ဉာဏ်တော်(၁၀)ပါး

၁။ အကြောင်းတရား ဟုတ်/မဟုတ်ကို သိတော်မူသော မြတ်စွာဘုရား

၂။ ကောင်းကျိုး/မကောင်းကျိုးကို သိတော်မူသော မြတ်စွာဘုရား

၃။ သတ္တဝါတို့၏ လားရာ/ရောက်ရာကို သိတော်မူသော မြတ်စွာဘုရား

၄။ အထူးထူးသောဓါတ်သဘောတို့ကို သိတော်မူသော မြတ်စွာဘုရား

၅။ သတ္တဝါတို့၏ စရိုက်၊ အကြိုက်၊ နှလုံးသွင်းအားလုံးကို သိတော်မူသော မြတ်စွာဘုရား

၆။ သတ္တဝါတို့၏ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာဣန္ဒြေအနုအရင့်ကို သိတော်မူသော မြတ်စွာဘုရား

၇။ စျာန်၊ သမာဓိ၊ သမာပတ်တို့၏ တိုးတက်ကြောင်း/ဆုတ်ယုတ်ကြောင်းကို သိတော်မူသော မြတ်စွာဘုရား

၈။ ရှေးဖြစ်ဟောင်းဘဝခန္ဓာအစဉ်ကို သိတော်မူသော မြတ်စွာဘုရား

၉။ သုံးဆယ့်တစ်ဘုံလုံးတွင် ဖြစ်ပျက်သမျှသော သတ္တဝါအားလုံးကို သိတော်မူသော မြတ်စွာဘုရား

၁၀။ ကိလေသာတို့ကို ငြိမ်းအေးစေသော ဉာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား