငါ၏မှတ်သားမှုသညာသည် ဤသို့ မဖြစ်ပါစေနှင့်။ ဤသို့ မှတ်သားမှုသညာတို့ကို သင်တို့သည် ကိုယ်လိုချင်သလို ဖြစ်တန်ရာ၏။
ရဟန်းတို့ အကြင် လိုအင်ဆန္ဒအတိုင်း မဖြစ်သော သဘောကြောင့်သာလျှင် မှတ်သားမှုသညာမှန်သမျှ အနတ္တချည်းသာတည်း။ ထို့ကြောင့် သညာဟူသမျှ နာကျင်စွာခံစားခြင်းငှါ ဖြစ်၏။ ငါ၏သညာသည် ဤသို့ကောင်းသော အရာဝတ္ထုကိုသာ မှတ်လျှက် မှတ်လျှက် ဖြစ်ပါစေ။ ဤသို့ မကောင်းသော အရာများကို မှတ်လျှက် မှတ်လျှက် မဖြစ်ပါစေနှင့်။ ဤသို့ မိမိအလိုသို့ လိုက်ခြင်းစသော သဘောကို မရအပ်သည်သာ။

၅။ သခႅါရက္ခန္ဓာ အနတ္တဖြစ်ပုံ
သခႅါရာ အနတ္တာ၊
သခႅါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊
နယိဒံ သခႅါရာ အာဗာဓာယ သံဝတ္တေယျုံ၊
လဗ္ဘေထ စ သခႅါရေသု “ဧဝံမေ သခႅါရာ ဟောန္တု၊
ဧဝံ မေ သခႅါရာ မာ အဟေသုံ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သခႅါရာ အနတ္တာ၊
တသ္မာ သခႅါရာ အာဗာဓာယ သံဝတ္တန္တိ၊
န စ လဗ္ဘတိ သခႅါရေသု “ဧဝံ မေ သခႅါရာ ဟောန္တု၊
ဧဝံ မေ သခႅါရာ မာ အဟေသု” တိ။
ရဟန်းတို့ ဝေဒနာသညာမှတပါး စိတ်မှာဖြစ်ပေါ်သမျှ သခႅါရတရားတို့သည် အနတ္တချည်းသာတည်း။ သခႅါရဟူသမျှ တအတ္တဖြစ်ပါက နာကျင်စွာခံစားခြင်းငှါ မဖြစ်တန်ရာ။ ငါ၏ စိတ်မှာဖြစ်ပေါ်သမျှ သခႅါရတရားတို့သည် ဤသို့ ဖြစ်ကြပါစေ၊ ဤသို့ မဖြစ်ကြပါစေနှင့်ဟု သခႅါရတို့ကို သင်တို့သည် ကိုယ်လိုချင်သလို ဖြစ်တန်ရာ၏။
ရဟန်းတို့ အကြင်လိုအင် ဆန္ဒအတိုင်း မဖြစ်သော သဘောကြောင့်သာလျှင် သခႅါရဟူသမျှ အနတ္တချည်းသာတည်း။ သခႅါရဟူသမျှ နာကျင်စွာ ခံစားခြင်းငှါ ဖြစ်၏။ ငါ၏ စိတ်မှာဖြစ်ပေါ်သမျှ သခႅါရတရားတို့သည် ဤသို့ ဖြစ်ကြပါစေ၊ ဤသို့ မဖြစ်ကြပါစေနှင့်။ ဤသို့ မိမိအလိုသို့ လိုက်ခြင်းစသော သဘောကို မရအပ်သည်သာ။

၆။ ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝိညာဏံ အနတ္တာ၊
ဝိညာဏဥ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊
နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊
ဘဗ္ဘေထ စ ဝိညာဏေ “ဧဝံ မေ ဝိညာဏံ ဟောတု၊
ဧဝံ မေ ဝိညာနံ မာ အဟောသီ” တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊
တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊
န စ လဗ္ဘတိ ဝိညာဏေ “ဧဝံ မေ ဝိညာဏံ ဟောတု၊
ဧဝံ မေ ဝိညာဏံ မာ အဟောသီ” တိ။
