အောင်ရှစ်ချက်သစ္စာပန္နက်

ဇယစက္ကော ဇယန္တော ယော၊

ဇယိတ‌ဗ္ဗေ ဇယာသနေ၊

ဇယာပေသိ ဇယေသီနံ၊

ဇယံ ဒေတု ဇယုတ္တ‌ရော။

အနက် –

ယော ဇယစက္ကော = ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။

ဇယာသနေ = အောင်သိဒ္ဓိ ဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။

ဇယိတဗ္ဗေ = အောင်အပ်သည့်တရားမာရ်ငါးပါး အပေါင်းတို့ကို။

ဇယန္တော = အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍  အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။

ဇယေသီနံ =မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်,ဖိုလ်ကို များထိုထို ဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား။

ဇယာပေသိ = ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူး၍ ထွတ်အငူ အမြိုက်ဓာတ် သို့ ဆိုက်ကပ်တော်မူစေပြီး၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော = အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။

သော ဇယစက္ကော = အလုံးစုံ အောင်ခြင်းနှင့် ပြည်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်

မြတ်ကြီးသည်။

မေ = မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ တပည့်တော်အား။

ဇယံ = အောင်ခြင်းကို (ဝါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိပန်းခိုင်ကြီးကို။

ဒေတု = ပေးသနားတော်မူပါ့ အရှင်မြတ်ဘုရား။