ဘုရားအလောင်းတော် အကိတ္တိရသေ့၏ ဂုဏ်

၁။   များစွာသော စည်းစိမ်ဥစ္စာအစု များစွာသော ဆွေမျိုးအသိုင်းအဝိုင်းကို ပယ်စွန့်၍ မြတ်သော တောထွက်တော်မူခြင်းနှင့် တူသော အိမ်မှ ထွက်ခွာခြင်းဂုဏ်။

၂။   ရသေ့ရဟန်းပြုပြီးသောအခါ အလွန် အလိုနည်းသည်၏ အဖြစ်ဖြင့် အမျိုးတို့၌လည်းကောင်း အတုလိုက်ကာ ရသေုရဟန်းပြုကြသူတို့၌ ငြိကပ်မှု ကင်းခြင်းဂုဏ်။

၃။    အမြဲမပြတ် လာဘ်သပ်ပကာ အကျော်အစော၌ စက်ဆုပ်ခြင်းဂုဏ်။

၄။   ဆိတ်ငြိမ်ရာ၌ မွေ့လျော်ခြင်းဂုဏ်။

၅။   ကိုယ် အသက်၌ ငဲ့ကွက်မှုကင်း စွန့်လွှတ်ခြင်းဂုဏ်။

၆။   အစာအာဟာရ မမှီဝဲဘဲ သုံးရက်တိုင် ဒါနကြောင့် ဖြစ်သော ပီတိဖြင့် လွန်စွာ နှစ်သက်ကာ ဖောက်ပြန်မှုကင်းစွာ ခန္ဓာကိုယ်၏ မျှတခြင်းအာနုဘော်။

၇။တစ်လ နှစ်လမျှ ကာလပတ်လုံး အလှူခံပုဂ္ဂိုလ် ရှိလတ်သော် အာဟာရကို ထို့အတူ ပေးလှူ၍ “ဒါနကြောင့် ဖြစ်သော ပီတိသုခဖြင့် ခန္ဓာကိုယ်ကို မျှတစေအံ့” ဟု စွန်းကြဲ ပေးကမ်း လှူဒါန်းခြင်း၌ မဆုတ်မနစ် ကျင့်ခြင်းကို ပြီးစေတတ်သော မွန်မြတ်သော ပေးလှူလိုသော စိတ်ဖြစ်ခြင်းဂုဏ် အာနုဘော်။

၈။   ပေးလှူပြီး၍ တစ်ဖန် အစာအာဟာရ ရှာဖွေမှုကို မပြုခြင်း၏ အကြောင်းဖြစ်သော မြတ်သော ခေါင်းပါးစွာ ကျင့်ခြင်းဂုဏ် စသည်တို့ ဖြစ်၏။

စရိယာပိဋကဋ္ဌကထာ- ၂၈။