ဓမ္မစကြာပါဠိတော်
အမွှမ်း
(က) ဘိက္ခူနံ ပဥ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာန ပါပကံ။
(ခ) သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။
(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိ သာဓကံ။
သဗ္ဗလောက ဟိသတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။
ဣသိပတန နာမကေ အမည်ရှိသော သားကောင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သတ္တလောက၏ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုစဥ်အခါက ငါးပါးအစု ဖြစ်ကြကုန်သော ရသေ့ အရှင်မြတ်တို့အား နိဗ္ဗာန်သို့ ရောက်စေနိုင်သော အကြင်မွန်မြတ်လှသော တရားဦးကို သဟမ္ပတိ အမည်ရှိသော ဗြဟ္မာမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ သစ္စာလေးပါး မြတ်တရားကို ထင်ရှားပြတော်မူလျှက် အဒေသယိ ဟောပြတော်မူခဲ့လေပြီ။
သဟမ္ပတိအမည်ရှိသော ဗြဟ္မာမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ သစ္စာလေးပါးမြတ်တရားကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် အကြင် ဓမ္မစကြာမည်သော တရားကို တရားဦးအဖြစ်ဖြင့် ဟောပြတော်မူခဲ့လေပြီ။
အလုံးစုံကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်အပ်သော လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ ဟူသော သမ္ပတ္တိကို ပြီးစေနိုင်သော ထိုဓမ္မစကြာ မည်တော်မူသော တရားတော်မြတ်ကို အလုံးစုံ ကြားနာရသော သတ္တဝါ အပေါင်းတို့၏ စီးပွားအလို့ငှါ သူတော်ကောင်းတို့ ငါတို့သည် ရွတ်ကြကုန်အံ။
၁။ နိဒါန်း
ဧဝံ မေ သုတံ –
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ မိဂဒါယေ။
တတြ ခေါ ဘဂဝါ ပဥ္စဝဂ္ဂိယေ ဘိက္ခူ အာမတန္တသိ။
အရှင်မဟာကဿပ ဘုရားတပည့်တော် အရှင်အာနန္ဒာသည် ဤဓမ္မစကြာ တရားဦးကို မြတ်စွာဘုရားထံမှ ဤသို့ နာယူမှတ်သားထားပါသည်ဘုရား။
တခါက မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍ တရားဦးဟောတော်မူခဲ့သော အချိန်တုန်းက မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံးတော်မူပါသည်။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ကောဏ္ဍည ဦးဆောင်သော ငါးဦးသော ဘိက္ခူသူတော်စင်တို့ကို မိန့်တော်မူပါသည်။
၂။ အယုတ်တရား နှစ်ပါး
ဒွေ မေ ဘိက္ခဝေ မန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ-ယောစာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ
ဟိနော. ဂါမ္မော. ပေါထုဇ္ဇနိကော. အနရိယော. အနတ္ထသံဟိတော။
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော
အနတ္တသံဟိတော။
ပဥ္စဂဂ္ဂီ အအမှူးထားသော ကျွတ်တမ်းဝင်ကြမည့် ပရိတ်သတ်များတို့ အိမ်ရာတည်ထောင် လူ့ဘောင်ကို ခွာပြီး၍ ရသေ့ရဟန်း အဖြစ်သို့ ရောက်လာသည့် ပုဂ္ဂိုလ်မှန်လျှင် နှစ်ပါးကုန်သော အစွန်းနှစ်ဖက် ထွက်နေသော အရာတို့ကို မမှီဝဲထိုက်ကုန်။
အကြင် ကိလေသာ ကာမချမ်းသာကို အဖန်ဖန်ခံစား အားထုတ်ခြင်းသည် ယုတိညံလှပေသည်။
ရွာသူရွာသား လူအများတို့၏ အကျင့်ဖြစ်၏။ ပုထုဇဥ်တို့၏ အလေ့အကျင့်ဖြစ်၏။ ကောင်းသော အကျိုးစီးပွားနှင့် စပ်ယှဥ်အပ်သော တရားမဟုတ်ချေ။
ဆူးခင်းအိပ်ခြင်း၊ မီးလှုံခြင်း၊ ပွဲလမ်းသဘင်များ သွားလာခြင်းစသော ကိုယ်ခန္ဓာကို ပင်ပန်းညစ်နွမ်းအောင် အဖန်ဖန် အားထုတ်အပ်သော အကျင့်သည် အကျိုးစီးပွားနှင့် မစပ်ယှက်သော အကျင့်ဖြစ်သည်။
၃။ အလယ် အလတ် အကျင့်တရား
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ
တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ
ဥပသမာယ အဘိညာယ သမ္ဗောဓါယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ။
စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ
သမ္ဗောဓါယ နိဗ္ဗာနာယ သံဝတ္တတိ။
အယမေဝ အရိယော အဋ္ဌဂႅိကော မဂ္ဂေါ သေယျထိဒံ-
သမ္မာဒိဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော
သမ္မာအာဇီဝေါ သမ္မာဝါယမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ကဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ
စက္ခုကရဏီ ဉာဏကရဏီ ဥပသမယ အဘိညာယ
သမ္ဗောဓါယ နိဗ္ဗာနာယ သံဝတ္တတိ။
နှစ်ပါးကုန်သော ဤတရား အဖို့အစုတို့ကို မကပ်ရောက်တော်မူ၍ မြတိစွာဘုရားသည် ထိုးထွင်းသိအပ်သော ထိုအကျင့် နှစ်ရပ်တို့၏ အလယ်၌ဖြစ်သော အကျင့်သည် ဉာဏ်စက္ခုကိုလည်း ပြုတတ်ပေသည်။ သစ္စာလေးပါး တရားသိမြင်နိုင်လောက်သည့် ဉာဏ်ကိုလည်း ပြုနိုင်ပေသည်။
ကိလေသာ ခပ်သိမ်း၏ ကင်းငြိမ်းခြင်း အကျိုးငှါ သစ္စာလေးပါးမြတ်တရားကိုထူးသောဉာဏ်ဖြင့် သိမြင်ခြင်း အကျိုးငှါ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်အကျိုးငှါ စင်စစ်ဧကန် အမှန်ပင် ဖြစ်နိုင်ပါပေသတည်း။
ငါဘုရားကိုယ်တိုင် ထိုးထွင်းသိတော်မူသော၊ သစ္စာလေးပါးကို မြင်တတ်သောပညာမျက်စေ့ကို ပြုတတ်သော၊ ကိလေသာ ငြိမ်းအေးရန် ထူးသောဉာဏ်ဖြင့် သိရန်၊ သစ္စာလေးပါးကို ကောင်းစွာ သိရန် နိဗ္ဗာန်ကို ရရန်ဖြစ်သော အလယ်အလတ်ကျင့်စဥ်ဟုသည် မည်သည်တို့နည်း….
ဤတရားရှစ်ပါးသည် အလယ်အလတ်ကျင့်စဥ် မဂ္ဂင်တရား ဖြစ်ပေသတည်း။
၁။ သမ္မာဒိဋ္ဌိ – မှန်ကန်သော အမြင်၊ ကောင်းသောအမြင်။
၂။ သမ္မာသကင်ပ္ပ – ကောင်းသောအကြံကို ကြံစည်ခြင်း။
၃။ သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
၄။ သမ္မာကမ္မန္တ – အပြစ်မရှိသော ကောင်းသော အမှုလုပ်ငန်းကို ပြုခြင်း။
၅။ သမ္မာ အာဇီဝ – ကောင်းမွန်သော အသက်မွေးမှု ရှိခြင်း။
၆။ သမ္မာ ဝါယမ – ကောင်းသော ကြိုးစားအားထုတ်မှု ရှိခြင်း။
၇။ သမ္မာ သတိ – ကောင်းသော သတိရှိခြင်း။
၈။ သမ္မာ သမာဓိ – ကောင်းမွန်သော စိတ်တည်ငြိမ်မှု သမာဓိရှိခြင်း။
ရဟန်းတို့ ငါဘုရားကိုယ်တိုင် ထိုးထွင်းသိတော်မူသော သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စေ့ကို ပြုတတ်သော ဤမဂ္ဂင်ရှစ်ပါးတည်းဟူသော အလယ်အလတ်ကျင့်စဥ်သည် ကိလေသာ ငြိမ်းအေးရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေး ပါးကို ကောင်းစွာသိရန် နိဗ္ဗာန်ရရန် ဖြစ်ပေသည်။
၄။ ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဇာတိပိ ဒုက္ခာ ဇရာပိ ဒုက္ခာ ဗျာဓိပိ ဒုက္ခာ မရဏမ္ပိ ဒုက္ခံ၊
အပ္ပယေဟိ သမ္ပယောဂေါ ဒုက္ခော ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ယံ ပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ။
သံခိတ္တေ ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
ဘိက္ခုတို့ ဤဟောတော်မူအပ်သော အကြောင်းအရာသည် ဒုက္ခငြိမ်းသော အရိယာအဖြစ်သို့ ရောက်အောင် ရွက်ဆောင်နိုင်သော အရိယာသစ္စာ တရားပေတည်း။
ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲကြောင် စင်စစ်ဧကန် ဖြစ်တော့သတည်း။ ရွတ်တွ ယိုယွင်း၊ အိုမင်းရခြင်းသည်လည်း ဆင်းရဲကြောင်း အစစ်ဖြစ်ပြန်တော့သတည်း။ ဖျားနာရခြင်းသည်လည်း ဆင်းရဲကြောင်းပေတည်း။ တစ်ဘဝကို စွန့်ခွာ သေရခြင်းသည်လည်း ဆင်းရဲကြောင်းပေတည်း။ မချစ် မနှစ်သက်အပ်သော သတ္တဝါ သင်ခါရတို့နှင့် အတူတကွ ပေါင်းသင်းနေရခြင်း၊ အတူတကွ တွေ့ကြုံနေရခြင်းသည် ဆင်းရဒကြောင်းပေတည်း။ ချစ်ခင်စုံမက် မြတ်နိုးအပ်သော ဥစ္စာပစ္စည်းတို့နှင့် ခွဲခွာ၍ နေရခြင်း၊ ကွေးကွင်း၍ နေရခြင်းသည်လည်း ဆင်းရဲကြောင်းပေတည်း။ အကြင်အရာဝတ္ထုကို အလိုရှိပါလျှက် မရ၊ ထိုအလိုရှိအပ်သော ဝတ္ထုကို မရခြင်းသည်လည်း ဆင်းရဲကြောင်းပေတည်း။ အကျဥ်းချုပ်အားဖြင့် ငါးပါးကုန်သော ဥပါဒါန် စွဲလမ်း၍ နေရာဖြစ်သော ရုပ်နာမ်ခန္ဓာ ငါးပါးမှန်သမျှတို့သည် ဆင်းရဲကြောင်းအစစ်တို့ပေတည်း။