ရဟန်းတို့ စိတ်ဝိညာဥ်သည် အနတ္တဖြစ်သည်။ စိတ်ဝိညာဥ်ဟူသမျှ အတ္တဖြစ်ပါက နာကျင်စွာခံစားခြင်းငှါ မဖြစ်တန်ရာ။ငါ၏ စိတ်ဝိညာဥ်သည် ဤသို့ဖြစ်ပါစေ၊ ဤသို့ မဖြစ်ပါစေနှင့်။ ဤသို့ စိတ်ဝိညာဥ်တို့ကို သင်တို့သည် ကိုယ်လိုချင်သလို ဖြစ်တန်ရာ၏။
ရဟန်းတို့ ရဟန်းတို့ အကြင်လိုအင် ဆန္ဒအတိုင်း မဖြစ်သော သဘောကြောင့်သာလျှင် စိတ်ဝိညာဥ်ဟူသမျှ အနတ္တချည်းသာတည်း။ စိတ်ဝိညာဥ်ဟူသမျှ နာကျင်စွာ ခံစားခြင်းငှါ ဖြစ်၏။ ငါ၏ စိတ်မှာဖြစ်ပေါ်သမျှ စိတ်ဝိညာဥ်တို့သည် ဤသို့ ဖြစ်ကြပါစေ၊ ဤသို့ မဖြစ်ကြပါစေနှင့်။ ဤသို့ မိမိအလိုသို့ လိုက်ခြင်းစသော သဘောကို မရအပ်သည်သာ။

အနိစ္စ၊ ဒုက္ခဖြင့် အနတ္တထင်ပုံ
၇။ ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး
တံ ကိံ မညထ ဘိက္ခဝေ –
ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊
ကလ္လံ နု တံ သမနုပဿိတုံ
“ဧတံ မမ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။
နော ဟေတံ ဘန္တေ။
ရဟန်းတို့ ငါဘုရား မေးတော်မူလတ္တံသော စကားကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။ ရုပ်ခန္ဓာသည် နိစ္စဟူ၍ မှတ်ထင်သလော။ အနိစ္စဟူ၍ မှတ်ထင်သလော။
“အနိစ္စ မမြဲပါဘုရား။”
“အကြင်မမြဲသော ရုပ်တရားသည် ဒုက္ခဆင်းရဲသောသဘောလော၊ သုခ ချမ်းသာသော သဘောလော။”
“ဒုက္ခ ဆင်းရဲသောသဘောရှိပါတယ်ဘုရား။”
အကြင်ရုပ်သည် အနိစ္စမမြဲသောသဘော၊ ဒုက္ခ ဆင်းရဲသောသဘောကြောင့် အို နာ သေ သဘောဖြင့် ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိသည်။ ထိုအနိစ္စ မမြဲ ဒုက္ခဆင်းရဲဖောက်ပြန်ပျက်စီးတတ်သော ရုပ်ကို – ဤရုပ်သည် ငါ၏ဥစ္စာဖြစ်သည်။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်းကောင်း၊ ငါဖြစ်သည်ဟု မာနထောင်လွှား၍၎င်း၊ ငါ၏အလိုကိုလိုက်သော ဖြစ်လိုသည့်အတိုင်း ဖြစ်သည်ဟူသော မိစ္ဆာဒိဌိဖြင့် စွဲလမ်း၍၎င်း ရှုမြင်ခြင်းငှါ သင့်လျှော်ပါ၏လောဟု မေးတော်မူလေသည်။ ရဟန်းများက “မြတ်စွာဘုရား ထိုရုပ်ကို တဏှာ၊ မာန၊ ဒိဌိတို့၏ အစွမ်းဖြင့် ရှုမြင်ခြင်းငှါ မသင့်လျှော်ပါ” ဟု လျှောက်ထားကြကုန်သည်။

၈။ နာမက္ခန္ဓာ လေးပါး၌ လက္ခဏာရေးသုံးပါး
ဝေဒနာက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊
ကလ္လံ နု တံ သမနုပဿိတုံ၊
”ဧတံ မမ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။
နော ဟေတံ ဘန္တေ။
ခံစားမှု ဝေဒနာ တရားသည် နိစ္စ- မြဲသလော၊ အနိစ္စ-မမြဲသလော။ဤသို့ မြတ်စွာဘုရားသည်မေးတော်မူ၏။ ”အနိစ္စ မမြဲပါဘုရား။” အကြင်မမြဲသော ခံစားမှုဝေဒနာတရားသည် ဒုက္ခ ဆင်းရဲသောသဘောလော၊ သုခ ချမ်းသာသော သဘောလော”။
