သတ္တာဝါသ ဘုံကိုးဝနှင့်ဟူသော အမျှဝေစာတမ်းပါ သတ္တာဝါသဟူသည် သတ္တဝါတို့၏တည်ရာ နေရာ ဌာနကိုးခု ဖြစ်၏။တည်ရာနေရာဌာနဟု ဆိုသော်ငြား သတ္တာဝါသအရ သတ္တဝါတို့ကိုသာ ခန္ဓာတို့ကိုသာ ရ၏။ ဘုံဌာန မဟုတ်ပါ။
နာနတ္တကာယာ နာနတ္တသညိနော။
ကိုယ်သဏ္ဌာန်ချင်း ကွဲပြား ပဋိသန္ဓေသညာချင်းကွဲပြားသော သတ္တဝါတို့။ထိုသတ္တဝါတို့ကား လူအချို့သောနတ် အချို့သော ယက္ခယက္ခိနီ ဝေမာနိကပြိတ္တာတို့တည်း။ဝေမာနိကပြိတ္တာတို့၏ ပဋိ-သန္ဓေသညာသည်ကား လူတို့ကဲ့သို့ ဒွိဟိတ် တိ-ဟိတ် အဟိတ်ပဋိသန္ဓေတို့ ရှိကုန်၏။နတ်တို့ကဲ့သို့ကား တန်ခိုးမကြီးကြ။လူမွဲတို့ကဲ့သို့ တန်ခိုးနည်းကုန်၏။အဝတ် အစားတို့ကို ရခဲသည်ဖြစ်၍ ဆင်းဆင်းရဲရဲ နေကြရ၏။နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့ကား အဟိတ်ပဋိသန္ဓေ မရှိကုန်။
နာနတ္တကာယာ ဧကတ္တသညိနော။
ကိုယ်သဏ္ဌာန်ချင်း ကွဲပြား ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့။ပဌမဈာန်ဗြဟ္မာ့ဘုံ သုံးဘုံ၌ ရှိသော ဗြဟ္မာတို့တည်း။အဋ္ဌကထာအဖွင့်အရ အပါယ်လေးဘုံသား သတ္တဝါတို့လည်း ပါဝင်၏။အပါယ်လေးဘုံသားတို့သည် အကုသလဝိပါက် အဟိတ်ပဋိသန္ဓေသာ ရှိကြ၏။
ဧကတ္တကာယာ နာနတ္တသညိနော။
ကိုယ်ခန္ဓာချင်း တူ၍ ပဋိသန္ဓေသညာ ကွဲပြားကုန်သော သတ္တဝါတို့။ဒုတိယဈာန်ဗြဟ္မာ့ဘုံ သုံးဘုံ၌ ရှိသော ဗြဟ္မာတို့တည်း။ထိုသုံးဘုံ၌ တစ်ဘုံနှင့် တစ်ဘုံ ဋိသန္ဓေသညာချင်း မတူကြ။
ဧကတ္တကာယာ ဧကတ္တသညိနော။
ကိုယ်ခန္ဓာချင်းတူ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့။တတိယဈာန်ဗြဟ္မာ့ဘုံ သုံးဘုံ၌ ရှိသော ဗြဟ္မာတို့တည်း။ဝေဟပ္ဖိုလ်ဘုံရှိ ဗြဟ္မာတို့လည်း ပါဝင်၏။သုဒ္ဓါဝါသ ငါးဘုံသည် ဘုရားမပွင့်၍ အနာဂါမ် ရဟန္တာဗြဟ္မာများ မရှိလျှင်ခရီးသွားသော ရှင်ဘုရင်၏ သစ်ခက်တဲနန်းကဲ့သို့ နေမည့်သူ မရှိသောကြောင့် ဘုံပျောက်တတ်သောကြောင့် သတ္တာဝါသ၌ မပါဝင်ပါ။သို့သော်မဟာသီဝထေရ်၏ သုတ်အထောက်အထားအရဤသတ္တာဝါသ၌ ပါဝင်၏။
အသညိနော အပ္ပဋိသံဝေဒိနော။
သညာမရှိကုန်သော အာရုံကို ခံစားမှုမရှိကုန်သော သတ္တဝါတို့။အသညသတ်ဗြဟ္မာတို့တည်း။
(ဧကတ္တကာယသာဖြစ်၏)။
ကျန်သတ္တာဝါသ လေးခုကား အရူပလေးဘုံ၌ ရှိသော အရူပဗြဟ္မာတို့ဖြစ်၏။ ၎င်းတို့သည်နာမ်ခန္ဓာသာ ရှိကြ၏။ ဝိညာဏဋ္ဌိတိ တည်ရှိခုနှစ်ပါးဟူရာ၌ ဝိညာဏ-ဋ္ဌိတိဟူသည် ဝိညာဥ်၏ တည်ရာ ခန္ဓာတို့တည်း။၎င်းတို့ကား ရှေးသတ္တာဝါသလေးပါးနှင့် အာကာသာ-နဥ္စာယတနဝိညာဏဋ္ဌိတိ ဝိညာနဥ္စာယတနဝိညာဏ-ဋ္ဌိတိ အာကိဥ္စညာယတနဝိညာဏဋ္ဌိတိတို့ ဖြစ်၏။နောက်သုံးပါးသည် အရူပဘုံများဖြစ်၏။နေဝသညာနာသညာယတနဘုံသည်ကား သညာရော ဝိညာဥ်ပါနူးညံ့သိမ်မွေ့လွန်းသောကြောင့် သညာရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ် ဖြစ်သောကြောင့်ဝိညာဏဋ္ဌိတိ၌ မပါဝင်ပေ။
အင်္ဂုတ္တိုရ်၊ တ-၂၀၁၊ သတ္တာဝါသသုတ်