တမလွန်ဘဝ ကြီးပွါးကြောင်းတရားလေးပါး

၁။   သဒ္ဓါသမ္ပဒါ  –  သဒ္ဓါတရားရှိခြင်း၊ မြတ်စွာဘုရား၏  အရဟတ္တမဂ်ဉာဏ်  သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်ခြင်း၊အရဟံအစ ဘဂဝါအဆုံးကိုးပါးသော     ဂုဏ်တော်တို့ကို ယုံကြည်မှုနှင့်ပြည့်စုံခြင်း။

၂။   သီလသမ္ပဒါ – ငါးပါးသီလနှင့် ပြည့်စုံခြင်း။

၃။   စာဂသမ္ပဒါ – စွန့်ကြဲပေးကမ်း    လှူဒါန်းမှုနှင့်ပြည့်စုံခြင်း။ မစ္ဆရိယ အညစ်အကြေးကင်းသောစိတ်ဖြင့်   လွတ်လွတ်ကျွတ်ကျွတ်  စွန့်ကြဲလေ့ရှိခြင်း၊ စွန့်ကြဲအံ့ဟု အမြဲ ဆေးကြောထားအပ်သော လက်ရှိခြင်း၊ စွန့်ကြဲခြင်း၌ မွေ့လျော်ခြင်း၊ တောင်းခံခြင်းငှါ ထိုက်ခြင်း၊ ပေးကမ်း ဝေခြမ်းခြင်း၌  မွေ့လျော်ခြင်း။

၄။   ပညာသမ္ပဒါ – ရုပ်နာမ်ဓမ္မတို့ကို ဖောက်ထွင်း၍   သိမြင်နိုင်သော  ဝဋ်ဆင်းရဲကုန်ရာ  နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော ရုပ်နာမ်ဓမ္မတို့၏  ဖြစ်မှု ပျက်မှုသဘောကို ထိုးထွင်း၍ သိမြင်နိုင်သောပညာနှင့် ပြည့်စုံခြင်း။

အင်္ဂုတ္တိုရ်၊ တ – ၁၀၇၊ ဒီဃဇါဏုသုတ်