”ဒုက္ခ ဆင်းရဲသော သဘောရှိပါသည်ဘုရား။”
အကြင်ခံစားမှု ဝေဒနာသည် အနိစ္စ မမြဲသောသဘော၊ ဒုက္ခဆင်းရဲသောသဘောကြောင့် ဖောက်ပြန် ပျက်စီးတတ်သော သဘောရှိသည်။
ထိုအနိစ္စ- မမြဲ ဒုက္ခ ဆင်းရဲ ဖောက်ပြန် ပျက်စီးတတ်သော ခံစားမှုဝေဒနါကို ဤခံစားမှု ဝေဒနာသည် ငါ၏ဥစ္စာဖြစ်သည်။ ဤသို့ တဏှာဖြင့် စွဲလမ်း၍၎င်း၊ ဤခံစားမှု ဝေဒနာသည် ငါဖြစ်သည်ဟု မာနထောင်လွှား၍၎င်း၊ ဤခံစားမှု ဝေဒနာသည် ငါ့အလိုသို့ လိုက်သော ငါဖြစ်လိုသည့်အတိုင်း ဖြစ်သည်ဟူသော မိစ္ဆာဒိဋ္ဌိဖြင့် စွဲလမ်း၍၎င်း၊ ရှုမြင်ခြင်းငှါ သင့်လျှော်ပါ၏လောဟု မေးတော်မူလေသည်။
ရဟန်းများက ”မြတ်စွာဘုရား ထိုရုပ်ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ အစွမ်းဖြင့် ရှုမြင်ခြင်းငှါ မသင့်လျှော်ပါ” ဟု လျှောက်ထားကဿုန်သည်။
သညာက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး
သညာ နိစ္စ ဝါ အနိစ္စာ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊
ကလ္လံ နု တံ သမနုပဿိတုံ
”ဧတံ မမ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။
နော ဟေတံ ဘန္တေ။
မှတ်သားမှု သညာတရားသည် နိစ္စ- မြဲသလော၊ အနိစ္စ- မမြဲသလော။ ဤသို့မြတ်စွာဘုရား မေးတော်မူ၏။ ”အနိစ္စ မမြဲပါဘုရား”
”အကြင် မမြဲသော မှတ်သားမှု သညာတရားသည် ဒုက္ခ ဆင်းရဲသောသဘောလော၊ သုခ ချမ်းသာသော သဘောလော။”
”ဒုက္ခ ဆင်းရဲသောသဘော ရှိပါသည်ဘုရာ”
ဤမှတ်သားမှု သညာသည် အနိစ္စ မမြဲသောသဘော၊ ဒုက္ခ ဆင်းရဲသောသဘောကြောင့် ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိသည်။
ထိုအနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ ဖောက်ပြန် ပျက်စီးတတ်သော မှတ်သားမှု သညာကို –
ဤမှတ်သားမှု သညာသည် ငါ၏ဥစ္စာဖြစ်သည်၊ ဤသို့ တဏှာဖြင့်စွဲလမ်း၍၎င်း၊ ဤမှတ်သားမှု သညာသည် ငါဖြစ်သည်ဟု မာနဖြင့် ထောင်လွှား၍၎င်း၊ ဤမှတ်သားမှု သညာသည် ငါ၏အလိုသို့ လိုက်သော ငါဖြစ်လိုသည့်အတိုင်း ဖြစ်သည်ဟူသော မိစ္ဆာဒိဋ္ဌိဖြင့် စွဲလမ်း၍၎င်း၊ ရှုမြင်ခြင်းငှါ သင့်လျှော်ပါ၏လောဟု မေးတော်မူလေသည်။
ရဟန်းများက မြတ်စွာဘုရား ထိုရုပ်ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ အစွမ်းဖြင့် ရှုမြင်ခြင်းငှါ မသင့်လျှော်ပါဟု လျှောက်ထားကြကုန်သည်။
သင်ခါရက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး
သင်ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊
ကလ္လံ နုတံ သမနုပဿိတုံ၊
”ဧတံ မမ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။
နော ဟေတံ ဘန္တေ။
သင်ခါရတရားသည် နိစ္စ- မြဲသလော၊ အနိစ္စ- မမြဲသလော၊ ဤသို့ မြတ်စွာဘုရားသည် မေးမြန်းတော်မူလေသည်။
”အနိစ္စ မမြဲပါဘုရား။”
အကြင်မမြဲသော သင်ခါရတရားသည် ဒုက္ခ ဆင်းရဲ သောသဘောလော၊ သုခ ချမ်းသာသော သဘောလော။”
”ဒုက္ခ ဆင်းရဲ သောသဘာရှိပါသည်ဘုရား။”
အကြင် သင်ခါရတရားသည် အနိစ္စ မမြဲသောသဘော၊ ဒုက္ခ ဆင်းရဲ သောသဘောကြောင့် ဖောက်ပြန် ပျက်စီးတတ်သောသဘော ရှိသည်။ ထိုအနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ ဖောက်ပြန် ပျက်စီးတတ်သော သင်ခါရကို – ဤသင်ခါရသည် ငါ၏ဥစ္စာဖြစ်သည်။ ဤသို့တဏှာဖြင့် စွဲလမ်း၍၎င်း၊ ဤသင်ခါရသည် ငါဖြစ်သည်ဟု မာနထောင်လွှား၍၎င်း၊ ဤသင်ခါရသည် ငါ၏ အလိုကိုလိုက်သော ငါဖြစ်လိုသည့်အတိုင်း ဖြစ်သည်ဟူသော မိစ္ဆာဒိဠိဖြင့် စွဲလမ်း၍၎င်း ရှုမြင်ခြင်းငှါ သင့်လျှော်ပါ၏လောဟု မေးတော်မူလေသည်။
ရဟန်းများက မြတ်စွာဘုရား ထိုရုပ်ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ အစွမ်းဖြင့် ရှုမြင်ဖြင်းငှါ မသင့်လျှော်ပါဟု လျှောက်ထားကြကုန်သည်။
ဝိညာခန္ဓာ လေးပါး၌ လက္ခဏာရေးသုံးပါး
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။
အနိစ္စံ ဘန္တေ။
ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။
ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊
ကလ္လံ နု တံ သမနုပဿိတုံ
”ဧတံ မမ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ” တိ။
နော ဟေတံ ဘန္တေ။
ဝိညာဥ်စိတ်တရားသည် နိစ္စ- မြဲသလော၊ အနိစ္စ- မမြဲသလော၊ ဤသို့ မြတ်စွာဘုရားက မေးတော်မူ၏။
”အနိစ္စမမြဲပါဘုရား။”
အကြင်မမြဲသော ဝိညာဥ်စိတ်တရားသည် ဒုက္ခ ဆင်းရဲသော သဘောလော၊ သုခ ချမ်းသာသော သဘောလော။”
ဒုက္ခ ဆင်းရဲသော သဘောရှိပါသည်ဘုရား။”
အကြင် ဝိညာဥ်စိတ်တရားသည် အနိစ္စ မမြဲသောသဘော၊ ဒုက္ခ ဆင်းရဲသောသဘောကြောင့် ဖောက်ပြန် ပျက်စီတတ်သော သဘော ရှိသည်။ ထို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ ဖောက်ပြန်ပျက်စီးတတ်သော ဝိညာဥ်စိတ်ကို –
ဤဝိညာဥ်စိတ်သည် ငါ၏ဥစ္စာဖြစ်သည်၊ ဤသို့တဏှာဖြင့် စွဲလမ်း၍၎င်း၊ ဤဝိညာဥ်စိတ်သည် ငါဖြစ်သည်ဟု မာနဖြင့် ထောင်လွှား၍၎င်း၊ ဤဝိညာဥ်စိတ်သည် ငါ၏ အလိုကိုလိုက်သော ငါဖြစ်လိုသည့်အတိုင်း ဖြစ်သည်ဟူသော မိစ္ဆာဒိဠိဖြင့် စွဲလမ်း၍၎င်း ရှုမြင်ခြင်းငှါ သင့်လျှော်ပါ၏လောဟု မေးတော်မူလေသည်။