၅။ သမုဒယ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ
နန္ဒီရာဂ သဟဂတာ တတြ တတြာဘိ နန္ဒိနီ။
သေယျထိဒံ- ကာမတဏှာ ဘဝတဏှာ ဝိဘတဏှာ။
ရဟန်းတို့သည် ဤဆိုအပ်လတ္တံသော အကြောင်းအရာသည်ကား ပြခဲ့သော ဒုက္ခတွေဖြစ်ကြောင်း သမုဒယဟူသော အရိယာအဖြစ်ကို ပြုတတ်သော မှန်ကန်သော တရားတမျိုးငးပင်တည်း။ အကြငိ တဏှာဆိုသော စကားသည် တဖန်ဘဝကို ဖြစ်စေတတ်၏။ နှစ်သက်တတ် မခွဲခွာနိုင်အောင် စွဲလမ်း၌ နေတတ်သော ရာဂသဘောနှင့် တကွဖြစ်၏။ ထိုထို ဖြစ်ရာဘဝကို အလွန်နှစ်သက်၍ နေတတ်၏။
တဏှာဟူသည် မည်သည့်အရာတွေနည်း။ လောကီအာရုံ ကာမဂုဏ် ဟူသမျှကို တပ်မက်သော ကာမတဏှာသည်၎င်း၊ ဟဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာသည်၎င်း၊ ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွ ဖြစ်သော တဏှာသည်၎င်း၊ ဤတဏှာသုံးပါး သဘောတရားသည်ကား ပြဆိုခဲ့သော ဒုက္ခအပေါင်းတို့၏ အကြောင်းစင်စစ်ဖြစ်သော အရိယာဖြစ်အောင်ပြုတတ်သော သစ္စာမည်၏။ ဝါ အရိယာသူမြတ်တို့သည် ရအပ်၊ သိအပ်သော သစ္စာမည်၏။
၆။ နိရောဓသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။
ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂနိရောဓော စာဂေါ
ပဋိတိဿဂ္ဂေါ မုတ္တိ အနာလယော။
ရဟန်းတို့ ဤဆိုအပ်လတ္တံ့သော တရားသဘောသည်ကား ပြခဲ့သော ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဒိဒုက္ခ၊ မရဏဒုက္ခ အစရှိသော ဒုက္ခတို့၏ ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာ မှန်ကန်တဲ့ တဘောရေား တခုပါပေသည်။
ထိုဒုက္ခအပေါင်းတို့၏ ဖြစ်ကြောင်းဖြစ်သော တဏှာသည်သာလျှင် အကြွင်းမဲ့ လုံးဝဥဿုံ တပ်မက်တွယ်တာမှု မရှိရာ ချုပ်ငြိမ်းရာ ဖြစ်သော၊ ဒုက္ခအပေါင်း ကျွတ်လွတ်ရာဖြစ်သော ဤနိဗ္ဗာန်တရားကို သိလျှင်အရိယာ ဖြစ်အောင် ပြုနိုင်သော တရားတမျိုးပေတည်း။
ဤနိဗ္ဗာန်ဟူသည် ဆင်းရဲဒုက္ခ၏ ချုပ်ငြိမ်းရာမှန် နိရောဓသစ္စာဟူ၍ အရိယာတို့ကို မျက်မှောက်ပြုအပ်သော နိရောဓသစ္စာပေတည်း။
၇။ မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ။
အယမေဝ အရိယော အဠင်ဂိကော မဂ္ဂေါ၊
သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော
သမ္မာအာဇီဝေါ သမ္မာဝါယမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့ –
၁။ သမ္မာဒိဋ္ဌိ – မှန်ကန်သော အမြင်၊ ကောင်းသောအမြင်။
၂။ သမ္မာသကင်ပ္ပ – ကောင်းသောအကြံကို ကြံစည်ခြင်း။
၃။ သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
၄။ သမ္မာကမ္မန္တ – အပြစ်မရှိသော ကောင်းသော အမှုလုပ်ငန်းကို ပြုခြင်း။
၅။ သမ္မာ အာဇီဝ – ကောင်းမွန်သော အသက်မွေးမှု ရှိခြင်း။
၆။ သမ္မာ ဝါယမ – ကောင်းသော ကြိုးစားအားထုတ်မှု ရှိခြင်း။
၇။ သမ္မာ သတိ – ကောင်းသော သတိရှိခြင်း။
၈။ သမ္မာ သမာဓိ – ကောင်းမွန်သော စိတ်တည်ငြိမ်မှု သမာဓိရှိခြင်း။
ဤဆိုအပ်သော အကြောင်းအရာသည်ကား ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ဖြစ်သော အရိယအဖြစ်ကို ပြုတတ်သော မဂ္ဂသစ္စာ တစ်ပါးပေသည်း။
၈။ ဒုက္ခသစ္စာ၌ သစ္စာဉာဏ်ဖြစ်ပုံ
