ရွှေမျက်မှန်ဘုရားဂါထာ (ရွှေတောင်မြို့)

ဒက္ခိဏက္ခိစ သူရိယော

ဝါမအက္ခိစ စန္ဒိမာ

ဗုဒ္ဓစက္ခုနိ ဓါတုယော

အဟံဝန္တာမိ သဗ္ဗဒါ

ဧတေန ပုညကမ္မေန

စက္ခုရောဂေါ ဝိနဿတု

အနက် –

လက်ယာဘက် မျက်စိတော်၌ နေမင်းသည် တည်၏။

လက်ဝဲဘက် မျက်စိတော်၌ လမင်းသည် တည်၏။

ဘုရားရှင်၏ မျက်စိတော် ဓါတ်တော်တို့ကို တပည့်တော်သည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။

ဤသို့ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် မျက်စိ၌ ဖြစ်သောရောဂါ ဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း။

အညွှန်း –

  • မျက်စိဝေဒနာ ပျောက်ကင်းစေသည်။