မီး ၁၁-ပါး

(၁) ရာဂမီး – တပ်မက်ရသဖြင့် ပူလောင်ခြင်း။

(၂) ဒေါသမီး – စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။

(၃) မောဟမီး – အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

(၄) ဇာတိမီး – ပဋိသန္ဓေနေရပြီး ဘဝအသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။

(၅) ဇရာမီး – အိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း။

(၆) မရဏမီး – သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။

(၇) သောကမီး – ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှုများရသဖြင့် ပူလောင်ခြင်း။

(၈) ပရိဒေဝမီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။

(၉) ဒုက္ခမီး – ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။

(၁၀) ဒေါမနဿမီး – စိတ်ဆင်းရဲရခြင်းကြောင့် ပူလောင်ခြင်း။

(၁၁) ဥပါယာသမီး – သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း။

လင်္ကာ –

သူ⁠သူငါငါ၊ ဖြစ်လေရာဝယ်၊ ဦးစွာကြိုဆီး၊ ဇာတိမီးက၊

အပြီးပုံသေ၊ လောင်မြိုက်လေ၏။

မသွေတစ်သီး၊ ဇရာမီးလည်း၊ အပြီးနောက်မှာ၊

ကပ်လျှက်ပါ၏။

မကွာစေရ၊ မရဏဟု၊ တစ်ဘဝဖျက်ဆီး၊

လောင်သည့်မီးလည်း၊ ငြီးငြီးပြောင်ပြောင်၊ အမြဲလောင်၏။

လောင်ပုံလောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမျစ်၊

အရွယ်ဖြစ်သော်၊ အချစ်ရာဂ၊ မီးတွေထ၍၊

ဒေါသထန်ပြင်း၊ မောဟညှဉ်း၏။

မကင်းနိုင်အောင်၊ ထို့နောက်နောင်လည်း၊

တောက်လောင်ဖိစီး၊ သောကမီးကြောင့်၊

ဝမ်းနည်းဖွယ်တွေ၊   အထွေထွေနှင့်၊

ပရိဒေဝ၊ ငိုကြွေးရလျက်၊ဒုက္ခလည်းထပ်၊

ဒေါမနသ်နှင့်၊ ဆက်စပ်မကွာ၊ ဥပါယာသ၊

လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တ⁠တ်အောင်ပူသည်။

ဆူ⁠ဆူမီးတောက် ဆယ့်တစ်တည်း။

(အရှင်ဇနကာဘိဝံသ)