”ဣဒံ ဒုက္ခံ အရိယသစ္စံ ” န္တိ မေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ပဥ္စဝဂ္ဂီအမှူးရှိသော နတ်ဗြဟ္မာများတို့ ဤတဏှာမှ တပါးသော တေဘူမက ရုပ်တရားအားလုံးတို့သည် စင်စစ်ဧကန် ဆင်းရဲမှန်သော အရိယ သစ္စာတည်း။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရသကဲ့သို့မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၉။ ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ထိုဒုက္ခမည်သော အရိယသစ္စာကို ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိနားလည်သင့် သိနားလည် ထိုက်၏။ ဤသို့ ငါဘုရားသည် ရှေး၌ တခါတရံမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ ပကတိ မျက်စေ့ဖြင့် မြင်သကဲ့သို့ သိမြင်နိုင်သော ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
”တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ”န္တိ မေ ဘိက္ခဝေ

၁၁။ သမုဒစ္စာ၌ သစ္စဉာဏ်ဖြစ်ပုံ
”ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ” န္တိ မေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဤတရားကား ပြခဲ့သော ဒုက္ခတွေ၏ ဖြစ်ကြောင်း သမုဒယဖြစ်သော ရိယ သစ္စတရားပေတည်း။ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၂။ သမုဒစ္စာ၌ ကိစ္စဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ပဟာတဗ္ဗ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၃။ သမုဒစ္စာ၌ ကတဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ပဟီန”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ထိုဒုက္ခဖြစ်ကြောင်းသော သမုဒယ အရိယသစ္စာကို မဂ်လေးပါးဖြင့် အကြွင်းမဲ့ ပယ်အပ်ပြီ။ ဤသို့ ငါဘုရားသည် ရှေး၌ တခါတရံမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ ပကတိ မျက်စေ့ဖြင့် မြင်သကဲ့သို့ သိမြင်နိုင်သော ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၄။ နိရောဓသစ္စာ၌ သစ္စဉာဏ်ဖြစ်ပုံ
”ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စံ ” န္တိ မေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ဤနိဗ္ဗာန်တရားသည် ဒုက္ခအးလုံး၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာအဖြစ်ကို ပြုတတ်သော သစ္စတရားပေတည်း။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၅။ နိရောဓသစ္စာ၌ ကိစ္စဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ သစ္ဆိကတတဗ္ဗ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ထိုဆင်းရဲ ဒုက္ခချုပ်ငြိမ်းရာ နိရောဓ အရိယသစ္စာကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် ရောက်အပ်ပြီ။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၆။ နိရောဓသစ္စာ၌ ကတဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ သစ္ဆိကတ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ထိုဆင်းရဲ ဒုက္ခချုပ်ငြိမ်းရာ နိရောဓ အရိယသစ္စာကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် ရောက်အပ်ပြီ။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၇။ မဂ္ဂသစ္စာ၌ သစ္စဉာဏ်ဖြစ်ပုံ
”ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ၊ အရိယသစ္စံ ” န္တိ မေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ဤသမ္မာဒိဌိ၊ သမာ သင်္ကပ္ပ အစရှိသော မဂ္ဂင်ရှစ်ပါးသည် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စဖြစ်၏။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၈။ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ ဘာဝေတဗ္ဗ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ဒုက္ခ၏ချုပ်ရာအမှန်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းအကျင့်မြတ်ဖြစ်သော ထိုမဂ္ဂသစ္စာဟူသော အရိယသစ္စာကို မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ထိုက်၏။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၁၉။ မဂ္ဂသစ္စာ၌ ကတဉာဏ်ဖြစ်ပုံ
”တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ ဘဝိတ”န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊ စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊
ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ထိုဒုက္ခ၏ချုပ်ရာအမှန်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းအကျင့်မြတ်ဖြစ်သော ထိုမဂ္ဂသစ္စာဟူသော တရားကို မိမိသန္တာန်၌ ဖြစ်စေအပ်ပြီးပြီ။ ဤသို့ ငါဘုရားမှာ ရှေးအခါ ကာလတုန်းက ကြားမျှ မကြားအပ်ဖူးကုန်သော ဒုက္ခသစ္စာ တရားတို့၌ မျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်၍ နေသော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ကစ၍ ဤခန္ဓာ ကိုယ်ကောင်သည် ဒုက္ခဟု သိမြင်တတ်သော ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာပြီ။ အမျိုးမျိုး အဖုံဖုံ သိိနိုင်သော ပညာသည် ထင်ရှား ဖြစ်ပေါ်လာပြီ။ ထိုးထွင်း၍ သိအပ်သော ဉာဏ်ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာပြီ။ မောဟ အမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်အလင်းရောင်သည် ဖြစ်ပေါ်လာပြီ။
၂၀။ ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
ယာဝကီဝဥ္စ မေ ဘိက္ခဝေ
ဣမေသု စတူသု အရိယသစ္စေသု
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ
ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊
နေဝ တာဝါဟံ ဘိက္ခဝေ
သ ဒေဝကေ လောကေ၊ သ မာရကေ သ ဗြဟ္မကေ
သဿမဏ ဗြာဟ္မဏိယာ ပဇာယ၊ သဒေဝမ နုဿာယ
အနုတ္တရံ သမ္မာသမေဗာဓိံ၊ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားမှာ လေးပါးကုန်သော ဤအရိယသစ္စာတို့၌ ဤပြခဲ့သည့်အတိုင်း သုံးမျိုးသော ပြောင်းလဲခြင်း ရှိသော ( သစ္စာ တပါးတပါးတွင် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဟု ဉာဏ်သုံးမျိုးစီရှိသော) ၁၂ ပါး အပြားရှိသော (သစ္စာတစ်ပါးစီတွင် ဉာဏ်သုံးမျိုးစီ ရှိသောကြောင့် သစ္စာလေးပါးတွင် ဉာဏ် ၁၂ ပါးရှိ၏။) သစ္စာကို အဟုတ် အမှန်အတိုင်း သိမြင်နိုင်သော ဉာဏ်အမြင်သည် ရှင်းလင်းပြတ်သားမှု မရှိသေးပေ။ ရဟန်းတို့ ထိုသစ္စာလေးပါး တရား၌ ဉာဏ်သုံးပါး၊ ဉာဏ်တဆယ့်နှစ်ပါး ရှင်းရှင်းလင်းလင်း မရှိသေးသမျှ ကာလပတ်လုံး ငါဘုရားသည် အောက်နတ်ပြည်ငါးထပ်ရှိ နတ်အကောင်းတို့နှင့်တကွ ဖြစ်သော၊ မာရ်နတ်မင်းနှင့် တကွဖြစ်သော၊ ဗြဟ္မာ နှစ်ဆယ်နှင့် တကွဖြစသော၊ သြကာသလောက၌ ရဟန်းပုဏ္ဏားနှင့် တကွဖြစ်သော သမ္မုတိနတ် ဟုခေါ်သော ရှင်ဘုရင် အပါအဝင် ဖြစ်တဲ့ ရှိရှိသမျှ လူအပေါင်းတို့နှင့် တကွဖြစ်သော သတ္တလောက၌ အမြတ်ဆုံးဖြစ်သော သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင် မမှားဧကန် အမှန်သိမြင်တတ်သော အရဟတ္တမာဂ်ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံတော်မမူ။
၂၁။ ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ
ယသော စ ခေါ မေ ဘိက္ခဝေ
ဣမေသု စတူသု အရိယသစ္စေသု
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ
ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊
အထာဟံ ဘိက္ခဝေ သဒေဝေ လောကေ၊
သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ
သဒေဝမနုဿာယ၊ အနုတ္တရံ သမ္မာသဗ္မောဓိံ
အဘိသမ္ဗုဒ္ဓေါ တိ ပစ္စညာသိံ။
ရဟန်းတို့ အကြင်အခါ၌ကား ငါဘုရားမှာ လေးပါးကုန်သော ဤအရိယသစ္စာတို့၌ အဟုတ်အမှန်အတိုင်း သိမြင်နိုင်သော ဉာဏ်အမြင်သည် အလွန်ရှင်းလင်း ပြတ်သားသည် ဖြစ်သည်။ ထိုသို့ သစ္စာလေးပါး တရားအပေါ်၌ ဉာဏ်အမြင် ရှင်းလင်းပြတ်သားရာ၌သာလျှင် ငါဘုရားသည် အောက်နတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့် တကွဖြစ်သော အရဟတ္တမာဂ်ဉာဏ်ကို ရပြီ၊ ဘုရားဖြစ်ပြီဟူ၍ ဝန်ခံတော်မူပြီ။
၂၂။ ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
ဉာဏဥ္စ ပန မေ ဒဿနံ ဥဒပါဒိ။
အကုပ္ပါ မေ ဝိမုတ္တိ၊
အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ တိ။
ငါဘုရားမှာ ရရှိပြီးသော မာဂ်ဉာဏ်ဖိုလ်ဉာဏ်စသည်ကို ပြန်လှန်စဥ်းစား သိမြင်နိုင်သော ပစ္စဝေက္ခဏာဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ ငါဘုရား၏ ယခု ရရှိထားသော အရဟတ္တဖိုလ်သည် မည်သည့် အကြောင်းကြောင့်မျှ မပျက်စီးနိုင်တော့ပြီ။ ဤယခုဘဝ ပဋိသန္ဓေ နေခဲ့ခြင်းသည် နောက်ဆုံး ပဋိသန္ဓေနေခဲ့ခြင်းပေတည်း။ နောက်ထပ် ဖြစ်စရာ ဘဝသစ်သည် မရှိတော့ပြီ။
၂၃။ ပဥ္စဝဂ္ဂီရဟန်းတို့ တရားကို နှစိသက်ကြပုံ
ဣဒမဝေါစ ဘဂဝါ။
အတ္တမနာ ပဥ္စဝဂ္ဂိယာ ဘိက္ခူ
ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
မြတ်စွာဘုရားသည် ဤဓမ္မစကြာ တရားတော်မြတ်ကို မိန့်တော်မူပြီး မြတ်စွာဘုရား၏ ဟောတော်မူအပ်သော ဓမ္မစကြာ တရားတော်ကို ပဥ္စဝဂ္ဂီအမည်ရှိကုန်သော ရသေ့တို့သည် လွန်စွာ နှစ်သက် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လက်ခံတော်မူကြလေကုန်သည်။
၂၄။ အရှင် ကောဏ္ဍည သောတာပန်ဖြစ်ပုံ
ဣမသ္မိံ စ ပန ဝေယျာကရဏ သ္မိံ ဘညမာနေ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ၊
ယံ ကိဥ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ။
ဤဂါထာမပါ အမေးအဖြေသက်သက်ဖြစ်သော တရားတော်ကို ဟောတော်မူအပ်သော် အရှင် ကောဏ္ဍည၏ အပယ်သို့ရောက်ကြောင်း မကောင်းသော ရာဂ၊ ဒေါသ၊ မောဟ တည်းဟူသော အညစ်အကြေးကင်းသော သစ္စာလေးပါး တရားကို သိမြင်နိုင်သော သောတာပတ္တိ မာဂ်ဉာဏ်ဟူသော စက္ခုသည် ထင်ရှားဖြစ်ပြီး၊ ကြွင်းမဲ့ ဥဿုံ အလုံးစုံသော တေဘူမက တရားဟူသမျှသည် ဖြစ်ခြင်းသဘေယရှိ၏။ ဖြစ်ခြင်းသဘောရှိသော တေဘူမက တရားဟူသမျှသည် ချုပ်ခြင်းသဘေယရှိ၏။
၂၅။ နတ်ဗြဟ္မာတို့၏ ကောင်းချီးပေးပုံ
ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မ စက္ကေ
ဘုမ္မာဒေဝါ သဒ္ဒ မနုဿာဝေသုံ။
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သာတွာ၊
စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ
ဧတံ ဘဂဝတာ ဗာရာဏသီယံ
ဣသိပတနေ မိဂတာယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိ ဝတ္တိယံ သမဏေန ဝါ
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
စတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ
တာဝတိံသာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ။
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ။
ယာမာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ။
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ
တုသိတာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ။
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ၊
နိမ္မာနရတီ ဒေဝါ သဒ္ဒ မနုဿာဝေသုံ။
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ၊