ရဟန်းများက မြတ်စွာဘုရား ထိုရုပ်ကို တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ အစွမ်းဖြင့် ရှုမြင်ဖြင်းငှါ မသင့်လျှော်ပါဟု လျှောက်ထား ကြကုန်သည်။

၉။ ရုပ်တရားကို တဏှာ၊ မာန၊ ဒိဋ္ိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဥ္စိ ရူပံ
အတီတာနာဂတ ပစ္စုပ္ပန္နံ
အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ
ဩဠာရိကံ ဝါ၊ သုခုမံ ဝါ၊
ဟီနံ ဝါ၊ ပဏီတံ ဝါ၊
ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ ”နေတံ မမ၊
နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ၊
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
ရဟန်းတို့ ထိုသို့ ရုပ်ဝေဒနာသည် သညာ၊ သင်ခါရ၊ ဝိညာဥ်ဟူသော ခန္ဓာငါးပါးတို့၏ အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရ ဟူသော သဘောကြောင့် အတိတ်က ဖြစ်ခဲ့သော၊ နောင်၌ ဖြစ်မည်သော၊ ယခု ဖြစ်ဆဲဖြစ်သော အတွင်းဖြစ်သော ရုပ်၊ အပြင်ဖြစ်သော ရုပ်၊ ကြမ်းတမ်းသော ရုပ်၊ သိမ်မွေ့သော ရုပ်၊ ယုတ်ညံသော အောက်ဘုံ၌ ဖြစ်သော ရုပ်၊ မြတ်သော အထက်ဘုံ၌ ဖြစ်သော ရုပ်၊ အနီး၌ ဖြစ်သော ရုပ်၊ အဝေး၌ ဖြစ်သောရုပ်၊ အကြွင်းမရှိ အလုံးစုံသော အကြင်ရုပ်သည် ရှိ၏။
အလုံးစုံသော ထိုရုပ်သည် ဤရုပ်သည် ငါ၏ ဥစ္စာတည်း။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်း မရှုထိုက်။
ဤရုပ်သည် ငါဖြစ်သည်။ ဤသို့ မာနဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤရုပ်သည် ငါ၏ တကိုယ်တည်း ဤသို့ ဒိဋ္ဌိဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသို့ ဤရုပ်ကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော မဂ်ပညာဖြင့် ရှုအပ်၏။

၁၀။ဝေဒနာတရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာ ကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ
ဩဠာရိကာ ဝါ၊ သုခုမာ ဝါ၊
ဟီနာ ဝါ၊ ပဏီတာ ဝါ၊
ယာ ဒူရေ သန္ဘိကေ ဝါ၊ သဗ္ဗံ ဝေဒနာ”နေတံ မမ၊
နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ၊
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ်က ဖြစ်ခဲ့သော၊ နောင်၌ ဖြစ်မည်သော၊ ယခု ဖြစ်ဆဲဖြစ်သော အတွင်းဖြစ်သော ဝေဒနာ၊ အပြင်ဖြစ်သော ဝေဒနာ၊ ကြမ်းတမ်းသော ဝေဒနာ၊ သိမ်မွေ့သော ဝေဒနာ၊ ယုတ်ညံသော အောက်ဘုံ၌ ဖြစ်သော ဝေဒနာ၊ မြတ်သော အထက်ဘုံ၌ ဖြစ်သော ဝေဒနာ၊ အနီး၌ ဖြစ်သော ဝေဒနာ၊ အဝေး၌ ဖြစ်သော ဝေဒနာ၊ အကြွင်းမရှိ အလုံးစုံသော အကြင်ဝေဒနာသည် ရှိ၏။
