ပစ္စုပ္ပန်ဘဝ ကြီးပွါးကြောင်းတရားလေးပါး

၁။   ဥဋ္ဌာနသမ္ပဒါ – မိမိတတ်ကျွမ်းသော လယ်ထွန်နွားကျောင်း   ကုန်ရောင်းကုန်ဝယ်   အသွယ်သွယ်သော အတတ်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြရာ    ထိုအတတ်ပညာ၌ ကျွမ်းကျင်ရ၏။ မပျင်းရိရ။ ပြုလုပ်ဆောင်ရွက်စီမံခြင်းငှါ   နည်းလမ်းကို သိသော ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရ၏။

၂။   အာရက္ခသမ္ပဒါ  –  ဝီရိယအားကိုး    လက်ရုန်းဖြင့် ရှာမှီး၍ တရားသဖြင့် ရအပ်သော ဥစ္စာတို့ကိုရန်သူမျိုး  ငါးပါး မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ခြင်းနှင့် ပြည့်စုံရ၏။

၃။   ကလျာဏမိတ္တသမ္ပဒါ – လူငယ်ဖြစ်စေ လူကြီးဖြစ်စေ ကြီးမြတ်သော  ကိုယ်အကျင့်ရှိကုန် သဒ္ဓါသီလ စာဂ ပညာတရားတို့နှင့် ပြည့်စုံကုန်သောသူတို့နှင့် အတူနေ အတူပြော  အတူဆွေးနွေးခြင်းကိုပြုကာ သူတစ်ပါးတို့၏ သဒ္ဓာတရားနှင့် ပြည့်စုံမှု သီလတရားနှင့် ပြည့်စုံမှု စာဂတရားနှင့်  ပြည့်စုံမှု ပညာတရားနှင့် ပြည့်စုံမှုတို့ကို အတုလိုက်ကာကျင့်သုံးခြင်းဖြင့် မိတ်ဆွေကောင်းနှင့် ပြည့်စုံရ၏။

၄။   သမဇီဝိတာ – စည်းစိမ်ဥစ္စာတို့၏တိုးပွါးမှု ကုန်ကျမှု ဝင်ငွေ ထွက်ငွေကို သိကာ မများလွန်း မနည်းလွန်းသော သုံးစွဲမှုဖြင့် မျှတစွာ  အသက်မွေးရ၏။

  • အင်္ဂုတ္တိုရ်၊ တ – ၁၀၇၊ ဒီဃဇါဏုသုတ်