နတ်ချစ်ဂါထာ (တောင်တန်းသာသနာပြု ဆရာတော်)

(၁) သကိံဒေ၀ မဟာရာဇ၊ သဗ္ဘိ ဟောတိ သမ္မာဂမ္မော။

သာနံ ပါလေတိ သင်္ဂတိ၊ နာသဗ္ဘိ ဗဟုသင်္ဂမော။

(၂) သဗ္ဘိရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။

သတံ သဒ္ဓမ္မ မညာယ၊ သေယျော ဟောတိ န ပါပိယော။

(၃) ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။

သတဥ္စ ဓမ္မော နဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

(၄) န ဘိံစ ဒူရေ ပထဝီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။

တတော ဟဝေ ဒူရတရံ ၀ဒန္တိ၊ သတဥ္စ ဓမ္မော အသတဥ္စ ရာဇ။

အနက် –

(၁) မင်းမြတ်၊ သူတော်ကောင်းတို့နှင့် တကြိမ်မျှသာ ပေါင်းဆုံမှီဝဲဘိ၏။ ထိုတကြိမ်မျှ ပေါင်းဆုံမှီဝဲခြင်းကြောင့် ထိုသူ့ကို သူတော်ကောင်းတို့က ဘေးရန်မနှောင့် ချမ်းသာရောက်အောင် စောင့်ရှောက်၏။

(၂) မင်းမြတ်၊ သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံမှီဝဲသော်လည်း သူယုတ်မာတို့က ချမ်းသာအောင် မစောင့်ရှောက်နိုင်။ ထို့ကြောင့် သူတော်ကောင်းတို့နှင့်သာ ပေါင်းဆုံမှီဝဲရာ၏။ သူတော်ကောင်းတို့နှင့်သာ အကျွမ်းတဝင် ချဉ်းကပ်မှုပြုရာ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ နိဗ္ဗာန်ရောက်ကြေင်း ဗောဓိပက္ခိယတရားကို တလုံးတပါဒမျှ သိမြင်ရသည်ရှိသော် တနေ့တခြား ကြီးပွားမြင့်မြတ်နိုင်ပေ၏။ မဆုတ်ယုတ်နိုင်ပေ။

(၃) မင်းမြတ်၊ အဆန်းတကြယ် လှပခိုင်ခံ့ကုန်သော မင်းစီးရထားတို့သည် တနေ့နေ့တွင် ဟောင်းနွမ်းပျက်စီး၍ သွားကြရကုန်၏။ ထို့အပြင် ခန္ဓာကိုယ်ကြီးသည်လည်း အိုမင်းပျက်စီး၍ သွားရမြဲသာတည်း။ သူတော်ကောင်း တို့၏ နိဗ္ဗာန်တရားသည်ကား ပျက်စီးယိုယွင်းခြင်းသို့ ဘယ်သောအခါမှ မရောက်နိုင်။ ထို့ကြောင့် သူတော်ကောင်းတို့သည် နိဗ္ဗာန်ချမ်းသာကို စင်စစ်ဧကန် ထုတ်ဖော်ချီးကျူးကြကုန်၏။

(၄) ကောင်းကင်မှ မြေပြင်၊ မြေပြင်မှ ကောင်းကင် တစပ်တည်းဟု ထင်ရစေကာမူ အလွန်ပင် ဝေးကွာ၏။ သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းနှင့် သည်မှာဘက်ကမ်းသည်လည်း အလွန်ပင် ဝေးကွာ၏။ ထို့အတူ သူတော်ကောင်းတို့၏ သူတော်ကောင်းတရားနှင့် မသူတော်တို့၏ မသူတော်တရားသည်လည်း အလွန်ပင် ဝေးကွာလှချေ၏-ဟု သူတော်ကောင်းတို့ မိန့်ဆိုကြကုန်၏။