အလုံးစုံသော ထိုဝေဒနာသည် ဤဝေဒနာသည် ငါ၏ ဥစ္စာတည်း။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်း မရှုထိုက်။
ဤဝေဒနာသည် ငါဖြစ်သည်။ ဤသို့ မာနဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤဝေဒနာသည် ငါ၏ တကိုယ်တည်း ဤသို့ ဒိဋ္ဌိဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသို့ ဤဝေဒနာကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော မဂ်ပညာဖြင့် ရှုအပ်၏။

၁၁။ သညာတရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ
ဩဠာရိကာ ဝါ၊ သုခုမာ ဝါ၊
ဟီနာ ဝါ၊ ပဏီတာ ဝါ၊
ယာ ဒူရေ သန္ဘိကေ ဝါ၊ သဗ္ဗံ သညာ”နေတံ မမ၊
နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ၊
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ်က ဖြစ်ခဲ့သော၊ နောင်၌ ဖြစ်မည်သော၊ ယခု ဖြစ်ဆဲဖြစ်သော အတွင်းဖြစ်သော သညာ၊ အပြင်ဖြစ်သော သညာ၊ ကြမ်းတမ်းသော သညာ၊ သိမ်မွေ့သော သညာ၊ ယုတ်ညံသော အောက်ဘုံ၌ ဖြစ်သော သညာ၊ မြတ်သော အထက်ဘုံ၌ ဖြစ်သော သညာ၊ အနီး၌ ဖြစ်သော သညာ၊ အဝေး၌ ဖြစ်သော သညာ၊ အကြွင်းမရှိ အလုံးစုံသော အကြင် သညာသည် ရှိ၏။
အလုံးစုံသော ထိုသညာသည် ဤသညာသည် ငါ၏ ဥစ္စာတည်း။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်း မရှုထိုက်။
ဤသညာသည် ငါဖြစ်သည်။ ဤသို့ မာနဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသညာသည် ငါ၏ တကိုယ်တည်း ဤသို့ ဒိဋ္ဌိဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသို့ ဤသညာကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော မဂ်ပညာဖြင့် ရှုအပ်၏။

၁၂။ သခႅါရတရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာ ကာစိ သခႅါရ အတီတာနာဂတပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ
ဩဠာရိကာ ဝါ၊ သုခုမာ ဝါ၊
ဟီနာ ဝါ၊ ပဏီတာ ဝါ၊
ယာ ဒူရေ သန္ဘိကေ ဝါ၊ သဗ္ဗံ သခႅါရာ”နေတံ မမ၊
နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ၊
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ်က ဖြစ်ခဲ့သော၊ နောင်၌ ဖြစ်မည်သော၊ ယခု ဖြစ်ဆဲဖြစ်သော အတွင်းဖြစ်သော သခႅါရ၊ အပြင်ဖြစ်သော သခႅါရ၊ ကြမ်းတမ်းသော သခႅါရ၊ သိမ်မွေ့သော သခႅါရ၊ ယုတ်ညံသော အောက်ဘုံ၌ ဖြစ်သော သခႅါရ၊ မြတ်သော အထက်ဘုံ၌ ဖြစ်သော သခႅါရ၊ အနီး၌ ဖြစ်သော သခႅါရ၊ အဝေး၌ ဖြစ်သော သခႅါရ၊ အကြွင်းမရှိ အလုံးစုံသော အကြင် သခႅါရသည် ရှိ၏။