ပရနိမ္မိတဝသဝတ္တီ ဒေဝါ
သဒ္ဒ မနုဿာဝေသုံ
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
ပရနိမ္မာတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ၊
ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒ မနုဿာ ဝေသုံ၊
ဧတံ ဘဂဝတာ ဗာရာဏသိယံ၊ ဣသိပတနေ မိဂဒါယေ
အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ
အပ္ပဋိဝတ္တိယံ သမဏေန ဝါ၊
ဗြဟ္မဏေန ဝါ၊ ဒေဝေန ဝါ၊ မာရေနဝါ၊
ဗြဟ္မုနာ ဝါ၊ ကေနစိ ဝါ၊ လောကသ္မိံ တိ။
ဣတိဟ တေန ခဏေန တေန လယေန
တေန မုဟုတ္တေန
ယာဝ ဗြဟ္မာလောကာ
သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။
မြတ်စွာဘုရားသည် တရားတည်းဟူသော စကြာရတနာကို လည်စေတော် မူအပ်ပြီးသည်ရှိသော် မြေကြီးပေါ်၌ မှီတည်နေကုန်သော နတ်တို့သည် အသံကို တဆင့်ကြားအောင် ကြွေးကြော်ကြကုန်ပြီ။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရားစကြာရတနာကို ပြောင်းပြန်လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
မြေကြီးပေါ်၌ မှီတည်နေကုန်သော နတ်အပေါင်း၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ မြင်းမိုရ်တေညင်ထိပ် ပတ်ဝန်းကျင်ရှိ စတုမဟာရာဇ် နတ်များကလည်း တဆင့်ပြီး တဆင့် ကြွေးကြော်ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရားစကြာရတနာကို ပြောင်းပြန်လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
စတုမဟာရာဇ်နတ်တို့၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ တဖန် တာဝတိံသာနတ်တို့ကလည်း ထပ်ဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရားစကြာရတနာကို ပြောင်းပြန်လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
တာဝတိံသာနတ်အပေါင်း၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ ယာမနတ်တို့ကလည်း တဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရား စကြာရတနာကို ပြောင်းပြန် လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
ယာမနတ်တို့၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ တဖန် တုသိသာ နတ်တို့ကလည်း ထပ်ဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရား စကြာရတနာကို ပြောင်းပြန် လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
တုသိသာနတ်တို့၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ တဖန် နိမ္မာနရတီနတ်တို့ကလည်း ထပ်ဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရား စကြာရတနာကို ပြောင်းပြန် လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
နိမ္မာနရတီနတ်တို့၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ တဖန် ပရမ္မိတဝသဝတ္တီနတ်တို့ကလည်း ထပ်ဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရား စကြာရတနာကို ပြောင်းပြန် လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
ပရမ္မိတဝသဝတ္တီနတ်တို့၏ သံပြိုင်ကောင်းချီးပေးသံကို ကြား၍ တဖန် ဗြဟ္မာအပေါင်းတို့ကလည်း ထပ်ဆင့် ကြွေးကြော် ကြကုန်သည်။
မြတ်စွာဘုရားသည် ဗာရာဏသီ အနီး၌ ဣတိပသနအမည်ရှိသော မိဂဒါဝုန်တော၌ အမြင့်မြတ်ဆုံးဖြစ်သော ဤတရားရတနာ ယာဥ်စကြာကို လည်စေတော်မူအပ်ပြီ။ သတ္တလောက၌ ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ်နတ်သည်၎င်း ဗြဟ္မာသည်၎င်း အခြားမည်သည့် ပညာရှိ တစ်ဦးတယောက်မျှသည်၎င်း ဤတရား စကြာရတနာကို ပြောင်းပြန် လည်သွားအောင် မလှည့်နိုင်။ ဤသို့ တဆင့်ကြားအာင် ကြွေးကြော် ကြကုန်ပြီ။
