အရိယာပုဂ္ဂိုလ်တို့၏ နေထိုင်ခြင်း ဆယ်မျိုရှိ၏။
၁။ ပဥ္စင်္ဂဝိပ္ပဟီနတာ အရိယာဝါသော။
ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ
ဝိစိကိစ္ဆာဟူသော တရား ငါးပါးကို ပယ်၍
နေခြင်း။
၂။ ဆဠင်္ဂသမ္ပန္နတာ အရိယာဝါသော။
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်တို့ဖြင့်
မြင်ခြင်း ကြားခြင်း နမ်းရှူခြင်း စားခြင်း တွေ့
ထိခြင်း တွေးကြံခြင်းတို့ ဖြစ်လတ်သော် ဝမ်း
သာ ဝမ်းနည်း ကင်းကာ သတိသမ္ပဇဥ်နှင့်
ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေခြင်း။
၃။ ဧကာရက်ခတာ အရိယာဝါသော။
သတိအစောင့်အရှောက်ရှိသော စိတ်ဖြင့်
နေခြင်း။
၄။ စတုရာပေဿနတာ အရိယာဝါသော။
မှီဝဲခြင်း သည်းခံခြင်း ရှောင်ကြဥ်ခြင်း ပယ်
ဖျောက်ခြင်းတို့၌ ပညာဖြင့် ဆင်ခြင်၍ မှီဝဲ
ခြင်း သည်းခံခြင်း ရှောင်ကြဥ်ခြင်း ပယ်
ဖျောက်ခြင်းအားဖြင့် မှီရာလေးပါးရှိလျက်
နေခြင်း။
၅။ ပဏုန္နပစ္စေကသစ္စတာ အရိယာဝါသော။
များစွာသော သမဏဗြာဟ္မဏတို့၏ သီး
ခြားသစ္စာဖြစ်ကုန်သော လောကသည် မြဲ
၏။လောကသည် မမြဲစသော အလုံးစုံ
သော သစ္စာတို့ကို လွတ်လွတ်ကင်းကင်း
ပယ်စွန့် ထွေးအံ ထုတ်နှုတ်အပ်ပြီးသည်
ဖြစ်၍ နေခြင်း။
၆။ သမဝယသဋ္ဌေသနတာ အရိယာဝါသော။
ပယ်အပ်ပြီးသော ကာမဂုဏ်တို့၌ ရှာမှီး
ခြင်း ဘဝ၌ ရှာမှီးခြင်းရှိသည်၊ ငြိမ်းပြီး
သော မြတ်သောအကျင့် ဗြဟ္မစရိယကို
ရှာမှီးခြင်းရှိသည်ဖြစ်၍ အလုံးစုံသော
ရှာမှီးခြင်းကို ကောင်းစွာ စွန့်လွှတ်ကာ
နေခြင်း။
၇။ အနာဝိလသင်္ကပ္ပတာ အရိယာဝါသော။
ကာမသင်္ကပ္ပ ကာမဂုဏ်အကြံ ဗျာပါဒ
သင်္ကပ္ပ သူတစ်ပါးကို ပျက်စီးစေလိုသော
အကြံ ဝိဟိံသာသင်္ကပ္ပ သူတစ်ပါးကို ညှင်း
ဆဲလိုသော အကြံတို့ကို ပယ်ပြီးသည်ဖြစ်
၍ မနောက်ကျုသော အကြံရှိကာ နေခြင်း။
၈။ ပဿဒ္ဓကာယသင်္ခါရတာ အရိယာဝါသော။
စတုတ္ထဈာန်သို့ ရောက်၍ နေခြင်းအားဖြင့်
ဝင်သက်ထွက်သက်ဟူသော ကာယသင်္ခါရ
ငြိမ်းပြီးသည်ဖြစ်၍ နေခြင်း။
၉။ သုဝိမုတ်တစိတ်တတာ အရိယာဝါသော။
ရာဂ ဒေါသ မောဟမှ လွတ်သော စိတ်ရှိ
သည်ဖြစ်၍ ကောင်းစွာ လွတ်မြောက်သော
စိတ်ရှိလျှက် နေခြင်း။
၁၀။ သုဝိမုတ္တပညတာ အရိယာဝါသော။
ရာဂ ဒေါသ မောဟကို အမြစ်ပြတ် ပယ်
အပ်ပြီဟု သိကာ ကိလေသာတို့မှ ကောင်း
စွာ လွတ်မြောက်သော ပညာရှိသည်ဖြစ်၍
နေခြင်း။
ဤတရားတို့သည် အတိတ် အနာဂတ်
ပစ္စုပ္ပန် ရဟန္တာပုဂ္ဂိုလ်ဟူသမျှ အရိယာတို့ နေ
မြဲဖြစ်သော အရိယာဝါသတရားများ ဖြစ်၏။
- အင်္ဂုတ္တိုရ်၊တ-၂၈၀၊ဒုတိယအရိယာဝါသသုတ်