သေဋ္ဌိပုတ္တပေတဝတ္ထု(ဒု, သ, န,သော)

သေဋ္ဌိပုတ္တပေတဝတ္ထု(ဒု, သ, န,သော)

ဒု, သ, န,သော အမည်ရ သူဌေးသားလေးဦးတို့ လောဟကုမ္ဘီငရဲမှ ညည်းညူရွတ်ဆို ကြသော ဂါထာလေးပုဒ်။

အချင်းတို့ အချင်းခပ်သိမ်း လောဟကုမ္ဘီငရဲ၌ ကျက်ကြကုန်သော ငါတို့အား အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ကုန်ပြီ၊ ငါတို့အား ဘယ်အခါ ဤဆင်းရဲ၏အဆုံးသည် ဖြစ်ပါလတ္တံ့ နည်း။

အချင်းတို့ အကြင်သို့သော အပြားအားဖြင့် သင့်အားလည်းကောင်း၊ ငါ့အားလည်း ကောင်းဤဆင်းရဲ၏ အဆုံး မရှိ၊ ဤဆင်းရဲ၏ အဆုံးသည် အဘယ်မှာ ရှိနိုင်ပါတော့အံ့နည်း၊ ဤဆင်းရဲ၏အဆုံးကို မတွေ့မမြင်နိုင်၊ ထိုသို့သော အပြားအားဖြင့် သင်သည်လည်းကောင်း, ငါသည်လည်းကောင်းမကောင်းမှုကို ပြုအပ်ခဲ့ပြီ။

အကြင်ငါတို့သည် လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မပေးမလှူခဲ့မိကြပါကုန်၊ မိမိ၏ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုမိကြပါကုန်၊ ထိုငါတို့သည် ပညာရှိတို့ ကဲ့ရဲ့ထိုက်သော အသက်ရှည်ခြင်းဖြင့် အသက်ရှည်ခဲ့ကြရပါကုန်၏။ ၊

ထိုငါသည် ဤငရဲမှ သွား၍ လူ့ဘဝကို ရပါမူ အလှူခံပုဂ္ဂိုလ်တို့ ပြောဆိုသော စကားကို သိတတ်သူ, သီလနှင့် ပြည့်စုံသူဖြစ်၍ များစွာသော ကောင်းမှုကုသိုလ်ကို ပြုပါတော့အံ့၊ (ဤသို့သူဌေးသားလေးယောက်တို့ ရွတ်ဆိုကြကုန်၏)။