အလုံးစုံသော ထိုသခႅါရသည် ဤသခႅါရသည် ငါ၏ ဥစ္စာတည်း။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်း မရှုထိုက်။
ဤသခႅါရသည် ငါဖြစ်သည်။ ဤသို့ မာနဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသခႅါရသည် ငါ၏ တကိုယ်တည်း ဤသို့ ဒိဋ္ဌိဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသို့ ဤသခႅါရကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော မဂ်ပညာဖြင့် ရှုအပ်၏။

၁၃။ ဝိညာဥ်တရားကို တဏှာ၊ မာန၊ ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယံ ကိဥ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ဝါ၊ ဗဟိဒ္ဓါ ဝါ၊
ဩဠာရိကံ ဝါ၊ သုခုမံ ဝါ၊
ဟီနံ ဝါ၊ ပဏီတံ ဝါ၊
ယာ ဒူရေ သန္ဘိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ”နေတံ မမ၊
နေသောဟမသ္မိ၊ န မေသော အတ္တာ” တိ၊
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ်က ဖြစ်ခဲ့သော၊ နောင်၌ ဖြစ်မည်သော၊ ယခု ဖြစ်ဆဲဖြစ်သော အတွင်းဖြစ်သော ဝိညာဥ်၊ အပြင်ဖြစ်သော ဝိညာဥ်၊ ကြမ်းတမ်းသော ဝိညာဥ်၊ သိမ်မွေ့သော ဝိညာဥ်၊ ယုတ်ညံသော အောက်ဘုံ၌ ဖြစ်သော ဝိညာဥ်၊ မြတ်သော အထက်ဘုံ၌ ဖြစ်သော ဝိညာဥ်၊ အနီး၌ ဖြစ်သော ဝိညာဥ်၊ အဝေး၌ ဖြစ်သော ဝိညာဥ်၊ အကြွင်းမရှိ အလုံးစုံသော အကြင် ဝိညာဥ်သည် ရှိ၏။
အလုံးစုံသော ထိုဝိညာဥ် ဤ ဝိညာဥ်သည် ငါ၏ ဥစ္စာတည်း။ ဤသို့ တဏှာဖြင့် စွဲလမ်း၍လည်း မရှုထိုက်။
ဤဝိညာဥ်သည် ငါဖြစ်သည်။ ဤသို့ မာနဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤဝိညာဥ်သည် ငါ၏ တကိုယ်တည်း ဤသို့ ဒိဋ္ဌိဖြင့် စွဲလမ်း၍လည်း မရှုထိုက်။ ဤသို့ ဤဝိညာဥ်ကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်နှင့်တကွ ဖြစ်သော မဂ်ပညာဖြင့် ရှုအပ်၏။

၁၄။ နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော
ရူပသ္မိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊
သညာယပိ နိဗ္ဗိန္ဒတိ၊ သခႅါရေသုပိ နိဗ္ဗိန္ဒတိ၊
ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊
နိဗ္ဗိန္ဒ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ
ဝိမုတ္တသ္မိံ “ဝိမုတ္တ” မိတိ ဉာဏံ ဟောတိ၊
“ခီဏာ ဇာတိ။
ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊
နာပရံ ဣတ္ထတ္တာယာ” တိ ပဇာနာတီဘိ။
