ဒုလ္လဘတရား ဆယ်ပါး

အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် စိတ်နှလုံးကို ပွားစေတတ်ကုန်သော

၁။စည်းစိမ်ဥစ္စာ

၂။ကိုယ်အဆင်း

၃။အနာရောဂါကင်း ကျန်းမာခြင်း

၄။သီလ

၅။ဗြဟ္မစရိယ မြတ်သောအကျင့်

၆။မိတ်ဆွေ

၇။အကြားအမြင်များခြင်း

၈။ပညာ

၉။လောကုတ္တရာတရား ကိုးပါး

၁၀။နတ်ပြည်တို့ ဖြစ်၏။

ဒုလ္လဘတရား ထိုဆယ်ပါးကို ရနိုင်ခဲသည့် အကြောင်း အနှောက်အယှက်ပေးတတ်သော

တရားတို့ကား အစဥ်အတိုင်းအားဖြင့်

၁။ပျင်းရိခြင်း

၂။တန်ဆာမဆင် အတင့်အတယ် မပြုပြင်ခြင်း

၃။ကျန်းမာရေးနှင့် မသင့်လျော်သော အပြုအမူ

၄။မိတ်ဆွေယုတ်ရှိခြင်း

၅။မျက်စိစသော ဣန္ဒြေတို့ကို မစောင့်စည်းခြင်း

၆။စကားအရာ မတည်ချွတ်ယွင်း လှည့်စားခြင်း

၇။ရွတ်ဖတ်သရဇ္ဈာယ်မှု မပြုခြင်း

၈။မကြားနာလိုခြင်း မမေးမြန်းခြင်း

၉။မစိစစ် မဆင်ခြင်ခြင်း အားမထုတ်ခြင်း

၁၀။မှားယွင်းသော အကျင့်ကို ကျင့်ခြင်းတို့

 ဖြစ်၏။

ရနိုင်ခဲသော ထိုသဘောတရားတို့ကို

ရနိုင်ရန်မှာ အနှောက်အယှက်တရားတို့၏ ဆန့်ကျင်ဘက်အားဖြင့် ဖြည့်ကျင့်ရန်သာ ဖြစ်ပေ၏။၎င်းတို့ကား

၁။ထကြွ လုံ့လ ဝီရိယရှိခြင်း

၂။တန်ဆာဆင်ခြင်း အတင့်အတယ် ပြုပြင်ခြင်း

၃။ကျန်းမာရေးနှင့် သင့်လျော်သော အပြုအမူ

၄။မိတ်ကောင်း ဆွေကောင်းရှိခြင်း

၅။မျက်စိစသော ဣန္ဒြေတို့ကို စောင့်စည်းခြင်း

၆။စကားအရာ လှည့်ဖျားမှုကင်း မချွတ်ယွင်းစေခြင်း။

၇။သရဇ္ဈာယ်မှု ပြုခြင်း

၈။ကြားနာလိုခြင်း မေးမြန်းခြင်း

၉။စိစစ် ဆင်ခြင် လျှော်စွာ အားထုတ်ခြင်း

၁၀။မှန်ကန်သော အကျင့်ကို ကျင့်ခြင်းတို့ ဖြစ်၏။

  • အင်္ဂုတ္တိုရ်ပါဠိတော် တ-၃၆၄၊ဣဋ္ဌဓမ္မသုတ်