သူကရမုခပေတဝတ္ထု(နှုတ်မစောင့်စည်းသူ)

သူကရမုခပေတဝတ္ထု(နှုတ်မစောင့်စည်းသူ)

ကိုယ်ဖြင့် စောင့်စည်း၍ နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့် ကွယ်လွန်သောအခါရွှေအဆင်းနှင့်တူသောကိုယ် ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ

သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု (အသျှင်နာရဒက မေး၏)။

အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့် မူကားမစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့် အတိုင်း ကိုယ်မှာရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု (ပြိတ္တာက ဖြေဆို၏)။