ဤသို့ တခဏတမုဟုတ်ဖြင့် အထက်ဘဝဂ် ဗြဟ္မပြည်တိုင်အောင် မြတ်စွာဘုရား ဟောကြားသော ဓမ္မစကြာ တရားတော်ကို ကောင်းချီးပေးသော ကြွေးကြော်သော အသံသည် ပျံ့နှံ့လေသည်။
၂၆။ တစ်သောင်းသော လောကဓါတ် တုန်လှုပ်ပုံ
အယဥ္စ ဒသသဟဿိ လောကဓါတု
သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။
ဤသို့ ကြွေးကြော်လိုက်ခြင်းကြောင့် ထိုခဏချင်းမှာပင် ဗြဟ္မာ့ပြည်တိုင်အောင် ဗြမ္မစကြာတရား ဟောတော်မူပြီဆိုသော ကြွေကြော်သံသည် လွှမ်းမိုးပျံ့နှံ့ သွာလေပြီ။ ဤတသောင်းသော စကြဝဠာ လောကဓါတ်သည်လည်း အထက်တက်ကာ လိန်စွာတုန်လှုပ်ပြီး တစ်ချီတလှည့် သက်ချီတခါ တုန်လှုပ်ပြီး အရပ်လေးမျက်နှာ ယိမ်းနွဲ့ကာဖြင့် လွန်စွာတုန်လှုပ်ပြီ။
၂၇။ အရောင်အလင်း ဖြစ်ပေါ်လာပုံ
အပ္ပမာဏော စ ဥဠာရော ဩဘာသော
လောကေ ပါတုရဟောသိ၊
အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
အတိုင်းအတာ မပြနိုင်လောက်အောင် များပြားလှစွာသော ပြန့်ပြောသော ဒေသနာ ဉာဏ်တန်ခိုးကြောင့် ဖြစ်သော အရောင်အလင်းဓါတ်၌ နတ်တို့၏ ယူဇနာပေါင်းများစွာ အရောင်အလင်းဖြာနိုင်သော နတ်တန်ခိုး ကျော်လွန်၍ ထင်ရှားဖြစ်ပြီ။
၂၈။ မြတ်စွာဘုရား ဥဒါန်းကျူးပုံ
အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေိ၊
အညာသိ ဝတ ဘော ကောဏ္ဍညော၊
အညာသိ ဝတ ဘော ကောဏ္ဍညော တိ။
ဣသိဟိဒံ အာယသ္မတော ကောဏ္ဍညဿ
အညာသိ ကောဏ္ဍညောတွေဝ နာမံအဟောသိ။
ထိုအခါ မြတ်စွာဘုရားသည် ဝမ်းမြောက် ရွှင်လန်းစွာ ဥဒါန်းတွင်မည့် စကားတော်ကို တိုက်တသောင်းအား ကြားသိအေယင် ကျူးရင့်တော်မူသည်။
ရဟန်းတို့ ကောဏ္ဍညသည် ငါဟောသော သစ္စာလေးပါးတရားတော်ကို သိမြင်လေပြီ။ ဤသို့ အရှင်ကောဏ္ဍညအား ဥဒါန်းကျူးရင့်တော်မူသောကြောင့် ”အညယသိ ကောဏ္ဍည” ဟူသော အမြတ်ဆုံးနာမည် ဂုဏ်သတင်းသည် ထင်ပေါ်လေသည်။
၂၉။ အညာသိကောဏ္ဍည ရှင်ရဟန်းအဖြစ်တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိ ကောဏ္ဍညော
ဒိဋ္ဌ ဓမ္မော၊ ပတ္တ ဓမ္မော၊ ဝိဒိတ ဓမ္မော၊ ပရိယောဂါဠှ ဓမ္မော၊
တိဏ္ဏဝိစိကိစ္ဆော၊ ဝိဂတကထံ ကထော၊ ဝေသာရဇ္ဇပ္ပတ္တော။
မပရပ္ပစ္စယော သတ္ထုသာသနေ
ဘဂဝန္တံ ဧတဒဝေါစ –
လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ
ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒန္တိ။
သောတာပန်ဖြစ်ပြီးရာ ထိုအချိန်အခါ၌ အရှင်အညာသိကောဏ္ဍညသည် မြင်အပ်ပြီးသော သစ္စာလေးပါးတရားရှိ ဉာဏ်ဖြင့် ရောက်အပ်သော သစ္စာလေးပါး တရားရှိသည်။ ဉာဏ်ဖြင့် သိအပ်သော သစ္စာလေးပါး တရားကို ဉာဏ်ဖြင့် ဝင်ရောက် သိမြင်ပြီးသည်၊ ယုံမှား သံသယကို ကျော်လွန်ပြီးသည်။ ယုံမှားခြင်း မရှိသည့်၊ မြတ်စွာဘုရား၏ အဆုံးအမတော်ဖြစ်သော သာသနာတော်၌ ရွံရှာခြင်းကင်း ရဲတင်းသူ အဖြစ်သို့ ရောက်သည်။
၃၀။ ဧဟိဘိက္ခု ရဟန်အဖြစ်ရပုံ
ဧဟိ ဘိက္ခူ တိ ဘဂဝါ အဝေါစ
သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ၊
သမ္မာ ဒုက္ခဿ အန္တကိရိယာတာ တိ။
သာဝ တဿ အာယသ္မတော
ဥပသမ္ပဒါ အဟောသီတိ။
ရဟန်းတို့ သင်တို့ အလိုရှိသော ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို လက်ခံလော့။ ငါသည် သစ္စာလေးပါးတရားကို ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းစွာ ဝဋ်ဒက္ခ၏ အဆုံးကို ပြုခြင်း အကျိုးငှာ အကောင်းမြတ်ဆုံးဖြစ်သော သာသနာ့ ဗြဟ္မစရိယကို ကျင့်ကြံကြိုးကုတ် အားထုတ်ပေတော့။
ထိုမြတ်စွာဘုရားက ဧဟိဘိက္ခူဟု ခေါ်တော်မူခြင်းကြောင့် ရရှိသော ရဟန်းအဖြစ်သည်ပင် ထိုအရှင် ကောဏ္ဍည၏ ရဟန်းအဖြစ်သည် ဟောတိ ဖြစ်လေတော့သတည်း။
…ဓမ္မစက္က ပဝတ္ထန သုတ္တံ နိဋ္ဌိတံ…