ရဟန်းတို့ ဤသို့ ရုပ်၊ ဝေဒနာ၊ သညာ၊ သခႅါရ၊ ဝိညာဥ်ဟူသော ခန္ဓာငါးပါးတို့ကို အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရ ဟူ၍ အကြိမ်ကြိမ် အထပ်ထပ်ရှုမြင်သော အသိဉာဏ် ဗဟုသုတ ကြွယ်ဝသော ငါဘုရား၏ တပည့်သည် ရုပ်၊ ဝေဒနာ၊ သညာ၊ သခႅါရ၊ ဝိညာဥ်တို့ အပေါ်၌ ငြီးငွေ့လာ၊ ၎င်းတို့ အပေါ်၌ ငြီးငွေ့လာ၍ လွှတ်မြောက်လိုသောစိတ် ဖြစ်ပေါ်လာကာ အနိစ္စ- မမြဲ၊ ဒုက္ခ- ဆင်းရဲ၊ အနတ္တ- အစိုးမရ ဟူသော ဝိပဿနာ စိတ်ဖြင့်ရှုပြီး ငြီးငွေ့လာသောကြောင့် တပ်မက်တွယ်ငြိမှုမရှိ၊ တပ်မက်ခြင်း ကင်းလာ၏။ မဂ်လေးပါးဖြင့် တပ်မက်ခြင်း ကင်းသထက် ကင်း၏။ လွတ်မြောက်မှုဟု ဆိုအပ်သော ဖိုလ်စိတ်ဖြင့် ကိလေသာတို့မှ လွတ်မြောက်ပြီး၊ ဆင်ခြင်သုံးသပ်သောညာဏ်သည် ဖြစ်ပေါ်လာသည်။ နောက်ထပ် ပဋိသန္ဓေဖြစ်စေသော တဏှာသည် ကုန်ခမ်းပြီ။ ထို့ကြောင့် နောက်ထပ် ပဋိသန္ဓေ ထပ်မဖြစ်။ မြတ်သော အကျင့်ကို ကျင့်ပြီးပြီ။
မဂ်လေးပါးဖြင့် –
ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း၊
သမုဒယသစ္စာကို ပယ်ခြင်း၊
နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း၊
နဂ္ဂသစ္စာကို ပွားစေခြင်း၏ အစွမ်းဖြင့် တစ်ဆယ့်ခြောက်ပါး အပြားရှိသော ပြုဖွယ်ကိစ္စ ဟူသမျှကို ပြုကျင့်အပ်ပြီ။ ကိလေသာ ကုန်ခမ်းစေခြင်းငှါ အခြားသော ထပ်ပွားစရာ ပြုလုပ်ဖွယ်ရာ ကိစ္စမရှိ။
ဤသို့ သိမြင်သည်။

၁၅။ ပဥ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဥ္စဝဂ္ဂိယာ
ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ
ပဥ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ
အာသေဝဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။
မြတ်စွာဘုရားသည် ဤသို့ ရုပ်သည် အနတ္တ အစရှိသော အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူလျှင် ငါးပါးသော ရဟန်းအုပ်စုသည် နှစ်သက်ရွှင်လန်း ကျေနပ်အားရ ဝမ်းမြောက်သော စိတ်ရှိကြသည်ဖြစ်၍ မြတ်စွာဘုရား ဟောကြားသော သော ဒေသနာတရားစကားကို စိတ်နှလုံး ပီတိဖုံးကာ ဝမ်းမြောက်ရွှင်ပြုံး ကျင့်သုံးကြလေပြီ။
ဤသို့ ဂါထာမသုံး လင်ကာမကုံးပဲ စကားပြေသက်သက် စကားပြောသလို ဟောကြားတော်မူလေသော် ငါးပါးသော ရဟန်းတစု၏ စိတ်အစဥ်တွင် ငါ၊ ငါ၏ဥစ္စာ၊ ငါ၏ ကိုယ်ဟူသော တဏှာ၊ မာန၊ ဒိဠိတို့ဖြင့် မစွဲလမ်းတော့ပဲ တဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်သော ကိလေသာ အာသဝေါတို့မှ စိတ်တို့သည် လွတ်မြောက်ကုန်ပြီ။