ဘောဂသံဟရပေတဝတ္ထု(စဉ်းလဲသော ဈေးသည်)

ဘောဂသံဟရပေတဝတ္ထု(စဉ်းလဲသော ဈေးသည်)

ပစ္စည်းဥစ္စာကို အကြောင်းအမျိုးမျိုးတို့ဖြင့် စုဆောင်းသူတို့သည် သေသောအခါ ပြိတ္တာ ဖြစ်ရ၍ ပစ္စည်းဥစ္စာတို့ကိုမူကား သူတပါးတို့သာ ဝိုင်းဝန်း စားသောက်ကြကြောင်း ဈေးသည် ပြိတ္တာမလေးဦးပြောပုံ။

ငါတို့သည် ရှေးဘဝက စည်းစိမ်ချမ်းသာတို့ကို အသင့်အားဖြင့်လည်းကောင်း၊ မသင့်သောအားဖြင့်လည်းကောင်း ဆောင်ယူစုဆောင်းခဲ့ပါကုန်၏၊ ထိုငါတို့စုဆောင်းခဲ့သော စည်းစိမ်ဥစ္စာတို့ကို သူတစ်ပါးတို့ သုံးဆောင်ခံစားနေကြကုန်၏၊ ငါတို့မူကား ပြိတ္တာဘုံ၌ ဖြစ်သော ဆင်းရဲအဖို့မျှသာ ရှိကုန်၏ဟု (ဈေးသည်ဖြစ်ကြကုန်၍ စဉ်းလဲ ရောင်းချဖူးကုန်သော ပြိတ္တာမတို့က အော်ဟစ်ကုန်၏)။